ရန်ကုန်နည်းပညာတက္ကသိုလ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရန်ကုန်နည်းပညာတက္ကသိုလ်
Yangon Technological University
စက်မှုတတ်မျိုး ပြည့်အကျိုး
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၂၄
ပါမောက္ခချုပ် ဒေါက်တာ မြမြဦး[၁]
ဝန်ထမ်းပေါင်း ၁၈၄ (၂၀၁၁) ယောက်
သင်ပြသူ
၂၀ / ၃၀
ဘွဲ့ကြို ၅၀၀၀ ယောက်
ဘွဲ့လွန် ၃၂၉ (၂၀၀၇)[၁] ယောက်
တည်နေရာ အင်းစိန်ရန်ကုန်မြို့
ရန်ကုန်တိုင်းမြန်မာနိုင်ငံ
အမျိုးအစား အများသူငါနှင့်ဆိုင်သော
အကျယ်အဝန်း ၁၃၈.၅ ဧက
ပိုင်ဆိုင်မှု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
ဆက်သွယ်ရန် ရန်ကုန်-အင်းစိန်လမ်း၊ ၁၁၁၀၁၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်း၊ မြန်မာနိုင်ငံ
ဖုန်း- ၀၁ ၀၀၁ ၀၀၁
အီးမေလ်- ytu001@mptmail.net.mm
ဝဘ်ဆိုတ် http://www.ytu.edu.mm/


ရန်ကုန် နည်းပညာ တက္ကသိုလ် (Yangon Technological University - YTU) သည် ရန်ကုန်တိုင်း ကြို့ကုန်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ ၏ ပထမဆုံး အင်ဂျင်နီယာ တက္ကသိုလ်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာဌာနခွဲအဖြစ် ၁၉၂၄ ခုနှစ်[၂] တွင် စတင် အခြေပြုခဲ့ရာမှ ရန်ကုန်အင်ဂျင်နီယာတက္ကသိုလ် (Rangoon Institute of Technology - RIT) တစ်ဖြစ်လဲ YTU အဖြစ် လူသိများ ထင်ရှားလာခဲ့သည်။ ၎င်းတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ အစောဆုံးနှင့် အထင်ရှားဆုံး နည်းပညာတက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ နည်းပညာ တက္ကသိုလ်များအနက် လက်ရွေးစင် နည်းပညာ တက္ကသိုလ် တစ်ခုလည်းဖြစ်သည်။ ၎င်းတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာ ဘွဲ့လွန် နှင့် ဒေါက်တာဘွဲ့ သင်တန်းများအား အင်ဂျင်နီယာ နည်းပညာနယ်ပယ် အသီးသီးအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး နယ်ပယ်အသီးသီး၌ ပျမ်းမျှခန့်မှန်း ကျောင်းသား/ကျောင်းသူ အရေအတွက် အယောက် ၈၀၀၀ ခန့်တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်သည် အာဆီယံတက္ကသိုလ်များကွန်ယက်၊ အရှေ့တောင်အာရှအင်ဂျင်နီယာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(AUN/SEED-Net) နှင့် မဲခေါင်ဒေသ ပညာရေးနှင့် သုတေသန ကွန်ယက် (GMSARN)[၁] တို့၏ အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရန်ကုန်နည်းပညာတက္ကသိုလ်

ရန်ကုန် နည်းပညာ တက္ကသိုလ်ပေါက်ဖွားရာ မူလအရင်းအမြစ်မှာ ဗြိတိသျှကိုလိုနီ လက်အောက်ခံ ဘဝ ၁၉၂၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာဌာနခွဲ မှ စတင်ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ မူလအစတွင် ၎င်းဌာနခွဲမှာ ရန်ကုန်မြို့ဆင်ခြေဖုံးရှိ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး၏ အဆောင်ခွဲအဖြစ်တည်ရှိခဲ့ပြီး ဆရာနှစ်ယောက်၊ ကျောင်းသား ၁၇ ဦးဖြင့် စတင်လည်ပတ်ခဲ့ပါသည်။[၂] ၁၉၂၇ ခုနှစ်တွင် ဘီအိုစီ ဓာတ်သတ္ထုရှာဖွေရေးနှင့် အင်ဂျင်နီယာကောလိပ် အဆောက်အအုံ အမည်ဖြင့် သီးခြားခွဲထွက်လာခဲ့ပြီး စက်မှုအင်ဂျင်နီယာ ဘာသာရပ်နှင့် လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ် ထပ်မံပေါင်းစပ်သည့် ၁၉၃၈ ခုနှစ် ထိ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်တစ်ခုတည်းသာ သင်ကြားပေးနိုင်ခဲ့သည်။[၁][၂]

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်၌ ကောလိပ်မှ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာ မဟာဌာန အဖြစ် ရပ်တည်ခဲ့သည်။ ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၅၄ ခုနှစ်တွင် ကောလိပ်၌ ဓာတ်သတ္ထုရှာဖွေရေး၊ ဓာတုနည်းပညာ၊ သတ္ထုဗေဒပညာရပ်နှင့် ဗိသုကာပညာရပ်များအား ထပ်မံဖြည့်သွင်း သင်ကြားခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ချည်မျှင်နှင့်အထည်အလိပ် အင်ဂျင်နီယာပညာရပ်ကိုပါ ထပ်မံပေါင်းစည်းသင်ကြားနိုင်ခဲ့ပါသည်။

၁၉၆၁ ခုနှစ်တွင် ကောလိပ်အဆင့်မှ ရန်ကုန်တက္ကသိုလ်ဗမာ့ အင်ဂျင်နီယာ တက္ကသိုလ် (ဘီအိုင်တီ) အဖြစ် ပြောင်းလဲခဲ့ပြီး ရုရှားနိုင်ငံမှ တည်ဆောက်ပေးခဲ့သည့် လက်ရှိတည်ရာ ကြို့ကုန်းသို့ ပြောင်းရွှေ့ခဲ့ပါသည်။[၂] ၁၉၆၄ ခုနှစ်တွင် ဗမာ့ အင်ဂျင်နီယာ တက္ကသိုလ်အမည်မှ ရန်ကုန် အင်ဂျင်နီယာ တက္ကသိုလ် (RIT)အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ပညာရေးဝန်ကြီးဌာန လက်အောက်မှ ကင်းလွတ်၍ သီးခြားရပ်တည်သော တက္ကသိုလ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပါသည်။ [၁][၃] ရန်ကုန် အင်ဂျင်နီယာ တက္ကသိုလ် (RIT) အဖြစ် ရပ်တည်ခဲ့ပြီးနောက်ပိုင်း ယခင်က အပ်နှင်းခဲ့သည့် သိပ္ပံဘွဲ့ ( အင်ဂျင်နီယာ ) နှင့် မဟာသိပ္ပံဘွဲ့ ( အင်ဂျင်နီယာ) အစား အင်ဂျင်နီယာဘွဲ့နှင့် မဟာအင်ဂျင်နီယာဘွဲ့ဟူ၍ ဘွဲ့အမည်များ ပြောင်းလဲအပ်နှင်း ခဲ့ပါသည်။ တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့နှင့် မဟာအင်ဂျင်နီယာဘွဲ့များအား ပညာရပ်နယ်ပယ် ၁၁ ခုအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး ဒေါက်တာဘွဲ့သင်တန်းများအား ၁၉၉၇ ခုနှစ်၌ ထပ်မံဖြည့်သွင်း ဖွင့်လှစ်ခဲ့ပါသည်။

၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန် အင်ဂျင်နီယာ တက္ကသိုလ် (YIT) အဖြစ်ပြောင်းလဲခဲ့ပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာလက်အောက်သို့ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထားရှိခဲ့ပါသည်။ [၁] ၁၉၉၈ ခုနှစ်တွင် တက္ကသိုလ်၏ အမည်အား ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) အဖြစ်ထပ်မံပြောင်းလဲခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကျောင်းပရဝုဏ်အား လက်ရှိတည်နေရာ ကြို့ကုန်းမှ အနောက်ဘက် ခြောက်မိုင်အကွာ a လှိုင်သာယာ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။[၂] ၁၉၉၁ ခုနှစ် မန္တလေးနည်းပညာတက္ကသိုလ် ဖွင့်လှစ်ခဲ့သည့် အချိန်မတိုင်မီအထိ ရန်ကုန်နည်းပညာတက္ကသိုလ်သည် အင်ဂျင်နီယာဒီပလိုမာလက်မှတ် အတွက် နှစ်နှစ်တာ သင်ကြားရသော နိုင်ငံတစ်ဝှမ်းရှိ အစိုးရနည်းပညာ ကောလိပ် (GTIs) များကြားမှ တစ်ကျောင်းတည်းသော အင်ဂျင်နီယာ တက္ကသိုလ်အဖြစ် တည်ရှိခဲ့ ပါသည်။

အခြားသော နည်းပညာတက္ကသိုလ်များ နိုင်ငံနှင့်အဝှမ်း အမြောက်အများ ပေါ်ထွက်လာခဲ့သော်လည်း ရန်ကုန်နည်းပညာတက္ကသိုလ် မှာ မြန်မာနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် တစ်ခုအဖြစ် ယနေ့ထက်တိုင် ရပ်တည်နိုင်ဆဲ ဖြစ်ပါသည်။

ရည်ရွယ်ချက်[ပြင်​ဆင်​ရန်​]

ရန်ကုန်နည်းပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ အောက်ဖော်ပြပါ အချက်ကြီးများ ကြောင့် ဖြစ်သည်။

  • ခေတ်မှီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတစ်ခုတည်ဆောက်ရာတွင် ထိရောက်သောပံ့ပိုးမှု ဆောင်ရွက်နိုင်စေရန်
  • မြင့်မားပြည့်ဝသော ပညာရေးအဆင့်အတန်း ရရှိနိုင်စေရန်
  • ပြဿနာရပ်များအပေါ်တွင် ကျိုးကြောင်းဆပ်စပ် ချဉ်းကပ်စဉ်းစားနိုင်စေရန်နှင့် စနစ်ကျနစွာ ဖြေရှင်းတတ်စေရန်
  • လူ့ပတ်ဝန်းကျင်နှင့် လူသားမျိုးနွယ်စု၏ ကောင်းကျိုးအတွက် မှန်ကန်သောစိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ ရရှိစေရန်
  • ကျွမ်းကျင်ထက်မြတ်၍ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပြည်သူ့အကျိုးကို အစဉ်ရှေ့ရှုသော အင်ဂျင်နီယာကောင်းများ ပေါ်ထွန်းလာစေရန်။

သင်ကြားမှုစနစ်[ပြင်​ဆင်​ရန်​]

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဌာနခွဲပေါင်း ၁၈ ခုရှိပြီး ၎င်းဌာနများ၏ အမည်များမှာ - မြို့ပြအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊ သတင်းအချက်အလက် နည်းပညာ အင်ဂျင်နီယာဌာန၊ စက်မှုလျှပ်စစ် အင်ဂျင်နီယာဌာန၊ ဓာတုအင်ဂျင်နီယာဌာန၊ ချည်မျှင်နှင့် အထည်အလိပ် အင်ဂျင်နီယာဌာန၊ ဓာတ်သတ္ထုတူးဖော်ရေး အင်ဂျင်နီယာဌာန၊ ရေနံအင်ဂျင်နီယာဌာန၊ သတ္ထုဗေဒ အင်ဂျင်နီယာဌာန၊ ဇီဝနည်းပညာ အင်ဂျင်နီယာဌာန၊ ဗိသုကာဌာန၊ ဘူမိဗေဒ အင်ဂျင်နီယာဌာန၊ ရူပဗေဒ အင်ဂျင်နီယာဌာန၊ ဓာတုဗေဒ အင်ဂျင်နီယာဌာန၊ သင်္ချာ အင်ဂျင်နီယာဌာန နှင့် ဘာသာစကားဌာနများ ဖြစ်ကြပါသည်။[၁]

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အချိန်ပြည့် အင်ဂျင်နီယာ သင်တန်းများ တက်ရောက်သင်ကြားနေသော ကျောင်းသားများ ရှိသကဲ့သို့ တက္ကသိုလ်မှ ဖွင့်လှစ်သင်ကြားသော အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ သင်တန်းများသို့ အချိန်ပိုင်းအလိုက် တက်ရောက်သင်ကြားနေသောကျောင်းသား ၂၀၀၀ ကျော်လည်း ရှိပါသည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ကျောင်းသားပေါင်း ၁၁၀၀၀ ခန့် အင်ဂျင်နီယာဘွဲ့ အသီးသီး ရရှိခဲ့ကြပြီး ၎င်းတို့ထဲမှ ၅၀% ကျော်မှာ အင်ဂျင်နီယာဘွဲ့အဖြစ်လည်းကောင်း၊ ၁၀% မှာ ဘွဲ့လွန် အင်ဂျင်နီယာ အဖြစ်ဖြင့် လည်းကောင်း၊ ၄.၅%မှာ ဘွဲ့လွန်ဒီပလိုမာ အဖြစ်ဖြင့်လည်းကောင်း၊ ၃၂.၅% မှာ ဘွဲ့ကြိုဒီပလိုမာ အဖြစ်ဖြင့်လည်းကောင်း၊ ၂.၄%မှာ ဒေါက်တာဘွဲ့ အဖြစ်ဖြင့်လည်းကောင်း အသီးသီး တက်ရောက် ရရှိခဲ့ကြပါသည်။[၃]

အင်ဂျင်နီယာ နည်းပညာ[ပြင်​ဆင်​ရန်​]

တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ (ဘီ.အီး) နှင့် ဗိသုကာဘွဲ့ (ဘီ.အာ့ခ်ျ) အတွက် ကနဦးတွင် ခြောက်နှစ်တာ ကာလ တက်ရောက် သင်ကြားရသော်လည်း နောက်ပိုင်းကာလတွင် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များ အားလုံး သင်ရိုးညှိနှိုင်း၍ ငါးနှစ်တာကာလသင်ရိုး အဖြစ်သို့ ကူးပြောင်းခဲ့သည်။ မဟာအင်ဂျင်နီယာတန်း ( အမ်.အီး) နှင့် (အမ်.အာ့ခ်ျ) အတွက် တက်ရောက်ခွင့် ရသူများသည် နှစ်နှစ်တာ ဆက်လက် သင်ယူကြရပြီး ဒေါက်တာဘွဲ့ သင်တန်း တက်ရောက်ရန် ၃ နှစ်မှ ၏ ၅ နှစ်တာ ကာလအတွင်းကြာမြင့်ပါသည်။[၃] တက္ကသိုလ်ဝင်ခွင့်အနေဖြင့် နှစ်အလိုက် အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်သူများထဲမှ သတ်မှတ်ရမှတ် ပြည့်မှီသူများ လျှောက်ထားနိုင်ပြီး တက်ရောက်ရသူများမှာ နှစ်နှစ်တာကာလ ဘုံဘာသာရပ်များအား သင်ကြားပြီးနောက် တတိယနှစ်တွင် မိမိနှစ်သက်ရာ အထူးပြုဘာသာရပ်များသို့ ဆက်လက် တက်ရောက် သင်ကြားရပါသည်။

သင်ရိုး ဘွဲ့ကြို ဘွဲ့လွန် ဒေါက်တာ
လေကြောင်းအင်ဂျင်နီယာ ဘီ.အီး အမ်.အီး မရှိ
ဗိသုကာ ဘီ.အာ့ချ် အမ်.အာ့ချ် ပီအိတ်ချ်ဒီ
မြို့ပြ အင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
ဓာတုအင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
လျှပ်စစ် အင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
အီလက်ထရောနစ် အင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
သတင်းအချက်အလက် နည်းပညာ အင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
စက်မှု အင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
စက်မှုလျှပ်စစ် အင်ဂျင်နီယာ ဘီ.အီး အမ်.အီး မရှိ
သတ္ထုဗေဒ အင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
ဓာတ်သတ္ထုတူးဖော်ရေး အင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
နူးကလိယား အင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
ရေနံ အင်ဂျင်နီယာ ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ
[[ချည်မျှင်နှင့် အထည်အလိပ် အင်ဂျင်နီယာ]] ဘီ.အီး အမ်.အီး ပီအိတ်ချ်ဒီ

ဘွဲ့လွန်သင်တန်း[ပြင်​ဆင်​ရန်​]

၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် တက္ကသိုလ်၌ တက်ရောက် ပညာသင်ကြားနေသော ဘွဲ့ကြိုကျောင်းသား ၃၂၂ ယောက်ရှိပါသည်။[၁]

သင်ရိုး ဘွဲ့ကြို ဘွဲ့လွန် ဒေါက်တာ
ရေကြောင်းနည်းပညာ ရှိ ရှိ မရှိ
ဇီဝနည်းပညာ ရှိ ရှိ ရှိ
စီးပွားရေး စီမံခန့်ခွဲမှု နည်းပညာ ရှိ ရှိ မရှိ
ဓာတုဗေဒ အင်ဂျင်နီယာ မရှိ ရှိ ရှိ
ဘူမိဗေဒ အင်ဂျင်နီယာ ရှိ ရှိ ရှိ
သင်္ချာ အင်ဂျင်နီယာ မရှိ ရှိ ရှိ
ရူပဗေဒ အင်ဂျင်နီယာ (အီလက်ထရောနစ်) မရှိ ရှိ ရှိ
အင်္ဂလိပ်စာ ရှိ ရှိ မရှိ
သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာ ရှိ ရှိ မရှိ
သဘာဝပတ်ဝန်းကျင် စီမံကိန်းနှင့် စီမံခန့်ခွဲမှု ရှိ ရှိ မရှိ
အစားအသောက် နည်းပညာ ရှိ ရှိ မရှိ
နူးကလီးယား နည်းပညာ ရှိ ရှိ ရှိ
အခြေပြု စီမံကိန်းနှင့် ပုံစံရေးဆွဲရေး ရှိ ရှိ မရှိ

ဘွဲ့ကြိုဒီပလိုမာ[ပြင်​ဆင်​ရန်​]

ရန်ကုန်နည်းပညာတက္ကသိုလ် မှ တစ်နှစ်တာ ဖွင့်လှစ်သင်ကြားပေးနေသည့် အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများလည်း ရှိနေပြီး ၎င်းတို့မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။[၃]

  • လေကြောင်းပညာ
  • ဗိသုကာပုံစံနှင့် စီစဉ်ရေးဆွဲမှု
  • မြို့ပြ
  • ဓာတု
  • လျှပ်စစ်စွမ်းအား
  • အီလက်ထရောနစ်
  • ဆက်သွယ်ရေးနည်းပညာ
  • စက်မှု
  • သတ္ထုဗေဒ
  • ဓာတ်သတ္ထု
  • ဓာတ်သတ္ထုတူးဖော်ရေး
  • ရေနံ
  • ချည်မျှင်နှင့် အထည်အလိပ်

ကျောင်းပရဝုဏ်[ပြင်​ဆင်​ရန်​]

ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းပရဝုဏ်

တက္ကသိုလ်၏ ပင်မအဆောက်အအုံ ပရဝုဏ်သည် ကြို့ကုန်းတွင် တည်ရှိပြီး၊ ပရဝုဏ်အသေးမှာ ၎င်းမှ အနောက်ဘက် ခြောက်မိုင်အကွာ လှိုင်သာယာတွင် တည်ရှိပါသည်။

ပင်မအဆောက်အအုံ ပရဝုဏ်အား ၁၉၅၈ ခုနှစ်နှင့် ၁၉၆၁ ခုနှစ်အတွင်း ရုရှားနိုင်ငံမှ တည်ဆောက်ပေးခဲ့ပြီး ပင်မအဆောက်အအုံ ( ၈ ) ခုနှင့် ၎င်းတို့အား အမိုးပါ လျှောက်လမ်းများဖြင့် သွယ်ဆက်ပေးထားပါသည်။ ပင်မဆောင်နှင့် စီမံကွပ်ကဲမှုဌာနသည် ပင်မဆောင်(၁)တွင် တည်ရှိပြီး အဆောင်အမှတ် (၅-၈) မှာ ဗိသုကာကျောင်းနှင့် စမ်းသပ်အလုပ်ရုံဆောင်များ ဖြစ်ပါသည်။ စာကြည့်တိုက်မှာ ပင်မဆောင်(၁)တွင် တည်ရှိပါသည်။ ကျောင်းပရဝုဏ်အတွင်း၌ အားကစားခန်းမ၊ ဘောလုံးကွင်း၊ အမိုးဖွင့် ကျောင်း စားသောက်ဆိုင်၊ စားသောက်ဆိုင်နှင့် ကားရပ်နားရန် နေရာများလည်း ပါရှိပါသည်။ ကျောင်းသားများအဆောင်မှာ ကျောင်းပရဝုဏ်၏ အနောက်ဘက်အရပ်တွင် တည်ရှိပြီး၊ (အေ မှ ဂျီ) စုစုပေါင်း ၇ ဆောင်တည်ရှိခဲ့ရာမှာ ယခုအခါ ၎င်းတို့အား စာသင်ဆောင်များ အဖြစ်သို့ ဖန်တီးထားရှိခဲ့ပါသည်။

ရပ်တည်မှုနှင့် ကျောင်းသားဟောင်းများ[ပြင်​ဆင်​ရန်​]

ပါမောက္ခချုပ်များ[ပြင်​ဆင်​ရန်​]

ပါမောက္ခချုပ်များ ကာလ မှတ်ချက်
ပရော်ဖက်ဆာ ဘလီ ၁၉၅၀ - ၁၉၅၈
ပရော်ဖက်ဆာ ယုံမိုး ၁၉၆၂ - ၁၉၇၁
ပရော်ဖက်ဆာ အောင်ကြီး ၁၉၇၁ - ၁၉၇၇
ပရော်ဖက်ဆာ ခင်အောင်ကြည် ၁၉၇၇ - ၁၉၈၈
ပရော်ဖက်ဆာ မောင်မောင်သန်း ၁၉၈၈ - ၁၉၉၂
ပရော်ဖက်ဆာ အောင်သန်း ၁၉၉၂ - ၁၉၉၃
ပရော်ဖက်ဆာ ကြည်စိုး ၁၉၉၃ - ၁၉၉၇ မဟာဘွဲ့ စက်မှု အင်ဂျင်နီယာ
ပရော်ဖက်ဆာ ညီလှငယ် ၁၉၉၇ - ၂၀၀၀ ယခင် မြို့ပြအင်ဂျင်နီယာ ဌာနမှုး
ဒေါက်တာ ဖေဝင်း ၂၀၀၀ - ၂၀၀၃ ယခင် ဒြပ်ဝတ္ထုသိပ္ပံနှင့် သတ္ထုဗေဒ အင်ဂျင်နီယာ ဌာနမှုး
ဒေါက်တာ လှသန်း ၂၀၀၃ - ၂၀၀၅
ဒေါက်တာ မြမြဦး ၂၀၀၅ - ၂၀၀၆
ဒေါက်တာ ခင်မောင်အေး ၂၀၀၆ - မသိ ရန်ကုန်တက္ကသိုလ် သို့ပြောင်းရွှေ့ ထိုမှတစ်ဆင့် ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်သို့ ပြောင်းရွှေ့ ၊ ထိုမှ နည်းပညာတက္ကသိုလ် မှော်ဘီ ၂၀၁၀ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် ပြောင်းရွှေ့
ဒေါက်တာ မြမြဦး ၂၀၀၈ မှ ယခုထိ[၁]

ကျောင်းသားဟောင်းများ[ပြင်​ဆင်​ရန်​]

ရန်ကုန်နည်းပညာတက္ကသိုလ်သည် ၁၉၉၁ ခုနှစ်ထိ တစ်ခုတည်းသော စီနီယာ တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီနီယာ အင်ဂျင်နီယာအများစုမှာလည်း ရန်ကုန်နည်းပညာတက္ကသိုလ် - RIT/YTU ဆင်းများသာ ဖြစ်ကြပါသည်။ အင်ဂျင်နီယာ ကျောင်းသားဟောင်း အများစုမှာ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဘွဲ့လွန့်ပညာရပ်များ ဆည်းပူးနိုင်ရန်အတွက် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေကြပြီး အထူးသဖြင့် စင်ကာပူနိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့တွင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြင့် ရပ်တည်နေထိုင်ကြသည်ဟု ယုံကြည်ကြပါသည်။

လက်ရှိရပ်တည်မှုအနေအထား[ပြင်​ဆင်​ရန်​]

လက်ရှိတက်ရောက်နေသော ကျောင်းသားအရေအတွက်[ပြင်​ဆင်​ရန်​]

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် လက်ရှိ (၂၀၁၁) ခုနှစ်ထိ တက်ရောက်နေသော ကျောင်းသား အရေအတွက်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

အမျိုးအစား ကျောင်းသားအရေအတွက်
နယ်ပယ်အသီးသီးမှ အင်ဂျင်နီယာဒေါက်တာဘွဲ့အတွက် တက်ရောက်သူ ၅၈
နယ်ပယ်အသီးသီးမှ အသုံးချသိပ္ပံ ဒေါက်တာဘွဲ့အတွက် တက်ရောက်သူ ၆၂
နယ်ပယ်အသီးသီးမှ ဘွဲ့လွန်အင်ဂျင်နီယာအတွက် တက်ရောက်သူ ၉၃
စုစုပေါင်း ၂၁၃

ဘွဲ့ရကျောင်းသား/ကျောင်းသူအရေအတွက်[ပြင်​ဆင်​ရန်​]

ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ၁၉၂၇ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်ကြား အင်ဂျင်နီယာဘွဲ့ အပ်နှင်းနိုင်ခဲ့သူများ အရေအတွက်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

အမျိုးအစား ကျောင်းသားအရေအတွက်
နယ်ပယ်အသီးသီးမှ အင်ဂျင်နီယာဘွဲ့ ရရှိပြီးသူ ၁၆၉၆၇
နယ်ပယ်အသီးသီးမှ မဟာအင်ဂျင်နီယာဘွဲ့ ရရှိပြီးသူ ၆၀
နယ်ပယ်အသီးသီးမှ ဒဿနိကမဟာဘွဲ့ ရရှိပြီးသူ ၂၇
နယ်ပယ်အသီးသီးမှ ဘွဲ့ကြို ဒီပလိုမာ ရရှိပြီးသူ ၂၉၂
စုစုပေါင်း ၁၇၃၄၆

ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ၁၉၉၇ ခုနှစ်မှ ယခုထိ အင်ဂျင်နီယာဘွဲ့ အပ်နှင်းနိုင်ခဲ့သူများ အရေအတွက်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

အမျိုးအစား ကျောင်းသားအရေအတွက်
နယ်ပယ်အသီးသီးမှ အင်ဂျင်နီယာဘွဲ့ (ဘီ.အီး) ရရှိပြီးသူ ၄၅၉၂
နယ်ပယ်အသီးသီးမှ ဇီဝနည်းပညာဘွဲ့ (ဘီ.အက်စ်) ရရှိပြီးသူ ၂၃၈
နယ်ပယ်အသီးသီးမှ မဟာအင်ဂျင်နီယာဘွဲ့ (အမ်.အီး) ရရှိပြီးသူ ၁၄၈၅
နယ်ပယ်အသီးသီးမှ ဒဿနိကမဟာဘွဲ့ (အမ်.ဖေးလ်) ရရှိပြီးသူ ၁၆
နယ်ပယ်အသီးသီးမှ အသုံးချသိပ္ပံဘွဲ့ (အမ်.အက်စ်) ရရှိပြီးသူ ၆၆၄
နယ်ပယ်အသီးသီးမှ ဘွဲ့ကြိုဒီပလိုမာ ရရှိပြီးသူ ၈၃၉
နယ်ပယ်အသီးသီးမှ အချိန်ပိုင်းကျောင်းသား (အင်ဂျင်နီယာဒီပလိုမာလက်မှတ်) ရရှိပြီးသူ ၃၅၄၁
နယ်ပယ်အသီးသီးမှ အင်ဂျင်နီယာ ဒေါက်တာဘွဲ့ (ပီအိတ်ခ်ျဒီ) ရရှိပြီးသူ ၁၆၈
နယ်ပယ်အသီးသီးမှ အသုံးချသိပ္ပံ ဒေါက်တာဘွဲ့ (ပီအိတ်ခ်ျဒီ) ရရှိပြီးသူ ၂၅၁
စုစုပေါင်း ၁၁၇၉၄

နိုင်ငံတကာ ဆက်နွယ်ပေါင်းစည်းမှု[ပြင်​ဆင်​ရန်​]

ရန်ကုန်နည်းပညာတက္ကသိုလ်သည် အာဆီယံတက္ကသိုလ်များကွန်ယက်၊ အရှေ့တောင်အာရှအင်ဂျင်နီယာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(AUN/SEED-Net) နှင့် မဲခေါင်ဒေသ ပညာရေးနှင့် သုတေသန ကွန်ယက် (GMSARN)[၁] တို့၏ အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်ပြီး ပညာရေးကွန်ယက် အနေဖြင့် အခြားသော နိုင်ငံတကာ တက္ကသိုလ်များဖြစ်သည့် ကာစရူးလ် တက္ကသိုလ် (ဂျာမဏီ)၊ ရှီဘရာ နည်းပညာ တက္ကသိုလ် (ဂျပန်)၊ အာရှနည်းပညာတက္ကသိုလ် (ထိုင်း) နှင့် မေဖလောဝ် နည်းပညာတက္ကသိုလ် (ထိုင်း) တို့နှင့် ချိတ်ဆက်ထားပါသည်။[၁]

ဆက်စပ်လေ့လာရန်[ပြင်​ဆင်​ရန်​]

ကိုးကားကျမ်း[ပြင်​ဆင်​ရန်​]

ပြင်ပလေ့လာရန်[ပြင်​ဆင်​ရန်​]