ဂန့်ဂေါခရိုင်
ဂန့်ဂေါခရိုင် | |
---|---|
ဂန့်ဂေါ-ဟားခါးလမ်း | |
ကိုဩဒိနိတ်: 21°48′N 94°11′E / 21.800°N 94.183°Eကိုဩဒိနိတ်: 21°48′N 94°11′E / 21.800°N 94.183°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေးတိုင်းဒေသကြီး |
မြို့နယ်ပေါင်း | ၄ |
မြို့တော် | ဂန့်ဂေါမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ဂန့်ဂေါခရိုင်သည် မကွေးတိုင်း အနောက်မြောက်ဘက်စွန်းတွင် တည်ရှိသည်။ ချင်းတောင်တန်းနှင့် ပုံတောင်-ပုံညာတောင်တန်း များကြားတွင် တောင် - မြောက်သွယ်တန်းလျက် ရှိသော မြစ်သာမြစ်ဝှမ်း လွင်ပြင်ဒေသ ဖြစ်သည်။ ဂန့်ဂေါခရိုင်သည် ယောနယ်ဟု လူသိများသော ဒေသဖြစ်၍ မူလက ပခုက္ကူခရိုင်တွင်ပါဝင်ခဲ့သည်။
ပါဝင်သောမြို့နယ်များ
- (၁)ဂန့်ဂေါမြို့နယ်
- (၂)ထီးလင်းမြို့နယ်
- (၃)ဆောမြို့နယ် တို့ဖြစ်ကြသည်။
ခရိုင်ရုံးစိုက်ရာမြို့
ဂန့်ဂေါမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဂန့်ဂေါမြို့တွင် လေယဉ်ကွင်းလည်း ရှိပြီး၊ ရထားလမ်း၊ ကားလမ်းများဖြင့်လည်း ဒေသအသီးသီးသို့ ဆက်သွယ် သွားလာနိုင်သဖြင့် အချက်အခြာကျသည်။ ဂန့်ဂေါမြို့မှ တဆင့် ချင်းပြည်နယ် ဟားခါးမြို့သို့ လည်းကောင်း၊ မကွေးတိုင်း ပခုက္ကူမြို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့သို့လည်းကောင်း ဆက်သွယ် သွားလာနိုင်သည်။ ယခင်က ဆောမြို့တွင် ခရိုင်ရုံး စိုက်ခဲ့ပြီး ဆောခရိုင်ဟု ခေါ်ဝေါ်ခဲ့ဖူးသည်။
အခြားမြို့များ
ဒေသတွင်း အရေးပါသော အခြားမြို့များမှာ တောင်ပိုင်းချင်းပြည်နယ်၏ အဓိက တံခါးပေါက် ဖြစ်သော ကျောက်ထုမြို့(ခေါ်)ယောမြို့၊ ထီးလင်းမြို့၊ လောင်းရှည်မြို့၊ ပုံတောင်ပုံညာတောင်တန်း အရှေ့ခြမ်းရှိ ကျောမြို့ တို့ ဖြစ်ကြသည်။