ဂွမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဂွမြို့
မြန်မာနိုင်ငံရှိ မြို့များ
ဂွမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဂွမြို့
ဂွမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 17°35′N 94°35′E / 17.583°N 94.583°E / 17.583; 94.583
နိုင်ငံအမည်  မြန်မာ
ပြည်နယ် Flag of Rakhine.svg ရခိုင်ပြည်နယ်
ခရိုင် သံတွဲခရိုင်
မြို့နယ် ဂွမြို့နယ်
လတ္တီကျု (၁၇)ဒီဂရီ၊ (၃၅)မိနစ်
လောင်ဂျီကျု (၉၄)ဒီဂရီ၊ (၃၅)မိနစ်
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ဂွမြို့သည် မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ် သံတွဲခရိုင်၏တောင်ဖက်အစွန်ဆုံး ဂွမြို့နယ်ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည်။ ဂွမြစ်၏ လက်ယာဘက်ကမ်းတွင် တည်ရှိ၍ ဂွမြို့ဟု ခေါ်သည်။ အရှေ့ဘက်တွင် ရခိုင်ရိုးမတောင်ခြေ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်ကြီးရှိသည်။ ဂွမြို့မှ မော်တင်စွန်းကို ကွေ့ပြီး ငဝန်မြစ်အတိုင်း ဆန်တက်လျှင် ပုသိမ်မြို့သို့ရောက်သည်။

ဂွမြို့မှ မြောက်ဖက်သို့လားသော် မိုင် ၅ဝ ခန့်တွင် ရှောက်ကုန်းရွာကျောက်ပုံရေးစခန်း၌ သံတွဲမြို့နယ်နှင့် ပိုင်းခြားထားသော နယ်ခြားကျောက်တိုင်ရှိသည်။ ဂွမြို့မှ တောင်ဖက်သို့ ၁၂ မိုင်ခန့်လားသော် သာပေါင်းမြို့နယ်နိမိတ်နှင့် စပ်မိ၏။ အရှေ့ဖက်တွင် ရခိုင်ရိုးမတောင်ခြေ၊ အနောက်ဖက်တွင် ဘင်္ဂလားပင်လယ်အော်ရှိသည်။ ချောင်းဂွဆုံ၊ မြစ်ဂွဆုံတွင် တည်ရှိသဖြင့် ဂွဟု အမည်တွင်သည်။ ဧရာဝတီတိုင်းကို ကားလမ်းဖြင့် လွယ်ကူစွာ သွားလာနိုင်သည်။ ဂွကမ်းခြေသည် ဂငယ်ပုံသဏ္ဌာန် ရှိပြီး နှစ်မိုင်ခန့် ရှည်သည်။ ၁၇၃-ပေမြင့်သော မင်းတောင်သည် ထင်ရှားသည်။အမြင့်ဆုံးတောင်မှာ (၁၈၆၈)ပေမြင့်သည့် ဇီးဇောင်းတောင် ဖြစ်သည်။ မြို့ဧရိယာ စတုရန်းမိုင်မှာ (၀.၅၃)စတုရန်းမိုင် ဖြစ်ပြီး မြို့နယ်တစ်ခုလုံး၏ စတုရန်းမိုင်မှာ (၈၈၅.၁၁) စတုရန်းမိုင် ကျယ်ဝန်းသည်။ မြို့ပေါ်နေ လူဦးရေသည် ၇၄၂၂-ဦးရှိပြီး မြို့နယ်တစ်ခုလုံးမှာ ၃၇၃၃၉-ဦးရှိသည်။ ပြင်ပသို့ ထွက်ခွာသူ များသဖြင့် လူဦးရေတိုးနှုန်း အလွန်နှေးကွေးသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရခိုင်တိုင်းကို ဗြိတိသျှတို့ သိမ်းပိုက်၍ သံတွဲခရိုင်ကို သတ်မှတ်စဉ်က ဂွမြို့နယ်သည် သံတွဲခရိုင်၌ အပါအဝင်ဖြစ်သည်။ သို့သော် ခရစ် ၁၈၅၂ ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲ အပြီးတွင် မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှတို့ သိမ်းပိုက် လိုက်သောအခါ ဂွမြို့နယ်တွင်းရှိ ကျိန်တလီရွာအထိ ပါဝင်သောဒေသကို ပုသိမ်မြို့နယ်နှင့် ပေါင်းစပ်လိုက်သည်။ သို့သော် တစ်ဖန် ခရစ် ၁၈၆၄ ခုနှစ်သို့ ရောက်သောအခါ ယင်းနယ်ကို သံတွဲခရိုင်သို့ ပြန်လည်သွတ်သွင်းပြီးလျှင် ဂွမြို့ကို ယခင်က အတိုင်း တည်ရှိစေခဲ့သည်။

စီးပွားရေး[ပြင်ဆင်ရန်]

ဂွမြို့နယ်၏ အဓိကလုပ်ငန်းမှာ တံငါလုပ်ငန်း ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းသည် မြို့နယ်တွင်း ဖူလုံမျှတစ်ရုံသာ ရှိသည်။ ယင်းမြို့နယ်မှ မျှင်ငါးပိအကောင်းစား ထွက်သော်လည်း အခြားအရပ်သို့ တင်ပို့ရောင်းချလောက်အောင် မထွက်ချေ။ ဆန်စပါး စိုက်ပျိုးသည်။ သစ်၊ ဝါး၊ အုန်းသီး ပေါသည်။ ရောင်းရေးဝယ်တာအတွက် ဂွမြို့နှင့် ပုသိမ်မြို့တို့တွင် ကတ္တူသမ္ဗန်ကြီးများဖြင့် အဆက်အသွယ် ရှိကြသည်။ ဂွမြို့မှ မော်တင်စွန်းကိုကွေ့၍ ငဝန်မြစ်အတိုင်း ဆန်တက်လျှင် ပုသိမ်မြို့သို့ ရောက်နိုင်သည်။ ကျိန္တိလိ မပါပဲ ဒီရေတောမှာ ၁၂.၁၃-စတုရန်းမိုင်၊ စပါးစိုက်ဧရိယာမှာ ၁၉.၇၆-စတုရန်းမိုင်ရှိသည်။ ကျေးရွာအုပ်စု ၂၁-စု၊ ရွာငယ် ၁၀၄-ရွာရှိသည်။ လယ်ယာစိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ အုန်းပင်နှင့် နနွင်းစိုက်ပျိုးခြင်းများ ရှိသည်။ ပုဇွန်ကန် ၄-ကန်နှင့် မွေးမြူရေးဧရိယာ ဧက ၅၀ ရှိသည်။

ပတ်ဝန်းကျင်[ပြင်ဆင်ရန်]

သိမ်ကုန်းစေတီ၊ ကျိန္တိလိစေတီ၊ ကမ်းသာယာ၊ သဘာဝအတိုင်း လှပစွာရှိနေသေးသော တိုင်ကျိုးကျေးရွာရှိကမ်းခြေနှင့် သစ်တိုင်တစ်တိုင်တည်းဖြင့် တည်ဆောက်ထားသော တပင်တိုင်ဘုန်းတော်ကြီးကျောင်းတို့မှာလည်း ထင်ရှားသည်။ ၁၈၅၃ မှ ၁၈၆၄ ထိ (ရခိုင်မှ ဖဲ့ထုတ်ကာ ပလက်ဝကဲ့သို့) ဧရာဝတီဒေသ၊ ပုသိမ်နယ်ထဲသို့ ခေတ္တထည့်သွင်းခြင်း ခံရသေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အောင်လှသိန်း၊ ရခိုင်ပြည်ရှိ မြို့များ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် အထွေထွေမှတ်သားဖွယ်ရာများ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

ပြင်ပလင့်များ[ပြင်ဆင်ရန်]