မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို အ.ထ.က(၂)ဒဂုံ နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက်များ စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။
This article may require cleanup to meet Wikipedia's quality standards. Please improve this article if you can. The talk page may contain suggestions.

မာတိကာ

မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း[ပြင်​ဆင်​ရန်​]

မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက် ရန်ကုန်မြို့ဗဟန်း မြို့နယ်တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မြို့မ အမျိုးသားကျောင်း နှင့် အမျိုးသားကျောင်း အမြုတေများကို အမြို့ မြို့ရှိ ဝံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍ တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမှီ ကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန် အခွင့်အရေးရခဲ့ကြ၏။ မြို့မ မိသားစု စိတ်ဓာတ် မှသည် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်လာသည်။ နောင်အခါတွင် ထိုပြည်ထောင်စု စိတ်ဓာတ်သည် မျိုးချစ်စိတ်ဓာတ်ကို ပိုမိုရင့်သန်လာစေပြီး မြန်မာ့လွတ်လပ်ရေးကို အောင်မြင်စွာ ရရှိစေခဲ့သည်။ အဆိုပါ မြို့မ မိသားစု စိတ်ဓာတ် နှင့် နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်တို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ လူမျိုး၊ ဘာသာ သာသနာ၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ခေတ်အဆက်ဆက်တွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သည်။[၁] လွတ်လပ်ရေးအစ-အမျိုးသားနေ့ကအမျိုးသားနေ့အစ-အမျိုးသားကျောင်းများကအမျိုးသားကျောင်းများအစ-မြို့မကျောင်းက ဟူ၍လည်း မြန်မာ့သမိုင်းစာမျက်နှာများတွင် မြင်တွေ့နိုင်ပါသည်။ [၂]

မြို့မဆရာကြီး ဦးဘလွင်နှင့်မြို့မကျောင်း[ပြင်​ဆင်​ရန်​]

မြို့မကျောင်းအုပ် ဆရာကြီးမှာ ဦးဘလွင်(၁၈၉၂-၁၉၆၈) ဖြစ်သည်။ မြို့မ ကျောင်းအုပ်ဆရာကြီး ဦးဘလွင် သည် လွန်စွာထင်ရှားသည်။ ငယ်စဉ်ကပင် လူချစ်လူခင်များ၍ စည်းရုံးရေး ထူးချွန်လှရာ 'ငွေဖလားဘလွင်' ဟု အမည်တွင်သည်။ ဆရာကြီးဦးဘလွင်၏ ဆောင်ရွက်ချက်များအနက် ကိုလိုနီခေတ်တွင် အစိုးရ အထက်တန်းကျောင်း၊ သာသနာပြု မစ်ရှင်ကျောင်းများနှင့် အပြိုင် မြို့မ အမျိုးသား အထက်တန်းကျောင်း (ယခု ဒဂုံ အထက ၂) ကို ဦးဆောင် တည်ထောင်ခဲ့ခြင်းသည် ထင်ရှားလှသည်။ မြို့မကျောင်းတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားကျောင်းသားကျောင်းသူများ၊ မြန်မာ-တရုတ်၊ မြန်မာ-အိန္ဒိယ ကျောင်းသားကျောင်းသူများ အတူတကွ ချစ်ခင်ရင်းနှီးစွာ၊ တစ်ဦးနှင့် တစ်ဦး ညီရင်းအစ်ကိုမောင်နှမအရင်းသဖွယ် တက်ရောက် ပညာသင်ကြားခဲ့ကြသည်။ မြို့မ ကျောင်းအုပ်ဆရာကြီး ဦးဘလွင် နှင့်ဆရာများ သည် ကျောင်းသားကျောင်းသူများအား ပညာရေး ကိုသာမက မြို့မ မိသားစု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး ဇာတိမာန် တက်ကြွ လာစေရေး အမျိုးသားစိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေးဖက်ဆစ်ဆန့်ကျင်ရေး စိတ်ဓာတ်၊ လောကနီတိ၊ မြန်မာစာပေ၊ဗုဒ္ဓဘာသာစာပေ၊ မြန်မာယဉ်ကျေးမှု၊မြန်မာရာဇဝင်များ၊နိုင်ငံသမိုင်းလူ့သမိုင်း၊ ယဉ်ကျေးသော အပြုအမူနှင့် လူမှုရေးလောကဝတ္တရားများ၊ လူသားဆန်မှုနှင့် ရိုးသားဖြောင့်မတ်မှု၊ နိုင်ငံကြီးသားတို့၏ သိရှိလိုက်နာရမည့် အရည်အချင်းကောင်းများ၊ ကိုယ်ကျင့်တရားနှင့် သက် ဆိုင်သော အတွေးအခေါ်၊ နိုင်ငံနှင့် လူမျိုး အတွက်ကိုယ်ကျိုးစွန့်အနစ်နာခံစိတ်ဓာတ်၊လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေး တို့ကိုလည်း အထူးသင်ကြားပို့ချပေးလေ့ရှိ၏။ မြို့မဆရာကြီးတို့၏ လုပ်ရပ်မှ သမိုင်းစဉ်သည် သားစဉ် မြေးဆက်အဓွန့်ရှည်အောင်ကျန်ရစ်ခဲ့၏။ နယ်ချဲ့ အင်္ဂလိပ် အစိုးရကို ပထမဆုံး မျက်လုံး မျက်ဆံ ပြူးအောင် ခေါင်းဆောင်မှုပေးနိုင်ခဲ့၏။ [၂]

အထက ၂ ဒဂုံ (မြို့မအထက်တန်းကျောင်း)

မြန်မာတို့၏ စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီး[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီ ပညာရေးသည် ဗမာနိုင်ငံ၌ ၁၉၂၀ ပြည့်နှစ်အထိ ယင်းတို့အတွက် ငွေကုန်ကြေးကျ ခံနိုင်သော မြေရှင် ဓနရှင် လူတန်းစား မြန်မာလူငယ်များကို ကျွန်ပညာသင်ပေးရန်သာ အဓိက ဖြစ်သည်။ ခေတ်အလိုက် အမြင့်ဆုံး ပညာသင်ကြားရာ ယူနီဗာစီတီ ခေါ် တက္ကသိုလ်ကျောင်း မရှိသေးပေ။ ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယခင် ယုဒသန် ကောလိပ်)ကောလိပ်သာရှိ၍ ယင်း တို့မှာ ကလကတ္တား ယူနီဗာစီတီ၏ လက်အောက်ခံ ကောလိပ် ကျောင်းခွဲမျှသာ ဖြစ်သည်။ သင်ရိုးညွှန်းတန်းများမှာ ကလကတ္တား ယူနီဗာစီတီမှ ချမှတ်ပေးသည့် အတိုင်း သင်ကြားရသဖြင့် ဗမာ တက်လူငယ်များနှင့် အံမဝင် ခွင်မကျဘဲ ဖြစ်နေသည်။ စာမေးပွဲများ ကိုလည်း ကလကတ္တား ယူနီဗာစီတီမှ ဦးစီး စီမံကျင်းပ ပြုလုပ်ပေး သည်။ မက်ထရစ်ကျူလေရှင်း ခေါ် တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ကလကတ္တားတွင် မေးခွန်းထုတ်၍ ရန်ကုန်တွင် ဖြေဆို ကြရသည်။ [၂]

ဝိုင်အမ်ဘီအေက ဗမာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြား ရှိရမည်ဟု လှုံဆော်ကြွေးကြော် တိုက်တွန်းပေါင်းများလတ်သော် ဗမာပြည် အစိုးရသည် ပညာမင်းကြီး မစ္စတာ မက်သယူး ဟန်တား (Mr. Mathew Hunter) ဦးစီးသည့် ယူနီဘာစီတီ အက်ဥပဒေ ရေး ဆွဲရေး ကျွမ်းကျင်သည့် ကော်မတီ တရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းလိုက်၏။

ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ဝိဇ္ဇာသိပ္ပံ ပညာရပ်များ အားပေးသည့် ကောလိပ်ပေါင်းများစွာ ဆက်သွယ်နိုင်သည့် ယူနီဘာစီတီ(တက္ကသိုလ်) ကို ထောက်ခံသော်လည်း မစ္စတာ မက်သယူးဟန်တား ဦးဆောင်သော ကော်မတီ အများစုက လက်တွေ့မပါ စာပေပညာဆန်သည့် ဘာသာရပ်များကို အဓိက ထားသည့် တခုတည်းသော ကောလိပ် ပါဝင်သည့် သိပ္ပံယူနီဘာစီတီ တည်ဆောက်ရန် တက္ကသိုလ် ဥပဒေ တရပ်ကိုသာ ရေးဆွဲပြီး၊ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တင်သွင်း ဥပဒေ ပြုစေခဲ့၏။ ယူနီဘာစီတီဟူ၍ ဗမာနိုင်ငံတွင် ဤတစ်ကျောင်းသာ ရှိရမည်ဟူ ၍၎င်း၊ ယင်းယူနီဘာစီတီ၏ အောက်တွင်လည်း ကောလိပ် တကျောင်းသာ ရှိရမည် ဟူ၍၎င်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်ရာ သည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည် ဟု၎င်း စသည့် ကန့်သတ်ချက်များအပြင်၊ ယူနီဘာစီတီနှင့် ကောလိပ်သို့ ဝင်ရောက် သင်ကြားရမည့် သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ်ကျောင်း စားများသာ ဖြစ်စေရမည်ဟု၎င်း စသော မလိုလားအပ်သည့် ကန့်သတ် ချုပ်ချယ်ချက်ပေါင်းများစွာ ပါဝင်နေသော အက်ဥပဒေ ဖြစ်သည်။

သို့ဖြစ်လေရာ ယင်း ၁၉၂၀ ယူနီဘာစီတီ အက်ဥပဒေသည် ငွေကုန်ကြေးကျ ခံနိုင်သော မြေရှင် ဓနရှင် လူတန်းစားနှင့် ဗြူရိုကရက် အရာရှိကြီးတို့ ၏ သားသမီး များ အဆက်အနွယ်များ အကျိုးမှ တပါး ဆင်းရဲသား လုပ်စား ကိုင်စား တို့နှင့် မအပ်စပ်သော ဥပဒေ ဖြစ်သည်။ တနှစ်လျှင် အနည်းဆုံးငွေ( ၆၀၀) ကျော် သို့မဟုတ် တလလျှင် ပျမ်းမျှငွေ (၅၀) ကျပ်ကျော် မတတ် နိုင်လျှင် တက္ကသိုလ်သို့ မည်သည့်နည်းနှင့်မျှ ချဉ်းကပ် နိုင်မည် မဟုတ်ပေ။ ထိုခေတ် ရွှေတစ်ကျပ်သားကို မြန်မာကျပ်( ၁၀) ကျပ်ကျော်သာရှိသောကြောင့် ထိုအခါ ငွေကြေးစံနှုန်း အရ ငွေ( ၆၀၀) ကျပ်ဟူ သည် နည်းလှသော အသပြာထုထည် မဟုတ်၊ တလလျှင် (၅၀) ကျပ် မျှ ရှိနေပေသည်။ ထိုအချိန်က စာရေးကြီး တစ်ယောက် ၏လခ သည် (၃၀) ကျပ် ပတ်ဝန်းကျင်မျှသာ ဖြစ်၏။ အစိုးရစာရင်းများအရ ဆိုလျှင် ထိုခေတ်က အလုပ်သမားတဦး၏ အနိမ့်ဆုံး လစာမှာ(၁၂) ကျပ်ဖြစ်၍ အမြင့်ဆုံး လစာမှာ (၇၅) ကျပ်ဖြစ်ပြီး ပျမ်းမျှ ဆိုလျှင် (၂၀ )ကျပ်ခန့် ဖြစ်ပေသည်။ လက်လုပ်လက်စား နေ့လုပ်နေ့စား အလုပ်ကြမ်းသမားတို့မှာ တနေ့ တမတ်၊ ငါးပဲနှုန်းပင် မှန်မှန် မဝင်ကြသော အချိန် ဖြစ်သည်။

ထို့ကြောင့်လည်း ဥပဒေကြမ်းထွက်လာသည်နှင့် တပြိုင်နက် သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင် ဝေဖန်ကြသည်။ ဆောင်းပါးရှင် များစွာတို့ကလည်း ကန့်ကွက် ရေးသားကြသည်။ ကျောင်းသားမိဖများကလည်း မကျေမနပ် ဖြစ်လာကြသည်။

ဤကဲ့သို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသော်လည်း ၁၉၂၀ ပြည့် နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ် ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) သည် ထိုယူနီဘာ စီတီ အက်ဥပဒေကို အတည်ပြုလိုက်သည်။ ဤသို့ ဗမာကျောင်းသား ကြီးများနှင့် ဗမာပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြဋ္ဌာန်းအတည် ပြု လိုက်သော အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ လုပ်ပုံကို ရန်ကုန်တွင်သာမက မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသော မြို့ကြီးများ၌ လူထု အစည်းအဝေးများခေါ်ကာ ကန့်ကွက် ကြလေသည်။ ဘုရင်ခံ ကရက်ဒေါက်သည် ဗမာလူထု၏ လှုပ်ရှားကန့်ကွက်မှုကို အလေးမမူ ဂရုမစိုက်ပဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုယူနီဘာစီတီ အက်ဥပဒေ နှင့်အညီ ရန်ကုန်ကောလိပ်အား ယူနီ ဘာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်လေသည်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ကျောင်းသားကျောင်းသူများ ထပ်မံစုဝေး၍ ယူနီဘာစီတီအက်ဥပဒေကို လုံးဝ ကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့် သပိတ်မှောက်ကြောင်း ဆုံးဖြတ် ကြေညာလိုက်လေသည်။ ၁၉၂ဝ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့ လေသည်။ ယင်းသည်ပင် မြန်မာတို့၏ စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီးဟု ခေါ်ရမည် ဖြစ်လေသည်။

မြန်မာလူထုသည် ရန်ကုန်တက္ကသိုလ်ဟူ၍ သီးခြားတက္ကသိုလ်တစ်ရပ်ကို လိုလားတောင့်တ တောင်းဆိုခဲ့ကြသော်လည်း တက္ကသိုလ် အက်ဥပဒေကြမ်း ပေါ်ထွက်လာသော အခါတွင်မူ ပြဋ္ဌာန်းချက် အချို့ကို မကျေနပ်ကြချေ။ အထူးသဖြင့် တက္ကသိုလ် ပညာရေးကို ပြန့်ပွားအောင် ပြုလုပ်ရမည့်အစား ပိုမိုပါးရှားအောင် အဟန့်အတားများပင် ပြုလုပ်ထားသည်ဟု ယူဆကြ၍ တက္ကသိုလ် ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်းဆိုကြလေသည်။ ထိုတောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့)တွင် မြန်မာပြည်၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ဗဟန်းရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ ကျောင်း တည်ထောင်ခဲ့၏။ မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ [၂]

အမျိုးသား ကောလိပ်သည် သက်ဆိုး မရှည်ရှာသော်လည်း မြို့မကျောင်း အစရှိသော အမျိုးသားကျောင်းများကား မျိုးချစ်စိတ် သွင်းပေးရာ၊ ဌာနကြီးများ ဖြစ်ခဲ့ပေသည်။ ယင်း အမျိုးသားကျောင်းများကို အမျိုးသား ပညာရေးကောင်စီက အုပ်ချုပ်လေသည်။ ပထမ ကျောင်းသားသပိတ်သည် ပညာရေးကိစ္စကြောင့် စတင်မှောက်ခဲ့ရသော ကျောင်းသားသပိတ် ဖြစ်သော်လည်း၊ ပညာရေးထက် နိုင်ငံရေး အနှစ်သာရ ပို၍ရှိ၏။ ခေတ်ပညာတတ်များက မိမိတို့အတွက် လက်တစ်လှမ်းတွင် သာရှိသော ရာထူးရာခံများကို မမက်မော၊ ကိုယ်ကျိုးစီးပွားကို လုံးဝစွန့်လွှတ်ကာ သပိတ်မှောက်လိုက်ခြင်းဖြင့် အုပ်ချုပ်သူ ဗြိတိသျှ အစိုးရအား တော်လှန်ခြင်းဖြစ်ရာ တိုင်းပြည်အား နိုင်ငံရေးမျက်စိ ဖွင့်ပေးလိုက်သကဲ့သို့ ရှိလေသည်။ ထိုကြောင့်ပင် ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်၏ နဝမကွန်ဖရင့်တွင် တန်တောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်လေသည်။ [၃]

ပန်းကန်စက်ဦးသော် နှင့် ဆာဦးသွင် တို့သည် မြို့မကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ တည် လှူဒါန်းခဲ့သည်။ [၄] မီးပုံးပျံ ဦးကျော်ရင် သည် ရန်ကုန်မြို့၊ ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့ပါသည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။

မြို့မ ကျောင်းအုပ် ဆရာကြီးများ[ပြင်​ဆင်​ရန်​]

  1. ဦးဘလွင် BA (Honours) MA (၁၉၂၉-၁၉၅၃)
  2. ဦးအေးသွယ်(BA)(၁၉၅၃-၁၉၅၇)
  3. ဦးဘတင် BA (၁၉၅၇-၁၉၆၈)
  4. ဦးဘစော (BA. BEd) (၁၉၆၈-၁၉၇၀)
  5. ဦးလှသိန်း (BA. BEd.)(၁၉၇၀-၁၉၇၂)
  6. ဦးငြိမ်းမောင်(BA. BEd)(၁၉၇၂ - ၁၉၈၂)
  7. ဦးဝင်းစိုး(BA. BEd)(၁၉၈၂ - ၁၉၈၄)
  8. ဦးတင်ဝင်း(BA. BEd)(၁၉၈၄ - ၁၉၈၈)
  9. ဦးခင်မောင်ညွန့်(BA. Ed. BEd)(၁၉၈၈ - ၁၉၉၀)
  10. ဦးဟန်သိန်း (BA. BEd)(၁၉၉၀ - ၁၉၉၇)
  11. ဦးသာဝင်း (BEd)(၁၉၉၈- ၁၉၉၉)
  12. ဦးတင်လှိုင်း (BEd)(၁၉၉၉- ၂၀၀၂)
  13. ဦးတင်မောင်ထွန်း (BSc. Dip .Ed.)(၂၀၀၂-ယခု) [၅]
၁၉၂ဝ ပြည့်နှစ် တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။
မြို့မကျောင်း သည် မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်းတွင် ထင်ရှားသည်။ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ သမာဓိ မြို့ဝန် ပန်းကန်စက် ဦးသော် [၆] နှင့် မြို့မ ကျောင်းအုပ်ဆရာကြီး၊ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ အကျိုးတော်ဆောင် ဦးဘလွင် တို့မှာမြန်မာ သမိုင်းတွင် ထင်ရှားသည်။
မြို့မ-မြင့်ကြွယ် ရေးသားသော မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ စာအုပ်

တို့ဗမာ အစည်းအရုံးနှင့် မြို့မ[ပြင်​ဆင်​ရန်​]

နယ်ချဲ့ ဆန့်ကျင်ရေး နှင့် အမျိုးသား လွတ်မြောက်ရေးတို့တွင် မြို့မ ဆရာကြီးများ မြို့မကျောင်းသားများ ရှေ့တန်းမှ ပါဝင် ခဲ့သော တို့ဗမာ အစည်းအရုံးကြီးကို ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် စတင် ဖွဲ့သည်။ ထို အခြေအနေတွင် သခင် ဘသောင်းက ဦးဆောင်၍ မျိုးချစ် လူငယ် တစုက မြန်မာ တိုင်းရင်းသား တို့၏ ဇာတိသွေး ဇာတိမာန်ကို လှုံ့ဆော် ပေးပြီး တိကျ ပြတ်သားသော ဝါဒ လမ်းစဉ်ဖြင့် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်မည့် အဖွဲ့အစည်း တခု ဖွဲ့စည်းရန် ကြံစည် ကြသည်။ အကြံရသည့် အတိုင်း ဆွေးနွေး တိုင်ပင်မှု များလည်း လုပ်ကြသည်။ ပထမဆုံး အလုပ် အမှုဆောင်များမှာ (၁) ဆရာတင့် (မြို့မကျောင်း) ဥက္ကဋ္ဌ၊ (၂) ဦးနု ( မြို့မ) ၁၉၃၅ - ၃၆ တကသ ဥက္ကဋ္ဌ ၊ (၃) ကိုခန့် (ပန်းတနော်) တွဲဖက်အတွင်းရေးမှူး၊ (၄) ကိုစံသိမ်း တက္ကသိုလ် ကျောင်သား ငွေထိန်း၊ (၅) ဆရာဟိန် ပြန်ကြားရေးမှူး၊ (၆) အမှုဆောင်များ (၁) သခင် ဘသောင်း၊ (၂) သခင် လေးမောင်၊ (၃) သခင် ဗစိန်၊ (၄) ကိုဘတင်၊ (၅) ကိုအုန်း စသော တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြသည်။ [၇] ၁၉၃၀ ခုနှစ် မေလ ၂၆ ရက်နေ့ မှစ၍ ဖြစ်ပွား လာသော ကုလား - ဗမာ လူမျိုးရေး အဓိက ရုဏ်းသည် စေ့စပ် ပြေငြိမ်း သွားသော်လည်း မြန်မာ လူငယ် များ၏ စိတ်ဓာတ်တွင် မျိုးချစ်စိတ်၊ တို့ဗမာ ဟူသော စိတ်များ စွဲမြဲ ကျန်ရစ် ခဲ့လေသည်။ ကုလား - ဗမာ အဓိက ရုဏ်းကို အကြောင်း ပြု၍ မျိုးချစ်စိတ် ထက်သန် လွန်းသော မြန်မာ လူငယ် အချို့သည် ဗိုလ်တထောင် အားကစား ကွင်းတွင် မြန်မာ လူငယ် များ၏ အစည်းအဝေး တခုကို ကျင်းပ ခဲ့ကြသည်။ မြို့မကျောင်းသားများ ရှေ့တန်းမှ ပါဝင် ခဲ့ကြသည်။ ထိုအစည်းအဝေးမှ စတင်၍ "တို့ဗမာ … တို့ဗမာ …" ဟူသော အာမေဋိတ် သံကို ပြုကာ လက်ရုံး ဆန့်တန်းပြီး ကြွေးကြော် ခဲ့ကြသည်။[၇][၈] မြန်မာ နိုင်ငံ၏ အရှင် သခင် အစစ်အမှန်သည် မြန်မာ တိုင်းရင်းသား တို့သာ ဖြစ်သည်၊ ဖြစ်ရ မည်ဟု အားတင်း ပေးသည့် အနေဖြင့် တို့ဗမာ အစည်းအရုံး ဝင်များ၏ အမည် ရှေ့တွင် သခင် ထည့်၍ ခေါ်ခဲ့ ကြသည်။ ဤသို့ သခင် တပ်၍ ခေါ်ခြင်း အားဖြင့် ကိုယ့်မင်းကိုယ့်ချင်း ဘဝဖြင့် နေခဲ့ ရသည်ကို ပြန်လည်၍ သတိ ရစေပြီး သခင်စိတ် ပေါက်စေရန် ဖြစ်သည်။တို့ဗမာ အစည်းအရုံး၏ ပထမ ရည်မှန်းချက်မှာ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လုံးဝ လွတ်လပ်ရေး ဖြစ်သည်။ ဆရာတင့် (မြို့မကျောင်း)ဆရာဟိန်ဦးနု စသော မြို့မကျောင်းမှ ခေတ်ပညာတတ် လူငယ် များက မိမိတို့ ကိုယ်ကျိုးကို စွန့်ကာ အနစ်နာခံ၊ ထောင်ကျ ခံ၍ နိုင်ငံနှင့် လူမျိုး အတွက် လုပ်ပြသော အခါ တောင်သူ လယ်သမား၊ လုပ်သမားနှင့် ကျောင်းသား အပါအဝင် လုပ်သား ပြည်သူ အများစုလည်း တို့ဗမာ အစည်းအရုံး၏ အလံတော် အောက်တွင် စည်းရုံး ခဲ့ကြသည်။ တို့ဗမာ အစည်းအရုံး၏ နိုင်ငံရေး တိုက်ပွဲ ဂယက် သည်လည်း တစ်နိုင်ငံလုံး အနှံ့ ပျံ့ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအသင်းနှင့် မြို့မ[ပြင်​ဆင်​ရန်​]

၁၉၃၀ ပြည့် စက်တင်ဘာလတွင် တို့ဗမာအစည်းအရုံးဝင် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဆရာတင့် (မြို့မကျောင်း)ဆရာဟိန်ဦးနု စသော မြို့မကျောင်းမှ ခေတ်ပညာတတ် လူငယ် များနှင့် သခင်လူငယ် ခေတ်ပညာတတ်များက ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအသင်း တည်ထောင်ခဲ့သည်။ ရွှေတိဂုံ အလယ်ပစ္စယံ ရှိ နိုင်ငံရေး ဆရာတော် ဦးနာဂိန္ဒ ၏ မဏ္ဍပ်တွင် လူငယ်ပေါင်းစုံ ကျောင်းပေါင်းစုံ အစည်းအဝေးကြီး ခေါ်ဆိုပြီး လူငယ် ၅၀၀၀ ခန့် တက်ရောက်သော အစည်းအဝေးကြီးမှ အမျိုးသားရေး၊ စီးပွားရေး၊ လူမှုရေးများ ဆောင်ရွက်ရန် မြန်မာ နိုင်ငံလုံးဆိုင်ရာ လူငယ်များ အသင်း ကို ဖွဲ့စည်းခဲ့သည်။မြို့နယ်များစွာအထိ အသင်းခွဲများ ထူထောင်နိုင်လာခဲ့ပြီး ပြည်တွင်းဖြစ် အားပေးရေး၊ နိုင်ငံခြားပစ္စည်း သပိတ်မှောက်ရေး ကို တက်တက်ကြွကြွ ဆောင်ရွက်ရင်း နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းများတွင် တိုးမြှင့်ပါဝင် ဆောင်ရွက်ခဲ့ကြသည်။[၇][၈]

၁၉၃၆ ခုနစ် ဩဂုတ်လ (၇)ရက်တွင် မြို့မကျောင်း၌ အမျိုးသားတက္ကသိုလ် ဖွင့်လှစ်ခဲ့ရာ ဆာဦးသွင်ပန်းကန်စက်ဦးသော်၊ ပညာဝန်ဦးဖိုးကျား၊ ဆရာကြီး မြို့မ ဦးဘလွင်သခင်အောင်ဆန်း နှင့် ဦးနု (ဝန်ကြီးချုပ်) တို့ ဦးဆောင်ခဲ့ကြသည်။မြို့မကျောင်းသား ဦးဆောင်ပါဝင်ခဲ့ကြသည်။

နဂါးနီ စာအုပ်အသင်းကို ဆရာဟိန်ဦးနု စသော မြို့မကျောင်းမှ ခေတ်ပညာတတ် လူငယ် များနှင့် သခင်လူငယ် ခေတ်ပညာတတ်များက ဦးဆောင်၍ တည်ထောင်ခဲ့သည်။ နဂါးနီစာအုပ်အသင်းကို ၁၉၃၇ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် စတင်တည်ထောင်၍ ဦးနု က ငွေ ၅ဝဝ ကျပ်၊ ကိုထွန်းအေး (နဂါးနီ ဦးထွန်းအေး)က ငွေ ၅ဝဝ ကျပ်ဖြင့် မတည်ခဲ့သည်။ အတွင်းရေးမှူး အဖြစ် ကိုထွန်းအေးက ဆောင်ရွက်သည်။ စာအုပ် ရွေးချယ်ရေး တာဝန်ခံအဖြစ် ဦးနု၊ ကိုသန်းထွန်း (သခင် သန်းထွန်း)၊ ကိုစိုး (သခင်စိုး)တို့က တာဝန် ယူခဲ့သည်။ သခင်ချစ်၊ ကိုထွန်းရွှေ (နဂါးနီ ဦးထွန်းရွှေ)၊ သခင်ထိန်ဝင်း၊ တက်ဘုန်း ကြီး သိန်းဖေ (သိန်းဖေမြင့်)၊ ဆရာဟိန် တို့က ဝိုင်းဝန်း ကူညီသည်။ အသင်း၏ မူလတည်ရာမှာ အမှတ် ၁၅ဝ၊ စကော့ဈေး (ဗိုလ်ချုပ်ဈေး) ဖြစ်သည်။ [၉] [၁၀]

၁၃ဝဝ ပြည့် အရေးတော်ပုံ နှင့် မြို့မ[ပြင်​ဆင်​ရန်​]

၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် နတ်တော်လဆုတ် (ရ)ရက်နေ့ ညဉ့်တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအသင်းတိုက်၌ ကိုအောင်ကျော်အပါအဝင် သမဂ္ဂအမှုဆောင်အဖွဲ့က ရန်ကုန်နှင့် မကွေး၌ အစိုးရက ထုတ်ထားသော ပုဒ်မ ၁၄၄ ရုပ်သိမ်းရန်နှင့် ဖမ်းဆီးထားသော တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ) ဥက္ကဌ ကိုဗဟိန်းနှင့်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ) အတွင်းရေးမှူး ကိုဗဆွေတို့အား အမြန်လွှတ်ရန် အစိုးရထံ တောင်းဖို့ ဆုံးဖြတ်ချက် ချကြသည်။ သို့ရာတွင် တောင်းဆိုချက်များမရရှိသည့်အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသားများနှင့် မြို့မကျောင်းသားများသည် မြို့မကျောင်းဝင်းအတွင်း စုရုံးပြီးနောက် ပုဒ်မ ၁၄၄ ကန့်ကွက်သည့်အနေနှင့် စီတန်းလမ်းလျှောက် ဆန္ဒပြကြရာ ကိုအောင်ကျော်က ကြွေးကြော်သံများကို ရှေ့မှတိုင်၍ လိုက်ရသည်။

ထိုသို့ ဆန္ဒပြ၍မရသောအခါ အစိုးရ၏ အုပ်ချုပ်ရေး ကြိုးကိုင်ရာဖြစ်သော အတွင်းဝန်ရုံးကြီးကိုဝိုင်း၍ အာဏာဖီဆန် သည့်သဘောနှင့် ဆန္ဒပြရန် ဆုံးဖြတ်ကြလေသည်။ ဆုံးဖြတ်ချက်အတိုင်း ဒီဇင်ဘာလ ၂ဝ ရက်နေ့၊နံနက်တွင် ကျောင်းပေါင်းစုံမှ ကျောင်းသားတစ်သောင်းကျော်နှင့် အတွင်းဝန်ရုံးကို ဝိုင်းဝန်းဆန္ဒပြရာ ကိုအောင်ကျော်က သူရိယသတင်းစာတိုက်ဘက်အဝင်ဝတွင် တာဝန်ယူ၍ ကျောင်းသူကျောင်းသားများကို အုပ်ချုပ်ရသည်။ ယင်းသို့ ဝိုင်းဝန်းထားရာ နာရီပြန် ၁ ချက်ခန့်ရောက်သောအခါ အတွင်းဝန်ရုံးကြီးသည် ဘာမျှ လုပ်မရအောင်ဖြစ်နေသဖြင့် ရုံးကြီးကို ပိတ်လိုက်ရလေသည်။

ထိုအခါ ကျောင်းသားများတပ်ခေါက်၍ ပြန်မည်အပြု တွင် လက်နက်ဟူ၍ အပ်တစ်ချောင်းမျှမပါသော ရန်ကုန်မြို့ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသားများနှင့် မြို့မကျောင်းသားများအား နယ်ချဲ့လက်ပါးစေပုလိပ်များက နံပါတ်တုတ်ဖြင့် အတင်းဝင်ရောက်ရိုက်နှက်ရာ ကိုအောင်ကျော် အပါအဝင် ကျောင်းသူကျောင်းသား ၂ဝဝ ကျော် ဒဏ်ရာရရှိခဲ့လေသည်။ မြို့မကျောင်းသား များသည် လည်းပါဝင်ခဲ့သည်။ ကိုအောင်ကျော် ၏ဒဏ်ရာသည် ပြင်းထန်လှရကား ဒီဇင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် ရန်ကုန်ဆေးရုံကြီးဝယ် အသက် ၂၃ နှစ်အရွယ်၌ သူမြတ်နိုး သောတိုင်းပြည်ကို စွန့်ခွာသွားရရှာလေသည်။

မြို့မ အမျိုးသား အထက်တန်းကျောင်းကြီးတွင် မြို့မရဲခေါင်နှင့် မြို့မရဲညွန့် ကျောင်းသား တပ်ဖွဲ့များ ပေါ်လာသည်။ ရည်ရွယ်ချက်မှာ ကျောင်းသား လူငယ် များကို စစ်ပညာ သင်ပေးပြီး စစ်စိတ် စစ်သွေး သွင်းပေးရန် ဖြစ်သည်။ ထို့ကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ၏ ဦးဆောင်မှုဖြင့် အနယ်နယ် အရပ်ရပ်ရှိ ကျောင်းသား သမဂ္ဂ များက ကျောင်းသား တပ်ဖွဲ့များ ဖွဲ့ပြီး စစ်ပညာများ သင်ပေး ခဲ့သည်။ နိုင်ငံလွတ်လပ်ရေးနှင့် ကာကွယ်ရေး အတွက် အသင့် ပြင်ဆင် ထားသည့် စီမံချက် ဖြစ်သည်။ ထို့ကြောင့်လည်း နောင်ပေါ်ပေါက် လာသည့် ဗမာ့ လွတ်လပ်ရေး တပ်မတော် နှင့် ဗမာ့ ကာကွယ်ရေး တပ်မတော် တို့တွင် မြို့မကျောင်းသား၊ မြို့မရဲညွန့်၊ မြို့မရဲခေါင် များ ဆက်လက် ပါဝင် ခဲ့ကြသည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်း နှင့်လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှု သမိုင်းတွင်သံမဏိကျောင်းသားတပ်ဖွဲ့ ၊ မြို့မရဲခေါင်နှင့် မြို့မရဲညွန့် ကျောင်းသား တပ်ဖွဲ့များသည်လွန်စွာထင်ရှားခဲ့သည်။

မြို့မ ဦးဘလွင် နှင့် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်[ပြင်​ဆင်​ရန်​]

၁၉၃၈ ခုနှစ်၊ ကျောင်းသားသပိတ်တွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် သွေးမြေကျခဲ့ရသည့် အစိုးရ၏ အပြုအမူကို ကန့်ကွက်သည့် အနေဖြင့် မြို့မ-ဦးဘလွင် သည် လွှတ်တော်အမတ် အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ကေအိုင်အိချ်ဘွဲ့ကိုလည်း အစိုးထံ ပြန်လည် ပေးအပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် တရုတ်ပြည် မိတ်ဆက်အဖွဲ့ကို ဦဆောင်၍ တရုတ်ပြည်သို့ ချစ်ကြည်ရေး သွားခဲ့သည်။ ဦးဘလွင်နှင့်အတူ ဒီးဒုတ်ဦးဘချိုသခင်နုဒေါ်မြစိန် (ဒိုင်အာခီခေတ် ပြည်ထဲရေးဝန်ကြီး ဦးမေအောင် ၏သမီး) စသော ပုဂ္ဂိုလ်များလည်း လိုက်ပါသွားခဲ့ကြသည်။ ဦးဘလွင်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းရေးအတွက် မြန်မာလူငယ်များအား တရုတ်တပ်မတော်မှ စစ်ပညာသင်ကြားပေးရန်အတွက် တရုတ်စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ် နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်ကလည်း သဘောတူလက်ခံခဲ့သည်။မြန်မာလူငယ်များစစ်သင်တန်း တက်ရောက်ရေးကိစ္စအတွက် သခင်အောင်ဆန်း နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ သခင်အောင်ဆန်းသည် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် လိုအပ်ကောင်းလိုအပ်မည်ဟု ယူဆခဲ့သည်မှာ ကာ လအတန်ကြာကပင် ဖြစ်ပါသည်။ ထိုစဉ်က မြန်မာ့တပ်မတော် နှင့် ရဲဘော်သုံးကျိပ် မပေါ်ပေါက်သေးပါ။ မြို့မ-မြင့်ကြွယ် ရေးသားသော ၂၀၀၃ ခုနစ်နှစ် စာပေဗိမာန် စာမူဆု၊ စာပဒေသာ ပထမဆုရ "မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ" စာအုပ် တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။ [၁၁]

အင်္ဂလိပ် အခက် -ဗမာ့အချက်[ပြင်​ဆင်​ရန်​]

၁၉၃၉ ခုနှစ် စက်တင်ဘာ (၁)ရက်တွင်၊ ဒေါက်တာဘမော် ၏ အိမ်၌ကျင်းပသည့် အစည်းအဝေးတွင် ဗမာ့ ထွက်ရပ်ဂိုဏ်း (Freedom Bloc)ကို သခင်နုသခင်အောင်ဆန်းသခင်မြ၊ စသော ပုဂ္ဂိုလ်များဖြင့်စတင် ဖွဲ့စည်းခဲ့ပါသည်။ မြို့မကျောင်းသားများအထူးပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ကြီး စတင်ဖြစ်ပေါ်နေပြီဖြစ်သည့်အတွက် “အင်္ဂလိပ် အခက်-ဗမာ့ အချက်” ဟု တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကို အရယူနိုင်ဘို့ လွတ်လပ်ရေးကို အလိုရှိကြတဲ့ အဖွဲ့အစည်းအားလုံး စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက် နိုင်ကြသည့် အမျိုးသား တပ်ပေါင်းစုကြီး တရပ်သဘော ဖွဲ့စည်းခဲ့ပါသည်။[၁၂]

အထွေထွေ သပိတ်နှင့် မြို့မ[ပြင်​ဆင်​ရန်​]

၁၉၄၆ ခုနစ် အထွေထွေ သပိတ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဒုတိယဥက္ကဌ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဌ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မ-ဦးသန်းကြွယ် ဦးဆောင်သော မြို့မကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများသည် အတွင်းဝန်ရုံးအပြင်ဘက်တွင်သာမက အတွင်းဝန်ရုံးအတွင်း ဝင်၍ အရေးဆိုခဲ့သည်။ အဆိုပါ ၁၉၄၆ ခုနစ်၊ စက်တင်ဘာလ အထွေထွေ သပိတ်ကြီးသည် မြန်မာနိုင်ငံသို့ ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်စ်(Sir Hubert Rance) ရောက်ရှိပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည်။ ဆာပေါ်ထွန်းခေါင်းဆောင်သော ရုပ်သေးအစိုးရ ပြုတ်ကျခဲ့သည်။ ဘုရင်ခံဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ဘုရင်ခံအလုပ်အမှုဆောင်(ဝန်ကြီး)အဖွဲ့ကို ဖွဲ့စည်းရန် မေတ္တာရပ်ခံခဲ့သည်။

လွတ်လပ်ရေး ကြိုးပမ်းမှု လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှုနှင့် မြို့မ[ပြင်​ဆင်​ရန်​]

မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှုသမိုင်းတွင် မြို့မ ကျောင်းသားဟောင်းများအသင်း ဥက္ကဌ မြန်မာနိုင်ငံ ၏ပထမဆုံး ဝန်ကြီးချုပ် ဦးနု (နု-အက်တလီ စာချုပ်)၊ မြန်မာနိုင်ငံ၏ ပထမဆုံး ဒုတိယ ဝန်ကြီးချုပ်၊ကာကွယ်ရေး ဝန်ကြီး ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရဲဘော်သုံးကျိပ်ဝင် သခင်လှဖေ( ဗိုလ်ချုပ်လက်ျာ) (လက်ျာ-ဖရီးမင်းစာချုပ်)၊ ရဲဘော်သုံးကျိပ်ဝင် ဝန်ကြီး ဗိုလ်မင်းခေါင် ၊ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီးဇေယျ[၁၃][၁၄]ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) [၁၅][၁၆][၁၇][၁၈]ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သောင်းတင် နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် ချစ်လှိုင်၊ ဗိုလ်မှူးကြီးအောင်သိမ်း (ရေ)အစရှိသော မြို့မကျောင်းသားဟောင်း များသည် ထင်ရှားခဲ့သည်။

လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှု သမိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်း၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်လှ၊ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဝန်ကြီး ဗိုလ်ချုပ်စိန်ထွား[၁၉] ၊ Captain ကျော်သိန်းလွင် (မြို့မ ဦးဘလွင် ၏သား)၊ ဗိုလ်မှူးကြီး သောင်းကြည် (လမ်းစဉ်ပါတီ တွဲဖက် အတွင်းရေးမှူး)၊ ကက (ဆေး) ညွန်ကြာရေးမှူး သံအမတ်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်း (ဒေါက်တာကျော်ဝင်း)၊ တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး လှဘူး (ဒေါက်တာလှဘူး)၊ သံအမတ်ကြီး ဗိုလ်မှူးကြီး ညွန့်ဆွေ (ဒုတိယ ဝန်ကြီး)၊ ဗိုလ်မှူးကြီး တင့်ဝေအေး (ဦးဆောင်ညွန်ကြား ရေးမှူး) အစရှိ သော မြို့မကျောင်းသား ဟောင်းများသည် လည်းပါဝင်ခဲ့သည်။

ပင်လုံစာချုပ်၊ လက်ျာ- ဖရီးမင်း စာချုပ်၊ နု-အက်တလီ စာချုပ်နှင့် မြို့မ[ပြင်​ဆင်​ရန်​]

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဒုတိယဥက္ကဌ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) [၁၅][၁၆][၁၇][၁၈]၊သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှင့် အတူ ပင်လုံညီလာခံ တွင် ကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့သည်။တိုင်းရင်းသားစည်းလုံးရေး သမိုင်းဝင် ပင်လုံစာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ရေး အတွက် အထူးပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ [၂၀]

မြို့မကျောင်းသားဟောင်း ဗိုလ်ချုပ်လက်ျာ သည် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ကာကွယ်ရေးဆိုင်ရာ လက်ျာ- ဖရီးမင်း စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။[၂၁] အောင်ဆန်း-အက်တလီ စာချုပ် မှ ပူးတွဲဖြစ်ပေါ်လာသော လက်ျာ- ဖရီးမင်း စာချုပ် ကို မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တော်၌ ဗြိတိသျှအစိုးရကိုယ်စား ဂျွန်ဒဗလျူဖရီးမင်းနှင့် မြန်မာနိုင်ငံ ယာယီအစိုးရကိုယ်စား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာတို့နှစ်ဦး သတောတူချုပ်ဆို၍ လက်မှတ် ရေးထိုးကြသည်။ နု - အက်တလီ စာချုပ်မှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ ကြားဖြတ် အစိုးရသို့ နိုင်ငံ၏ အချုပ်အခြာ အာဏာ လွှဲပြောင်း ပေးရန် သဘောတူကြောင်း ချုပ်ဆိုသည့် စာချုပ် ဖြစ်သည်။ စာချုပ်ကို မြန်မာနိုင်ငံ ကြားဖြတ် အစိုးရ ကိုယ်စား ထိုစဉ်က မြို့မကျောင်းသားဟောင်း ဝန်ကြီးချုပ် ဦးနုနှင့် ဗြိတိသျှ အစိုးရ ကိုယ်စား ဝန်ကြီးချုပ် ကလီမင့် အက်တလီ (Clement Attlee) တို့က လက်မှတ် ရေးထိုး ကြသောကြောင့် နု - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်ကို ၁၉၄၇ ခု အောက်တိုဘာလ ၁၇ ရက်နေ့တွင် လန်ဒန်မြို့ ၌ ချုပ်ဆို ကြသည်။ [၂၂]နု - အက်တလီ စာချုပ် အရ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ပေါ်ထွန်း လာသည်။ ထို့ကြောင့် မြန်မာ့ လွတ်လပ်ရေး စာချုပ် ဟုလည်း ခေါ်ကြသည်။

၁၉၆၀ ပြည့်နှစ်တွင် မြို့မကျောင်း၏ နှစ်(၄၀) မြောက် နှစ်ပတ်လည် အခမ်းအနားကို အထက ၂ ဒဂုံ (မြို့မကျောင်း) တွင် ကျင်းပရာ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ပန်းကန်စက် ဦးသော် နှင့် မြို့မ ဆရာကြီး ဦးဘလွင် စသော မြို့မဟောင်းကြီးများ၊ နိုင်ငံတော် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဆဲဗင်းဂျူလိုင်နှင့် မြို့မ[ပြင်​ဆင်​ရန်​]

၁၉၆၂ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တကသ ၊ ရကသ ၊ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။ မြို့မကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများသည်ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် အရေးအခင်းတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသား အခွင့်အရေး ကာကွယ်မှု တိုက်ပွဲ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း(ခရမ်း မြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြုပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) ၊ ဆေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်း(ကျောက်တန်း မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဥက္ကဋ္ဌ) ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ) ဥက္ကဌ ဦးတင်အေး (မြို့မ) နှင့် ဦးရဲထွန်း စသော မြို့မကျောင်းသားဟောင်းကြီးများသည် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံတွင် ဦးဆောင် ပါဝင်ခဲ့သည်။ ဒိုင်းကိုယ်စီ ကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပတ်တုတ်နှင့် ရိုက်သူကရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။ ကျောင်းသားတစ်ချို့၏ ရင်ဘတ်သို့ထိမှန်ခဲ့၍ လဲသူလဲ ကွဲသူကွဲဖြစ်ကုန်လေသည်။ ကျောင်းသားများလည်း သွေးရဲရဲ သံရဲရဲဖြစ်လာလေသည်။စစ်သားများသည် စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတစလျှောက်ရှိ ကျောင်းသားထုထဲသို့ အလစပ် ပစ်ခတ်ကြလေသည်။ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားတော်တော်များများ သည် မင်သက်လျ်က် နေရာမှာပင် အသက်ပျောက်ခဲ့ရလေသည်။ကျောင်းသား သမဂ္ဂ အဆောက်အဦး အားဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီ ခန့်တွင် ဖောက်ခွဲလိုက်လေသည်။ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယို မှ အသံလွှင့်သောအခါ ဗိုလ်ချုပ်နေဝင်း က ဓါးကို ဓါးခြင်း လှံကိုလှံခြင်းရင်ဆိုင်ရန်သာရှိတော့ကြောင်း ”ထပ်မံ စိန်ခေါ်ခဲ့လေသည်။ [၂၃][၂၄]

၈၈၈၈ အရေးအခင်းနှင့် မြို့မ[ပြင်​ဆင်​ရန်​]

၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး) အရေးတော်ပုံမှာ ရန်ကုန်မြို့တွင် ကျောင်းသားများက ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်( အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက) ၊ဦးတင်မောင်ဝင်း(ခရမ်း မြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြုပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) ၊ ဆေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌဟောင်း ဒေါက်တာ သန်းငြိမ်း(ကျောက်တန်း မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဥက္ကဋ္ဌ) ၊ ဦးတင်အေး (မြို့မ) နှင့် ဦးရဲထွန်း စသော မြို့မကျောင်းသားဟောင်းကြီးများဦးဆောင် ပါဝင်ခဲ့သည်။ [၁၇] ကျောင်းသား ကန့်ကွက်ဆန္ဒပြပွဲများသည် တစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့သည်။ သိန်းပေါင်းများစွာသော သံဃာတော်များ၊ ကလေးငယ်များ၊ တက္ကသိုလ်ကျောင်းသားများ၊ အိမ်ရှင်မများနှင့် ဆရာဝန်များသည် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။တကသ နှင့် မြို့မကျောင်းသားများ သည် နည်းလမ်း ပေါင်းစုံနှင့် ဆက်လက် ရပ်တည်ခဲ့ပြီး ကျောင်းသားထု၏ ရင်ထဲတွင် အဆက်မပြတ် ရှင်သန် နေခဲ့ ပါသည်။ မြန်မာ့သမိုင်း တလျောက်လုံး တွင် ပေါ်ထွန်းလာခဲ့တဲ့ လူထုတိုက်ပွဲ ကျောင်းသားထု တိုက်ပွဲများ အတွင်းတွင်တကသ နှင့် မြို့မကျောင်းသားများ သည် ပုံသဏ္ဍန် အမျိုးမျိုး နှင့် ဆက်လက်ပေါ်ပေါက်နေခဲ့ပါသည်။ ကျောင်းသား မျိုးဆက်များ ဘယ်လောက် ပြောင်းပြောင်း တကသ နှင့် မြို့မ ဆိုသည့် ဂုဏ်ရောင်ပြောင်တဲ့ အမည်နာမ သည် လက်ဆင့်ကမ်း ပေါ်ထွန်းလာခဲ့ တာချည်းဖြစ်ပါသည်။ ၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတွင် မြို့မ အမည်နာမ သည် ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ဦးနေဝင်း (ဗိုလ်ချုပ်နေဝင်း)က “နောင်ကို လူစုလူဝေး နဲ့ ဆူဆူပူပူ လုပ်လို့ ရှိရင် တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ခြောက်တာမပါဘူး” “တပ်ကိုသုံးလို့ ရှိရင်တော့ ဆူတဲ့သူတွေ မသက်သာဘူး ဆိုတာ မှတ်ပေတော့” ဟု မြန်မာ့အသံ ရေဒီယို နှင့် တယ်လီဗေးရှင်း မှ အသံထုတ်လွှင့် ညွှန်ကြားခဲ့ရာ ၎င်းသည် စစ်တပ်ကို ဆန္ဒပြသူလူထုထဲသို့ တည့်တည့်ပစ်ရန် အမိန့်ပေးညွှန်ကြားသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။ [၂၃][၂၅][၂၆]စစ်တပ်မှလည်း မြန်မာနိုင်ငံတဝှမ်းလုံးရှိ မြို့များတွင် ဆန္ဒပြသူများကို အတားအဆီးမဲ့စွာ ပစ်ခတ်ခဲ့သည်။ အရေးအခင်းသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ က သွေးချောင်းစီးစေခဲ့သော စစ်တပ်မှ အာဏာသိမ်းယူမှုအပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ဤအရေးအခင်းအတွင်း စစ်တပ်ကြောင့် စက်တင်ဘာလကုန်တွင် ဆန္ဒပြသူ ၃,၀၀၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ဦးရေ အတိအကျကိုမူ ယခုအချိန်အထိ မသိရပေ။

၁၉၉၅ ခုနစ်၊အထက( ၂ ) ဒဂုံ၊ အထက ( ၃ ) ဒဂုံ (မြို့မကျောင်းမောင်နှမ ) ၏ စိန်ရတု[ပြင်​ဆင်​ရန်​]

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင်တည်ထောင်ခဲ့ရာမှ ၁၉၆၅ ခုနှစ် ပြည်သူပိုင်သိမ်းဆည်းသည်အထိ မြို့မ အမျိုးသား အထက်တန်းကျောင်း အမည်တွင်ခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်အဖြစ် တည်ရှိခဲ့သည်။ ပညာ၊ စည်းကမ်း၊ စာရိတ္တမြင့်မားသော ကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်လျှက်ရှိသည်။ ပညာရည်ချွန် လူရည်မွန်များ၊ အားကစားထူးချွန်သူများ၊ အနုပညာကြယ်ပွင့်များကို နှစ်စဉ်မွေးဖွားသန့်စင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ အစိုးရကလည်း မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် ကျောင်းတည်ရှိရာ လမ်းကို ဂေါ်ဒွင်လမ်းမှ မြို့မကျောင်းလမ်း အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် မိုင်ဒါကွင်း ကို မြို့မကွင်း အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ၁၉၉၅ ခုနှစ် တွင် မြို့မကျောင်း၏ (၇၅ )နှစ်ပြည့် စိန်ရတု(၁၉၂၀-၁၉၉၅) ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့သည်။ ၁၉၉၅ ခုနစ်၊ မြို့မကျောင်းစိန်ရတု (၁၉၂၀-၁၉၉၅) ကျင်းပရာ မြန်မာနိုင်ငံ ပညာရေး ကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ခင်ညွန့် အမှူးပြုသော အစိုးရ ဝန်ကြီးများ၊ (အငြိမ်းစား) ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သောင်းတင်၊ (အငြိမ်းစား) ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် ချစ်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်း၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်လှ၊ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဝန်ကြီး ဗိုလ်ချုပ်စိန်ထွားရှေ့နေချုပ် ဦးသာထွန်း၊ (အငြိမ်းစား) တက္ကသိုလ် စာပေးစာယူ ဌာနမှူး တောင်ကြီးကောလိပ် ကျောင်းအုပ်ကြီးဦးစန်း၊ မြို့မဆရာကြီး ဦးဘလွင်၏ သမီး ဒေါ်စုစုလွင်၊ အငြိမ်းစား သံအမတ်ကြီး ဝဏ္ဏကျော်ထင်ဦးသက်ထွန်း၊ (အငြိမ်းစား) တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး လှဘူး (ဒေါက်တာလှဘူး)၊ (အငြိမ်းစား) တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး သံအမတ်ကြီး ဗိုလ်မှူးချုပ် ကျော်ဝင်း(ဒေါက်တာကျော်ဝင်း)[၂၇]၊ ဗိုလ်မှူးကြီး ညွန့်ဆွေ (သံအမတ်ကြီး ဒုတိယ ဝန်ကြီး)၊ ဝန်ကြီး ဟင်္သာတဦးမြ၏ သား ဦးငွေစိုးနှင့် ဦးသာထွန်း၊ အငြိမ်းစား ကထိက ဌာနမှူး မြန်မာစာ အဖွဲ့ဝင်စာရေးဆရာမကြီး ကထိက ဒေါ်မြင့်သန်း၊ စာရေးဆရာမကြီး ဒေါက်တာ ဒေါ်ရီရီလှ (ယုဝတီခင်ဦး)၊ စာရေးဆရာကြီးဦးမျိုးသန့် (မောင်ဆုရှင်)၊ စာရေးဆရာ သမိုင်းပညာရှင် ဦးမြင့်ကြွယ်( မြို့မ-မြင့်ကြွယ်) ၊ မြို့မကျောင်းသားကျောင်းသူဟောင်းများအသင်း အတွင်းရေးမှူးဦးတင့်ဆွေ ၊အကယ်ဒမီ စန္ဒရားလှထွတ်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းနိုင် ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခင်သီတာထွန်း၊ ရုပ်ရှင်သရုပ်ဆောင်မောင်သန်းဝင်း၊ (အငြိမ်းစား) မြို့မဆရာကြီးဦးစောလွင်၊ (အငြိမ်းစား) မြို့မကျောင်းအုပ်ဆရာကြီးဦးငြိမ်းမောင်၊ (အငြိမ်းစား)မြို့မကျောင်းအုပ်ဆရာကြီးဦးတင်ဝင်း၊ ဗီအိုအေမြန်မာပိုင်းသတင်းဌာနညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဇော် ၊ မြို့မကျောင်းအုပ်ဆရာကြီးဦးဟန်သိန်း ၊(အငြိမ်းစား) ဗိုလ်မှူးကြီး တင့်ဝေအေး (ဦးဆောင်ညွန်ကြား ရေးမှူး)၊ ဆရာမဒေါ်ခင်ဆွေ၊ ဆရာမဒေါ်သောင်းရီ ၊ မြို့မဆရာကြီးဦးဘတင်၏ သား ဆရာ ဦးလှသွင်၊ မြို့မဆရာကြီးဦးဘတင်၏သမီး ဆရာမဒေါ်ရီရီတင်နှင့် ဆရာမဒေါ်ညွန့်ညွန့်တင်၊ ဆရာဦးသန်းဦး၊ အိန္ဒိယနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓအယူဝါဒ ကမ္ဘာ့ ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ[၂၈] ၏ သား ဗန္ဓုလ ဦးမောင်ရွှေ ၊ ဦးဝင်းဗိုလ် နှင့် ဒေါ်ဆွေဆွေဟန် အစရှိ သော မြို့မဟောင်းကြီးများ၊ အထက(၂) ဒဂုံ၊ အထက ( ၃ ) ဒဂုံ (မြို့မကျောင်းမောင်နှမ ) မှ မြို့မ မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ [၂၉][၂၉]

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သော သံဃာတော်များဦးဆောင်သော အရေးအခင်းတွင် မြို့မကျောင်းသားဟောင်းများ ပါဝင်ခဲ့သည်။

ထိုင်းဘုရင်၏ သမီးတော် မဟာသီရိဒုံ မြို့မကျောင်းသို့ လည်ပတ်[ပြင်​ဆင်​ရန်​]

ထိုင်းဘုရင်၏ သမီးတော် မဟာသီရိဒုံ အထက(၂) ဒဂုံသို့ သွားရောက်လည်ပတ်နေပုံ

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ ၂ရက်နေ့ တွင် မြို့မကျောင်းသို့ ထိုင်းဘုရင်၏ သမီးတော် မဟာသီရိဒုံ သွားရောက်လည်ပတ်ခဲ့သည်။ [၃၀]

မြို့မဟောင်းကြီးများ၊ ထူးချွန်ထင်ရှားသူများ[ပြင်​ဆင်​ရန်​]

အခြားကြည့်ရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://myanmargeneva.org/99NLM/n991203.htm
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ မြို့မ-, မြင့်ကြွယ်. မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ. ရန်ကုန်မြို့: ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန်. 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  4. ဝိုင်အမ်ဘီအေ ၇၅ နှစ် ခရီး၊ ရန်ကုန်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း၊ ၁၉၈၂။
  5. http://www.shambles.net/schoolnet/countryreports/myanmar/index.html
  6. ၂ဝ၁ဝ၊ မတ်လ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော မောင်ဇေယျာ ရေးသားသည့် 'မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်ပါ ပန်းကန်စက် ဦးသော် (၁၈၉၃-၁၉၈ဝ)အတ္ထုပ္ပတ္တိ။
  7. ၇.၀ ၇.၁ ၇.၂ https://www.myanmarisp.com/20080816/PB/pol0079
  8. ၈.၀ ၈.၁ http://books.google.com.au/books?id=IqCxY4oZNf0C&pg=PA13&lpg=PA13&dq=The+Dobama+Movement+in+Burma+%281930-1938%29saya+tint&source=bl&ots=hV5iYl1UqQ&sig=gz0cLl4bIEnK13depKYY9zAlBKg&hl=en&sa=X&ei=gkdAUej9JcXPrQe6p4G4Ag&sqi=2&ved=0CC0Q6AEwAA#v=onepage&q=The%20Dobama%20Movement%20in%20Burma%20%281930-1938%29saya%20tint&f=false
  9. နဂါးနီ စာအုပ်အသင်း (၁၉၃၇). Retrieved on ၂၀၁၂။ Retrieved on မေ ၂၀၁၂။
  10. (၂၀၀၀ ခုနှစ်) ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်, တတိယ အကြိမ်. တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း. 
  11. ၁၉၃၉ - တရုတ်ပြည်သွား အဖြစ်အပျက် များကို ဂန္ဓာလရာဇ် အမည်ဖြင့် စာအုပ် သခင်နု ရေး၍ နဂါးနီ စာအုပ်တိုက်မှ ထုတ်ဝေ။
  12. https://www.myanmarisp.com/2010/CP/CP0042/
  13. ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈). ရဲဘော်သုံးကျိပ်, ပထမ အကြိမ်. အင်းဝ စာအုပ်တိုက်. 
  14. သခင်အောင်ကြီး(ပေါင်းတည်)၏ ထပ်တစ်လဲလဲ အမှားများ သခင်တင်မြ (ဆောင်းပါး) (04 Nov 2011).
  15. ၁၅.၀ ၁၅.၁ ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
  16. ၁၆.၀ ၁၆.၁ ၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
  17. ၁၇.၀ ၁၇.၁ ၁၇.၂ http://my.wikipedia.org/wiki/File:History_of_Burmese_Students%27_Movement_by-Aung_Tun_%28in_English%29.JPG
  18. ၁၈.၀ ၁၈.၁ http://my.wikipedia.org/wiki/File:History_of_Burmese_Students%27_Movement_by-Aung_Tun_%28in_Burmese%29.JPG
  19. Reports on meetings of the National Convention Convening Commission. The New Light of Myanmar. Retrieved on 2012-02-19
  20. နိုင်ငံတော်, အစိုးရ (၁၉၇၂). ပင်လုံညီလာခံ သမိုင်းစဉ် အကျဉ်း. ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန်, စာမျက်နှာ ၁၃၈​. 
  21. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  22. ၂၀၀ဝ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်းက ထုတ်ဝေတဲ့ မြဟန်ရဲ့ 'ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်' စာအုပ်နှင့် နံသာတိုက် ကနေ နိုင်ငံရေး ဆိုင်ရာ စာပေ ခွင့်ပြုချက် အမှတ် (၃၂၆/က) ဖြင့် ၁၉၆၈ ခုနှစ်မှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိ ခဲ့တဲ့ ရဲဘော် လှမျိုးရဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်းဝင် စာချုပ် စာတမ်းများ' စာအုပ်
  23. ၂၃.၀ ၂၃.၁ http://my.efactory.pl/%E1%80%86%E1%80%B2%E1%80%97%E1%80%84%E1%80%BA%E1%80%B8%E1%80%82%E1%80%BB%E1%80%B0%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA_%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8_%E1%80%A1%E1%80%9B%E1%80%B1%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%AF%E1%80%B6
  24. http://burmese.assknetwork.org/knowledge-centre/letter/245-2011-07-08-00-48-28.html
  25. http://burmese.assknetwork.org/component/content/frontpage/frontpage.html?start=160
  26. http://www.youtube.com/watch?v=TDRK4z5JZxc
  27. https://www.facebook.com/notes/alumni-myanmar-institutes-of-medicine-amim/brief-biography-of-brig-gen-dr-kyaw-win-frcp-dtmh/170800699604091
  28. http://en.wikipedia.org/wiki/S._N._Goenka
  29. ၂၉.၀ ၂၉.၁ (၁၉၉၅) မြို့မ မဂ္ဂဇင်း. မဂ္ဂဇင်းအတွင်းရေးမှူး ဆရာမဒေါ်ခင်ဆွေ. 
  30. http://www.mrtv3.net.mm/newpaper/37newsm.pdf
  • ဝင်းတင့်ထွန်း (၂၀၁၀၊ဩဂုတ်). ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း, ပထမ အကြိမ်. နေ့သစ်အင်အားစု၊ ဂျပန်. 

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]

125.25.184.214 ၁၆:၄၁၊ ၈ ဇွန်​ ၂၀၁၂ (UTC)