ကမ်းထောင့်ကြီးမြို့
| ကမ်းထောင့်ကြီးမြို့ | |
|---|---|
| ကမ်းထောင့်ကြီးမြို့ တည်နေရာ၊ မြန်မာ။ | |
| ကိုဩဒိနိတ်: 19°51′25″N 93°45′32″E / 19.856954°N 93.759019°Eကိုဩဒိနိတ်: 19°51′25″N 93°45′32″E / 19.856954°N 93.759019°E | |
| နိုင်ငံ | |
| ပြည်နယ် | ရခိုင်ပြည်နယ် |
| ခရိုင် | မြောက်ဦးခရိုင် |
| မြို့နယ် | မြေပုံမြို့နယ် |
ကမ်းထောင့်ကြီးမြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။
၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ကမ်းထောင့်ကြီးမြို့ မဟာရတနာဒီပအုတ်ကျောင်းရှိ ရှေးဟောင်းစေတီ ၃၂ ဆူမှ တစ်ဆူထီးတော် မြေခကာ နှစ်ဆူမှာ အင်္ဂတေများ ကွာကျခဲ့သည်။
ကမ်းထောင့်ကြီးကျေးရွာ၏ ပထမရွာအမည်မှာ ကမ်းပါးနီရွာဟု စတင်အမည်ခေါ်တွင်ခဲ့ကြောင်းသိရှိရပါသည်။ ကမ်းပါးနီရွာဟု ခေါ်တွင် ရခြင်းမှာ ၎င်းအချိန်တွင် ကမ်းပါးနီရွာသည် မတ်စောက်ပြီးအဝေးမှပင် နီရဲနေသည်ကို မြင်တွေ့ရခြင်းအား အဆိုပြု၍ခေါ်ဝေါ်ခဲ့ကြောင်း လေ့လာ သိရှိပါသည်။ ကမ်းထောင့်ကြီးကျေးရွာဟု အမည်ပြောင်းရခြင်းမှာ ကမ်းပါး နီရွာတွင် ၎င်းအချိန်၌ ဝမ်းရောဂါကပ်ဆိုးဝင်ရောက်မှုကြောင့် လူအသေ အပျောက်များ၍ ယတ္တယာဆရာများဖြင့် ယတ္တယာပြုလုပ်၍ ခရစ်သက္ကရာဇ် ၁၈၇၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်တွင် ကမ်းပါးနီရွာအား ကမ်းထောင့်ကြီးကျေးရွာဟုအမည်ပြောင်းလဲပေးခြင်းဖြစ်ပါသည်။ကမ်း ထောင့်ကြီးမြို့အား မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၂၇.၂.၂၀၁၅)ရက်စွဲပါ စာအမှတ်၊ ၄၅၆/ ၁ / ၃- ၄/ ရေး ၁ (အထဥ)ဖြင့် ထုတ်ပြန်သည့်အမိန့် ကြေညာစာများအရ ရွာသစ်ရပ်ကွက်၊ မြောက်ပိုင်းရပ် ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ရွာသာယာ ရပ်ကွက် (၅)ရပ်ကွက်ဖြင့် ကမ်းထောင့်ကြီးမြို့အဖြစ်ဖွဲ့စည်းပြုခဲ့ပါသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်ကံ (၂၈ စက်တင်ဘာ ၂၀၁၆)။ ငလျင်ဒဏ်သင့် မြောက်ဦးမြို့ ရတနာ့မာန်အောင်စေတီ ရှေးမူမပျက် ပြုပြင်။ ၇ ရက်နေ့စဉ်သတင်းစာ။ 1 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
| ဤ ရခိုင်ပြည်နယ် ပထဝီဝင် တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
- ↑ မြို့အုပ်ချုပ်ရေးမှူး မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကမ်းထောင့်ကြီးမြို့။ ကမ်းထောင့်ကြီးမြို့၏ဒေသဆိုင်ရာအချက်အလက်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။[လင့်ခ်သေ]