တောဝိရွာသစ်ရွာ၊ ညောင်လေးပင်မြို့နယ်
| တောဝိရွာသစ် | |
|---|---|
| ရွာ | |
| တောဝိရွာသစ်ရွာ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 18°00′59″N 96°42′30″E / 18.0162506103516°N 96.7084121704102°Eကိုဩဒိနိတ်: 18°00′59″N 96°42′30″E / 18.0162506103516°N 96.7084121704102°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ပဲခူးခရိုင် |
| မြို့နယ် | ညောင်လေးပင်မြို့နယ် |
| ကျေးရွာအုပ်စု | တော်ဝိ |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
တောဝိရွာသစ်ရွာ (အင်္ဂလိပ်: Tawwiywarthit)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၉၅၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တော်ဝိကျေးရွာအုပ်စုတွင် ကျား ၁၅၄၁ ဦး၊ မ ၁၉၀၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၄၄၂ ဦးနေထိုင်သည်။ [၁]
မွန်အမည် တဝ်ဝိ (အသံထွက် တော်ဝိ)မှ ဆင်းသက်လာပြီး တော်မှာ ကုန်းကမူ၊ ဝိမှာ ရေသဖန်းပင် ဖြစ်ရာ ရေသဖန်းပင်ကုန်းဟု အဓိပ္ပာယ်ရသည်။ ညောင်လေးပင်မြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိကာ ရန်ကုန်မန္တလေးမီးရထားလမ်းသည် တော်ဝိရွာကို ဖြတ်သန်းသည်။ မီးရထားဌာနမှတ်တမ်းများအရ နိုင်ငံတွင် ပထမဆုံးသော မီးရထားချင်းတိုက်မှု မှာ ပိန်းဇလုပ်နှင့် တော်ဝိ ဘူတာအကြား ဖြစ်ပွားခဲ့သည်။ တော်ဝိရွာ အနောက်တောင်ဘက်တွင် ဟံသာဝတီ ၃၂ မြို့အဝင် မင်းရဲလှ မြို့ဟောင်း တည်ရှိသည်။[၂] တော်ဝိရွာတွင် ရပ်ကွက်ကြီး ၆ ခု ရှိပြီး ရက်ကွက်များမှာ ရွာမရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊ ရွာသစ် ၁ရက်ကွက်၊ ရွာသစ်၂ ရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ကြံတောပိုင်း(ပြည်တော်အေး)ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက် တို့ဖြစ်သည်။
ထို့အပြင် စစ်ကုလားတန်း၊ ဘိုးဘိုးပိုင်း၊ အညာစု၊ ဂုဏ်မေကြည်ရပ်ကွက် ဟူ၍ ရပ်ကွက်ငယ် ၄ ခုလည်းရှိသည်။
ရွာအတွင်းရှိ့ဘုန်းကြီးကျောင်းများမှာ (၁)ဓမ္မမေဒိနီကျောင်း (၂)ကျောင်းကြီးကျောင်း (၃) (မဟာစည်)ဝေဇယန္တာဓမ္မရိပ်သာကျောင်း (၄) မစိုးရိမ်ကျောင်း (၅) ဘုရားကြီးကျောင်း (၆) တဝဂူကျောင်း တို့ဖြစ်သည်။ ထို့အပြင်တော်ဝိရွာ ၏အနောက် တောင်ဘက် မင်းရဲလှခေါ် ရဲမွန်လှ မြို့ဟောင်းနေရာတွင် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ် ၃၀၃ တည်ရှိရာ မိုးကုတ်ဓမ္မရိပ်သာကျောင်း တည်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၈၃။
| ဤ ပဲခူးတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |