အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ

ဝီကီပီးဒီးယား မှ
(ကာကွယ်ရေးပစ္စည်းစက်ရုံ(၁၂) မှ ပြန်ညွှန်းထားသည်)
အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ
ကပစ(၁၂)
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်ဖွဲ့တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်ဖွဲ့
အခန်းကဏ္ဍပစ္စည်းထုတ်လုပ်ရေး
တပ်
အရွယ်အစား
ကာကွယ်ရေးပစ္စည်းစက်ရုံ
အစိတ်အပိုင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး
တပ်ဌာနချုပ်သရက်မြို့နယ်မကွေးတိုင်းဒေသကြီး
အုပ်ချုပ်သူများ
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း
တပ်မှူးဗိုလ်မှူးကြီး

အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (အတိုကောက်: ကပစ(၁၂)) သည် မကွေးတိုင်းဒေသကြီးသရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် ၃ မိုင်ကျော်တွင်တည် ရှိသည်။ စက်ရုံကို ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံအမှတ် ကဖ-၂၆-က-၉၇ ဖြင့် ဖွဲ့စည်းပုံ အင်အား (၁၄၄၅) ဦး လျာထားရာ လက်ရှိအင်အား (၄၀၀) ကျော် ရှိသည်။ ထုတ်လုပ်မှု လုပ်ငန်းများမှာ 120mm, 60mm, 105mm, 81mm ကျည်များ ထုတ်လုပ်သည်။ မြေဧက (၁၆၀၀၀) ကျော်ရှိပြီး အပိုင်း ၂ ပိုင်းခွဲ၍ နိုင်ငံ ၂ နိုင်ငံ၏အကူအညီဖြင့် တည်ဆောက် တပ်ဆင် ထုတ်လုပ်လျက်ရှိသည်။

ပထမပိုင်းကို တောင်ကိုရီးယားနိုင်ငံ ဒေဝူးကုမ္ပဏီမှ ကျည်ဆန်ကိုယ်ထည်၊ နောက်မြီး ဒလက်များကို တပ်ဆင် ထုတ်လုပ်ပြီး၊ ဒုတိယအပိုင်းကို ၎င်းကျည်ဆန်များ၏ အတွင်းပိုင်း အစပျိုးယမ်းနှင့် ခွင်းယမ်းများကို ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ စက်များဝယ်ယူပြီး ၎င်းနိုင်ငံမှ ပညာရှင်များဖြင့် တည်ဆောက်ခဲ့သည်။[မှတ်စု ၁]

၎င်းကျည်ထုတ်လုပ်သည့်စက်များမှာ ခေတ်မှီ အီလက်ထရွန်နစ်ထိန်း ကိရိယာများ တပ်ဆင် အသုံးပြုထားသဖြင့် ကပစ(၃) ထက်အဆပေါင်းများစွာ ထုတ်လုပ်နိုင်သည်။

မှတ်စု[ပြင်ဆင်ရန်]

  1. ချက်ကိုစလိုဗေးကီးယားနိုင်ငံမှ လက်နက်၊ ကျည်ဆန်လုပ် ဆက်စပ်ပစ္စည်းများ တင်ပို့နေမှုမှာ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် မသတ်မှတ်မီကာလက ပေးပို့ထားခြင်း ဖြစ်သည်။ နေတိုး အဖွဲ့ဝင် အဖြစ် သတ်မှတ်သည့် ကာလမှ ယနေ့အထိ ၎င်းဆက်စပ်ပစ္စည်းများ ပေးပို့နိုင်ခြင်း မရှိတော့ပါ။

ကိုးကား[ပြင်ဆင်ရန်]