ယောမြစ်

ဝီကီပီးဒီးယား မှ
(ယောချောင်း မှ ပြန်ညွှန်းထားသည်)
ယောချောင်း
ဒေသခေါ်အမည်ယောချောင်း
Countries
  • မြန်မာ
Cities
အချက်အလက်များ
မြစ်ဖျားခံရာ ရွှန်လောင်း (ချောင်း) နှင့် ချောင်းလက်တက်များ
ရှောင်သာရွာ, မင်းတပ်မြို့နယ်, ချင်းပြည်နယ်၊ မြန်မာ
၂,၅၀၀–၁,၄၀၀ m (၈,၂၀၀–၄,၆၀၀ ft)
21°31′52″N 93°51′13″E / 21.53111°N 93.85361°E / 21.53111; 93.85361 21.531223 , 93.853831
ဒုတိယ ရေရင်းမြစ်ကျောချောင်း နှင့် အခြား ချောင်းလက်တက်များ
ပေါက်မြို့၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း၊ မြန်မာ
၃၀၀ m (၉၈၀ ft)
21°27′39″N 94°30′44″E / 21.46083°N 94.51222°E / 21.46083; 94.51222 21.460834 , 94.512261
စီးဝင်ရာနေရာဧရာဝတီ
ဆိပ်ဖြူ
20°54′13″N 94°48′39″E / 20.90361°N 94.81083°E / 20.90361; 94.81083ကိုဩဒိနိတ်: 20°54′13″N 94°48′39″E / 20.90361°N 94.81083°E / 20.90361; 94.81083
အလျား၈၅၀ km (၅၃၀ mi)[၁]
အကျယ်
  • အကျဉ်းဆုံး အကျယ်:
    ချောင်းဖျားပိုင်း (Shaung Tha) ၁၅ m (၄၉ ft); ချောင်းအောက်ပိုင်း ၄၀၀ m (၁,၃၀၀ ft)
  • ပျမ်းမျှ အကျယ်:
    ချောင်းဖျားပိုင်း ၃၀၀ m (၉၈၀ ft); ချောင်းရိုး ၄၀၀ m (၁,၃၀၀ ft) to ၈၀၀ m (၂,၆၀၀ ft); ချောင်းအောက်ပိုင်း ၉၀၀ m (၃,၀၀၀ ft) to ၁,၀၀၀ m (၃,၃၀၀ ft)
  • အကျယ်ဆုံး အကျယ်:
    ချောင်းအောက်ပိုင်း လမ်းရွာအနီး ၁,၅၀၀ m (၄,၉၀၀ ft); ချောင်းအောက်ပိုင်း ချောင်းအဝ ဆိပ်ဖြူအနီး ၂,၀၀၀ m (၆,၆၀၀ ft)
အနက်
  • အနည်းဆုံး အနက်:
    ၁ m (၃ ft ၃ in) ချောင်းဖျားပိုင်း
  • ပျမ်းမျှ အနက်:
    ချောင်းဖျားပိုင်း ၃ m (၉.၈ ft); ချောင်းလည်ပိုင်း ၅ m (၁၆ ft) to ၁၀ m (၃၃ ft), ၁၅ m (၄၉ ft) (Iron Gates); ချောင်းအောက်ပိုင်း ချောင်းအဝ ၁၀ m (၃၃ ft)
  • အများဆုံး အနက်:
    ချောင်းလည်ပိုင်း ၁၀ m (၃၃ ft); ချောင်းအောက်ပိုင်း ချောင်းအဝ ၃၀ m (၉၈ ft)
စီးဆင်းမှု
  • တည်နေရာ:
    ချောင်းအဝ
  • အနည်းဆုံး နှုန်း:
    ၁,၇၉၀ m3/s (၆၃,၀၀၀ cu ft/s)
  • ပျမ်းမျှ နှုန်း:
    (Period: ၁၉၄၈–၂၀၂၂) ၆,၅၁၀ m3/s (၂၃၀,၀၀၀ cu ft/s)
  • အများဆုံး နှုန်း:
    ၁၅,၉၀၀ m3/s (၅၆၀,၀၀၀ cu ft/s)
စီးဆင်းမှု
(တည်နေရာ ၂)
  • ပျမ်းမျှ နှုန်း:
    ၅၈၀ m3/s (၂၀,၀၀၀ cu ft/s)
စီးဆင်းမှု
(တည်နေရာ ၃)
  • ပျမ်းမျှ နှုန်း:
    ၁,၉၀၀ m3/s (၆၇,၀၀၀ cu ft/s)
စီးဆင်းမှု
(တည်နေရာ ၄)
  • ပျမ်းမျှ နှုန်း:
    ၂,၃၅၀ m3/s (၈၃,၀၀၀ cu ft/s)
စီးဆင်းမှု
(တည်နေရာ ၅)
  • ပျမ်းမျှ နှုန်း:
    ၅,၆၀၀ m3/s (၂၀၀,၀၀၀ cu ft/s)
မြစ်ဝှမ်း အချက်အလက်များ
မြစ်ဝှမ်းအရွယ်၅၀,၄၆၃ km2 (၁၉,၄၈၄ sq mi)
မြစ်လက်တက်များ
တံတားများကျောက်ထုတံတား၊ အုန်းတောတံတား၊ ရေပြာတံတား၊ ကံတွင်းတံတား၊ ကံတွင်းတံတား (မီးရထား)

ယောချောင်း (ယောမြစ်) သည် မြန်မာနိုင်ငံ ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်သည်။ [၂]

ယောချောင်းသည် ချင်းတောင်တန်းတွင် မြစ်ဖျားခံသည်။ ပုံတောင်၊ ပုံညာ တောင်တန်းများတွင် မြစ်ဖျားခံသော ကျောချောင်းနှင့် တည်နေရာ 21°25′13″N 94°36′48″E / 21.42028°N 94.61333°E / 21.42028; 94.61333 တွင် အတူတကွ ပေါင်းဆုံပြီး ပိုမို ရေစီးအားကောင်းလာသည်။ ပုံမှန်အားဖြင့် တောင်ဘက်သို့ စီးဆင်းနေသော်လည်း အရှေ့ဘက်သို့ အနည်းငယ် ဦးတည်လျက်ရှိသည်။ [၃]

မြစ်ဖျားခံရာဒေသ[ပြင်ဆင်ရန်]

ချင်းပြည်နယ်၊ နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း၊ မင်းတပ်မြို့နယ်၏ အနောက်-မြောက် ဘက် ၊ မိုင် ၂၀ ခန့် အကွာ ရှောင်သာရွာအနီး၊ ရွှန်းလောင်းချောင်း နှင့် အခြား ချောင်း ငယ်များ ပေါင်းဆုံရာမှ ယောချောင်း စတင် ဖြစ်ပေါ် စီးဆင်းသည်။

ဖြတ်သန်းစီးဆင်းရာ လမ်း‌ကြောင်း[ပြင်ဆင်ရန်]

မင်းတပ်မြို့နယ်[ပြင်ဆင်ရန်]

ယောချောင်း သည် မင်းတပ်မြို့နယ်အတွင်း စတင်မြစ်ဖျားခံရာ ဒေသမှ အရှေ့တောင်ဖက်၊ မင်းတပ်မြို့၏ မြေက်ဘက် ၅ မိုင်ခန့် အကွာ တွင် တောင်ဘက်မှ စီးဆင်းလာသော မောချောင်း နှင့် ပေါင်းဆုံပြီး အရှေ့ဖက် တောင်ကြား ထဲသို့ ဆက်လက် စီးဆင်းသည်။

ကျောက်ထုမြို့နယ်[ပြင်ဆင်ရန်]

၎င်းမှ တဆင့် အရှေ့ဖက်သို ဆက်လက်စီးဆင်းပြီး မကွေးတိုင်း၊ ကျောက်ထုမြို့ အနီးတွင် မြို့၏ မြောက်ဖက် မှ ဖြတ်သန်းစီးဆင်းသည်။ ‌ကျောက်ထုမြို့ မြောက်ဖက်၊ ပန်းဆန်ရွာ အနီးတွင် တောင်ဖက်မှ စီးဆင်းလာသော သန်းဦးချောင်း၊ မြောက်ဖက်မှ စီးဆင်းလာသော မိအေးချောင်းနှောချောင်းရေပိုချောင်း၊ ကျောက်ထုမြို့ အရှေ့မြောက်ဖက် တွင် တောင်ဖက်မှ စီးဆင်းလာသော ချေချောင်း တို့နှင့် ပေါင်းဆုံကာ ဆက်လက်စီးဆင်းသည်။

ကျောက်ထုမြို့နယ်၊ အနိမ့်ရွာ အနီးတွင် ‌မြောက်-အရှေ့-မြောက်ဖက်မှ စီးဆင်းလာသော သိမ်ချောင်း၊ အရှေ့ဖက်မှ စီးဆင်းလာသော ကြူချောင်း များနှင့် ပေါင်းဆုံပြီး တောင်ဖက်သို့ ကေွ့ ကာ စီးဆင်းသည်။

ကွန်ခင်းရွာ အနီးတွင် အရှေ့ဖက်မှ ဇလိုမချောင်း၊ အနောက်ဖက်မှ ကလိုချောင်း များ စီးဝင်သည်။

တောင်ဖက်သို့ ဆက်လက်စီးဆင်းရာ ပေါက်တော နှင့် ငှက်ချောင်းရွာ နှစ်ရွာ အကြားမှ ဖြတ်သန်းစဉ်တွင် အနောက်တောင် ဖက်မှ စီးဆင်းလာသော ကျော်ချောင်း နှင့် ပေါင်းဆုံကာ အရှေ့-တောင် ဖက်သို့ ကွေ့ကောက် စီးဆင်း သည်။

ကျင်လိန် ရွာ အနီးတွင် တောင်ဖက်မှ စီးဆင်းလာသော ဆောချောင်း နှင့် ပေါင်းဆုံကာ အရှေ့-တောင်ဖက်သို့ အနည်းငယ် ဆက်လက်စီးဆင်းပြီး မြောက်ဖက်သို့ တဖန် ပြန်လည် ‌‌ကွေ့ကောက် စီးဆင်းပြန်သည်။ ပေါက်မြို့နယ် အစပ် ပေါက်မြို့နယ် သက္ကယ်ကျင်းရွာအနီးတွင် မြောက်ဖက်မှ စီးဆင်းလာသော ကွက်ဝန်းချောင်းဖလံမကြီးချောင်း များ စီးဝင် ပြီး နောက် ပေါက်မြို့နယ် အတွင်း ဆက်လက်စီးဆင်းသည် ။

ပေါက်မြို့နယ်[ပြင်ဆင်ရန်]

တောင်ဖက်မှ စီးလာသော လက်ပန်ချောင်း စီးဝင်သည်။

တဇုရွာ အနီးတွင် မြောက်ဖက်မှ စီးဆင်းလာသော ချောင်းနက်ချောင်း ၊ တောင်ဖက်မှ နဲဝဲချောင်းများ စီးဝင်သည်။

ကင်ဆော့ရွာ အနီးတွင် တောင်ဖက် ဆိပ်ဖြူမြို့နယ်အတွင်း မြစ်ဖျားခံစီးဆင်းလာသော မြေနီချောင်း နှင့် ပေါင်းဆုံက မြောက်ဖက်သို့ ကွေ့ကောက် စီးဆင်းသည် ။

ဝင်းချွန်းရွာ အနီးတွင် မြောက်ဖက်မှ ဝင်းချွန်းချောင်း စီးဝင်ပြီးနောက် အရှေ့မြောက်ဖက်သို့ ဦးတည် စီးဆင်းသည်။ တပ်ကုန်းရွာ အနီးတွင် အရှေ့-တောင် ဖက်မှ စီးဆင်းလာသော တည်ပင်ချောင်း၊ ကျောက္ကာရွာ အနီးတွင် အနောက်ဖက်မှ နှောရင်ချောင်း၊ အနောက်-မြောက်ဖက်မှ ပစ်မချောင်း များ စီးဝင်သည်။ အ‌ရှေ့တောင် ဖက်မှ စီးဆင်းလာသော ဝန်လည်ချောင်း စီးဝင်ပြီးနောက် ပေါက်မြို့ အနီးသို့ စီးဆင်းသည် ။

ပေါက်မြို့ အရှေ့ဖက်တွင် တောင် မှ ‌မြောက်သို့ စီးဆင်းစဉ် ပုံတောင် နှင့် ပုံညာ တောင်တန်းများမှ မြစ်ဖျားခံစီးဆင်းလာပြီး ပေါက်မြို့ မြောက်ဖက်မှ ဖြတ်သန်းစီးဆင်းလာသော ကျောချောင်းမကြီး နှင့် အုန်းတောတောင်စုကျေးရွာအနီးတွင် ပေါင်းဆုံမိပြီး အရှေ့-အရှေ့-တောင် ဖက်သို့ ကွေ့ကောက်ကာ ဆက်လက် စီးဆင်းသည်။

စံဖဲရွာ အနီး မြောက်ဖက်မှ ရေတိမ်ချောင်း၊ သမတောရွာ အနီးတွင် မြောက်ဖက်မှ ကပြိုချောင်းအင်ဂဲနီချောင်းကျွဲတဲ့ချောင်း သုံးချောင်း ပြိုင်တူစီးဝင်သည်။ ပြင်ချောင်းရွာအနီးတွင် အရှေ့-မြောက်ဖက်မှ စီးဆင်း‌လာသော နှောဘောက်ချောင်း နှင့် ဝါးတောချောင်း နှစ်ချောင်း ပေါင်းဆုံကာ စီးဝင်သည် ။ နံ့သာရွာ နှင့် ‌ကျောင်းကုန်းရွာ နှစ်ရွာကြားတွင် အနောက်တောင်ဖက်မှ ဝါးတော အမည်နှင့်ပင် ချောင်း တချောင်း စီးဝင်ပြန်သည်။ နတ်စင်ကုန်းရွာ အနီးတွင် မြောက်ဖက်မှ စီးဆင်းလာသော ကုလားပိချောင်း စီးဝင်ပြီးနောက် တောင်ဖက်သို့ ကွေ့ကာ ပခုက္ကူမြို့နယ်အတွင်းသို့ ဆက်လက်စီးဆင်း သည် ။

ပခုက္ကူမြို့နယ်[ပြင်ဆင်ရန်]

ဂဝံလေးတိုင်ရွာ အနီးတွင် အရှေ့ဖက်မှ လဲတောင်ချောင်း၊ အနောက်ဖက်မှ ခပင်ချောင်း များ စီးဝင်ပြီးနောက် ပခုက္ကူ နှင့် ဆိပ်ဖြူ နယ်စပ်မျဉ်း အတိုင်း တောင်ဖက်သို့ ဆက်လက်စီးဆင်းသည်။

ဆိပ်ဖြူမြို့နယ်[ပြင်ဆင်ရန်]

ဆိပ်ဖြူမြို့နယ် အင်းကန်ရွာ အနီးတွင် အနောက်မြောက်ဖက်မှ တွင်းမချောင်း နှင့် အနောက်-တောင်ဖက်မှ ကျောက်ကြီးချောင်း၊ ပခုက္ကူမြို့နယ် စညောင်ရွာ အနီးတွင် အရှေ့မြောက်ဖက်မှ စညောင်ချောင်း၊ ဆိပ်ဖြူမြို့နယ် သံပရာပင်ရွာ အနီးတွင် အနောက်ဖက်မှ ဝဲမချောင်း၊ ဆိပ်ဖြူမြို့နယ် ရွာမ နှင့် ကပိုင်ရွာ အကြားတွင် အနောက်မြောက်ဖက်မှ ‌ပျောက်ချောင်း၊ အနောက်ဖက်မှ မှော်ချောင်း၊ အနောက်တောင်ဖက်မှ ဝန်လိုချောင်း သုံးချောင်း တပေါင်းတည်း ပေါင်းဆုံစီးဝင်သည်။ ဆိပ်ဖြူမြို့နယ် ဒေါသာရွာ အနီးတွင် အနောက်ဖက်မှ ချစ်ချောင်း စီးဝင်သည်။

ချောင်းဝ[ပြင်ဆင်ရန်]

ယောချောင်းသည် ဆိပ်ဖြူမြို့ မှ[၄] အထက်ဘက် 20°54′13″N 94°48′39″E / 20.90361°N 94.81083°E / 20.90361; 94.81083 မှ ဧရာဝတီမြစ်၏ လက်ယာဘက် (အနောက်) သို့ စီးဝင်သည်။

ချောင်းလက်တက်များ[ပြင်ဆင်ရန်]

အဓိက ချောင်းလက်တက်များ[ပြင်ဆင်ရန်]

မြောက်(လက်ဝဲ) ဖက်မှ[ပြင်ဆင်ရန်]

  1. ကျောချောင်း

တောင် (လက်ယာ) ဖက်မှ[ပြင်ဆင်ရန်]

  1. မောချောင်း
  2. ဆောချောင်း
  3. မြေနီချောင်း
  4. တွင်းမချောင်း
  5. ဝဲမချောင်း
  6. ချစ်ချောင်း

ချောင်းလက်တက်ငယ်များ[ပြင်ဆင်ရန်]

မြောက်ဖက်မှ[ပြင်ဆင်ရန်]

  1. မိအေးချောင်း
  2. နှောချောင်း
  3. ရေပိုချောင်း
  4. သိမ်ချောင်း
  5. ကြူချောင်း
  6. ဇလိုမချောင်း
  7. ကွတ်ဝန်းချောင်း
  8. ဖလံမကြီးချောင်း
  9. ချောင်းနက်ချောင်း
  10. ဝန်ချွန်းချောင်း
  11. တည်ပင်ချောင်း
  12. ဝန်လည်ချောင်း
  13. ရေတိမ်ချောင်း
  14. ကပြိုချောင်း
  15. အင်ဂဲနီချောင်း
  16. ကျွဲတဲ့ချောင်း
  17. နှောဘောက်ချောင်း
  18. ဝါးတော (အရှေ့) ချောင်း
  19. ကုလားပိချောင်း
  20. လဲတောင်ချောင်း
  21. စညောင်ချောင်း

တောင်ဖက်မှ[ပြင်ဆင်ရန်]

  1. ရွှင်လောင်း‌ချောင်း
  2. သန်းဦးချောင်း
  3. ချေချောင်း
  4. ကလိုချောင်း
  5. ကျော်ချောင်း
  6. လက်ပန်ချောင်း
  7. နဲဝဲချောင်း
  8. နှောရင်ချောင်း
  9. ပစ်မချောင်း
  10. ဝါးတော (အနောက်) ချောင်း
  11. ခပင်ချောင်း
  12. ကျောက်ကြီးချောင်း
  13. ပျောက်ချောင်း
  14. မှော်ချောင်း
  15. ဝန်လိုချောင်း

အထက် ဖော်ပြပါ ချောင်းများအပြင် အမည် မှည့်ခေါ် ထားခြင်း မရှိသည့် ချောင်းလက်တက်ငယ် အများအပြား ရှိနေသေးသည် ။

ရာသီဥတု[ပြင်ဆင်ရန်]

မြင့်မားသည့် ချင်းတောင်တန်းသည် ယောချောင်း ဒေသ ကို မုတ်သုန်မိုး မရစေရန် ကာကွယ်ထားသည်။ တနည်းအားဖြင့် ယောဒေသသည် မိုးကွယ်အရပ်၊ မိုးခေါင် ရေရှား ရပ်ဝန်းတွင် ပါဝင်သည်။ ‌ယော ချောင်းသည် မိုးခေါင်ရေရှား ရပ်ဝန်းကို စိုက်ပျိုးရေ ထောက်ပံ့ ပေးဝေသည့် အဓိက အသက်သွေး‌ကြော ဖြစ်သည် ။

ရေစီး ‌ရေဆင်း[ပြင်ဆင်ရန်]

ပင်လယ်မျက်နှာပြင်အထွက် ပေ ၈၅၀၀ ခန့်မြင့်သည့် ချင်းတောင်တန်းများ မှ စတင်စီးဆင်းပြီး အမြင့်ပေ ရာဂဏန်းမျှသာ မြင့်သည့် မြေပြန့်သို့ တရှိန်ထိုး စီးဆင်းလာသဖြင့် ‌ယောချောင်းရေ သည် ရေစီးအလွန်သန်သည် ။ လူများ၊ တိရစ္ဆာန်များ မကြာခဏ မျောပါလေ့ရှိသည် ‌။ ရေစီးသန်သဖြင့် ချောင်းဖျားပိုင်းမှ တိုက်စားလာသော အနည်များကို သယ်ဆောင်လာကာ ရေမှာ ဆောင်း နွေ အခါများတွင်ပင် များစွာ ကြည်လင်ခြင်းမရှိပေ။ အနည်များသလို ‌မြေ ဆီ ဩဇာ ကြွယ်ဝ သဖြင့် စိုက်ပျိုးရေး အတွက် များစွာ သင့် တော်သည်။ ချောင်းဖျားမှ အနည်များသည် မြေမျက်နှာပြင် ပိုမိုညီညာပြန့်ပျူးသည့် ပေါက်၊ ပခုက္ကူ၊ ဆိပ်ဖြူ မြို့နယ်များ တွင် ပြန်လည် ပို့ချသဖြင့် အဆိုပါ မြို့နယ်များတွင် မိုးအကုန် ပွင့်လင်းရာသီ စတင်သည်နှင့် ချောင်း တလျှောက် သဲသောင်ခုံများ ပေါ်ထွန်း လာစမြဲ ဖြစ်သည် ။ အဆိုပါ သဲသောင်ခုံများ ‌ေါ်တွင် စိုက်ပျိုရေး လုပ်ကိုင်ကြသည်။ အနည်ပို့ချချိန်တွင် ဓာတ်သတ္တုများလည်း ပို့ချမှု ရှိသဖြင့် ချောင်းဝ အနီး သဲသောင် များတွင် ရွှေကျင်ကြသူများ ရှိသည် ‌။

စိုက်ပျိုးရေး[ပြင်ဆင်ရန်]

ယောချောင်းနှင့် ချောင်းလက်တက်များသည် ဒေသတွင်း မြို့ရွာများစွာတို့ တွင် စိုက်ပျိုးရေ အဓိက ပံ့ပိုးပေးသည့် အရေးကြီး ‌ရေအရင်းမြစ် ဖြစ်သည် ။

မိုးအကုန်တွင် ‌ပေါ်ထွန်းသည့် သဲသောင်များ ပေါ်တွင် စိုက်ပျိုးကြသည် ။

ယော ချောင်း တလျှောက် သဲသောင်များတွင် ကြက်သွန်(နီ) ကို အဓိက စိုက်ပျိုးကြသည်။ ရန်ကုန် နှင့် မန္တလေး ကုန်စည်ဒိုင်များတွင် ကြက်သွန်နီ ‌ေးနှုန်း များ သတ်မှတ် ထုတ်ပြန် ကြေညာရာတွင် ဆိပ်ဖြူကြက်သွန် ကို စံအဖြစ် အဓိကထား အသုံးပြုကြသည် ။ အထူးသဖြင့် ဆိပ်ဖြူမြို့နယ် အတွက် ကြက်သွန် သည် အဓိက စီးပွား‌ေး တခု ဖြစ်သည်။

ငါးဖမ်းခြင်း[ပြင်ဆင်ရန်]

ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးသူများရှိသည်။

ဆည် တမံများ[ပြင်ဆင်ရန်]

ယောချောင်းမကြီးပေါ်တွင် ဆည် တာ တမံများ တည်ဆောက်ထားခြင်း မရှိပါ။

သို့သော် ပေါက်မြို့နယ် သီးချောက်အုပ်စု သီးချောက်ကျေးရွာ တွင်မူ ချောင်းမကြီးမှ ရေကို သွယ်တန်းယူကာ ကျေးရွာပိုင် ရေအားလျှပ်စစ် ထုတ်ယူ သုံးစွဲသည် ထိုမှတဆင့် သီးချောက်ကျေးရွာ သပွတ်စုကျေးရွာများကို ဖြတ်သန်းကာ အုန်းတောတောင်စုကျေးရွာတွင် အဆုံးသတ်သည်။ စိုက်ပျိုးသည့် လယ်မြေများအတွက် ရေသွယ်ယူပေးသော အဓိက မြောင်းမကြီး ဖြစ်သည်

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

ရေစီးသန်သဖြင့် ‌ရေကြောင်းပို့ဆောင်ရေး အတွက် များစွာ အသုံးမဝင်လှပေ။ မိုးရာသီတွင် ဝါးဖောင် သစ်ဖောင်များ မျှောရန် အသုံးပြုကြသည်။ ချောင်းကို လှေများဖြင့် ဖြတ်သန်း သွားလာခြင်းများရှိသည်။ ငါးဖမ်းရာတွင် လှေ အသုံးပြုခြင်းများရှိသည် ။

တံတားများ[ပြင်ဆင်ရန်]

  1. ကျောက်ထုတံတား
  2. အုန်းတောတံတား (ပေါက်မြို့နယ်)
  3. ရေပြာတံတား (ပေါက်မြို့နယ်)
  4. ကံတွင်းတံတား (ဆိပ်ဖြူမြို့နယ်)
  5. ကံတွင်း မီးရထားတံတား (ဆိပ်ဖြူမြို့နယ်)

အဆိုပါ ကားလမ်း မီးရထားလမ်း တံတားကြီးများအပြင် ကျေးရွာများ၏ ကိုယ်ထူကိုယ်ထ လူကူး ယာယီ ဝါးတံတားများကို ပွင့်လင်းရာသီများတွင် ပြုလုပ်သုံးစွဲခြင်းများ ရှိသည် ။

မြို့များ[ပြင်ဆင်ရန်]

ယောချောင်း ဖြတ်သန်းစီးဆင်းရာ မြို့များမှာ

  1. မင်းတပ်မြို့ (မြို့မြောက်ဖက် ၅ မိုင်ခန့် အကွာမှ ဖြတ်သန်းစီးဆင်း)
  2. ကျောက်ထုမြို့
  3. ပေါက်မြို့ နှင့်
  4. ဆိပ်ဖြူမြို့

တို့ဖြစ်သည်။

ရွာများ[ပြင်ဆင်ရန်]

ယောချောင်း ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်း တလျှောက်တွင် ရွာများစွာ ရှိသည်။

မင်းတပ်မြို့နယ်[ပြင်ဆင်ရန်]

  1. ရှောင်ထရွာ

ကျောက်ထုမြို့နယ်[ပြင်ဆင်ရန်]

  1. အနိမ့်ရွာ
  2. ကွန်ခင်းရွာ
  3. ပေါက်တောရွာ
  4. ငှက်ချောင်းရွာ
  5. ကျင်လိန် ရွာ

ပေါက်မြို့နယ်[ပြင်ဆင်ရန်]

  1. အုန်းတောတောင်စုကျေးရွာ
  2. စံဖဲရွာ
  3. သမား​တော်ရွာ
  4. ပြင်ချောင်းရွာ
  5. နံ့သာရွာ
  6. ကျောင်းကုန်းရွာ
  7. နတ်စင်ကုန်းရွာ

ပခုက္ကူမြို့နယ်[ပြင်ဆင်ရန်]

  1. ဂဝံလေးတိုင်ရွာ
  2. စညောင်ရွာ

ဆိပ်ဖြူမြို့နယ်[ပြင်ဆင်ရန်]

  1. အင်းကန်
  2. သံပရာပင်
  3. ရွာမ
  4. ကပိုင်
  5. ဒေါသာ

ယောဒေသ နှင့် ‌ယော ယဉ်ကျေးမှု[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - ယောမြစ် နှင့် [[ယောနယ်|ယောနယ်]]

ယောချောင်း နှင့် ၎င်း၏ မြစ်လက်တက်၊ ချောင်းလက်တက်များ ဖြတ်သန်း စီးဆင်းရာဒေသများ၊ မြစ်ဝှမ်းလွင်ပြင်များ ကို ‌ယောဒေသ ဟု ခေါ်သည်။

ယောချောင်း နှင့် ၎င်း၏ မြစ်လက်တက်၊ ချောင်းလက်တက်များကို အမှီပြု စိုက်ပျိုး အသက်မွေး စီးပွားရှာကြသော ဒေသခံ လူမျိုးမှာ ယောလူမျိုးများ အများစု ဖြစ်သည်။ မြန်မာ စကား အုပ်စုဝင် ယော ဘာသာစကားကို ပြောဆိုကြသည်။ ကိုယ်ပိုင် ယာဉ်ကျေးမှု ရှိသော လူမျိုးတမျိုးဖြစ်သည်။

လူသားအစ ‌ယောဒေသ[ပြင်ဆင်ရန်]

ယောဒေသ ကျောချောင်း မြစ်ဖျားခံရာ ကျောမြို့အနီး ပုံတောင် တောင်တန်း နှင့် ပုံညာ တောင်တန်း တို့တွင် လူသား အဖြစ် သို့ တဆင့်ခြင်း ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် အတွင်း ခေတ်သစ် လူသား အဖြစ် စတင် ရောက်ရှိကာစ လူတူ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရသည် ။ အခြား နိုင်ငံများတွင် တွေ့ရသော လူတူ ပရိုင်းမိတ်များထက် စော သဖြင့် လူသားအစ မြန်မာက၊ လူသားအစ ယောဒသ က ဟု ယူဆရသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. "Irrawaddy River"Encyclopædia Britannica (Online ed.)30 April 2022 တွင် ပြန်စစ်ပြီး
  2. မြန်မာနိုင်ငံ မြေတိုင်းဌာန UTM မြေပုံများ (ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ မကွေးတိုင်း ဂန့်ဂေါခရိုင်မြို့နယ်များ နှင့်၊ ပခုက္ကူခရိုင် ‌ေါက်၊ ပခုက္ကူ၊ ဆိပ်ဖြူ မြို့နယ်များ)
  3. Burma 1:250,000 topographic map, Series U542, NF 46-12 Myingyin U.S. Army Map Service, August 1960
  4. Burma 1:250,000 topographic map, Series U542, NF 46-16 Yenangyaung U.S. Army Map Service, August 1960