တောင်ပြိုလက်ဝဲမြို့

ဝီကီပီးဒီးယား မှ
တောင်ပြိုလက်ဝဲ
တောင်ပြိုလက်ဝဲ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တောင်ပြိုလက်ဝဲ
တောင်ပြိုလက်ဝဲ
တောင်ပြိုလက်ဝဲ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 21°12′N 92°12′E / 21.2°N 92.2°E / 21.2; 92.2ကိုဩဒိနိတ်: 21°12′N 92°12′E / 21.2°N 92.2°E / 21.2; 92.2
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်မောင်တောခရိုင်
မြို့နယ်မောင်တောမြို့နယ်[၁]
ဧရိယာ
 • စုစုပေါင်း၆.၈ စတုရန်းကီလိုမီတာ (၂.၆၂ စတုရန်းမိုင်)
လူဦးရေ (၂၀၁၄)၂,၅၈၆[၂]

တောင်ပြိုလက်ဝဲမြို့သည် ရခိုင်ပြည်နယ် မြောက်ဖျားပိုင်း မောင်တောခရိုင်၌ တည်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက်စွန်းတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် တောင်ပြိုလက်ဝဲကျေးရွာမှ ဒေးပိုင်ညာ၊ ဆင်မကာရာ၊ ရာမျိုးကာရာ၊ ဖွေးရာနှင့် မြောက်ရွာတို့ကို စုစည်း၍ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ဖြင့် တောင်ပြိုလက်ဝဲမြို့အဖြစ်လည်းကောင်း၊ တောင်ပြိုလက်ဝဲမြို့အပါအဝင် တောင်ပြိုလက်ယာ၊ မီးတိုက်၊ ကွမ်းသီးပင်၊ သဲချောင်း၊ လိပ်ရ၊ ကျောက်ချောင်း၊ ကျွန်းပေါက်ပြုစု၊ ကျွန်းပေါက်ဆင်အိုး၊ ဇီးပင်ချောင်း၊ ရေတွင်းပြင်ကျေးရွာအုပ်စု ၁၀ အုပ်စုကို စုစည်း၍ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် မြို့နယ်ခွဲစကားရပ်အား ပယ်ဖျက်ကာ မြို့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.
  2. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၀။
  3. မောင်တောမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)။ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ အောက်တိုဘာ ၂၀၁၇။ 4 March 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ ၂၉ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး