ပလောက်မြို့

ဝီကီပီးဒီးယား မှ
၀၈:၀၈၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ
ပလောက်မြို့
မြို့
ပလောက်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပလောက်မြို့
ပလောက်မြို့
ပလောက်မြို့ တည်နေရာ
ကိုဩဒိနိတ်: 13°15′44″N 98°37′53″E / 13.26222°N 98.63139°E / 13.26222; 98.63139
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်မြိတ်ခရိုင်
မြို့နယ်ပုလောမြို့နယ်
ဧရိယာ
 • စုစုပေါင်း၄၄.၅၂ စတုရန်းကီလိုမီတာ (၁၇.၁၉ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၃ မီတာ (၄၃ ပေ)
လူဦးရေ (၂၀၁၄)၆,၁၇၆[၁]
 • လူမျိုးများဗမာ မြန်မာ၊ ချင်းမွန်ကရင်
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ ၃၈၄၀
အစ္စလာမ်ဘာသာ၄၂၈
ခရစ်ယာန်၂၂၂၁
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပလောက်မြို့[၂] သည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်ရှိ ပုလောမြို့နယ်တွင်ပါဝင်သော မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။[၃] ယခင်ပုလောမြို့နယ်၏ ရပ်ကွက် (၅)ခု၊ကျေးရွာအုပ်စု (၂၇)ခု၊ ကျေးရွာ ခွဲ (၃၁)ရွာ၊ အိမ်ခြေ (၅၁၆၂)၊ အိမ်ထောင်စု (၅၂၀၂)၊ လူဦးရေ (၂၇၉၆၉)ဦးဖြင့် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၁.၁၁.၂၀၀၂) ရက်စွဲပါ အမှုတွဲအမှတ် (၂/၂၀၀၂-၂၀၀၃)ဖြင့် တင်ပြချက် အရ အသစ်ဖွဲ့စည်း လိုက်ပြီး (၁၀.၄.၂၀၀၃) ရက်နေ့မှစ၍ မြို့နယ်ခွဲ အဖြစ် ဖွင့်လှစ်ကာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား အထက် အဖွဲ့အစည်းအဆင့်ဆင့်၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများ အား ဆောင်ရွက် လျက်ရှိပါသည်။ (၁၅.၇.၂၀၁၄) ရက်စွဲပါ စာအမှတ်၊ ၁၀၀/ ၆-၃၆/(၉၉၂)/ရေး ၁ (အထဥ) အမိန့်ကြော်ငြာ စာအမှတ် (၃၂၇/၂၀၁၄) ဖြင့် မြို့နယ်ခွဲကိုဖျက်သိမ်း၍ ပလောက် မြို့ အဖြစ် ပြင်ဆင်ဖွဲ့စည်းသတ်မှတ်၍ မြို့ရွာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါသည်။ [၄]

ပလောက်မြို့နယ်ခွဲ တစ်ခုလုံးရှိ လူဦးရေမှာ ၃၆,၅၅၄ ဦး ဖြစ်ပြီး ပလောက်မြို့ပေါ်ရှိ လူဦးရေမှာ ၆,၁၇၆ ဦး ဖြစ်သည်။[၁]

ဒေသသမိုင်းအကျဉ်း

ပလောက်မြို့တည်ရှိရာနေရာသည် ရှေးကပင်လယ်ပြင်ဖြစ်ခဲ့ပြီး ပေါ်တူဂီ လူမျိုးများ ကုန်စည် သင်္ဘော များဖြင့် ၀င်ထွက် သွားလာစဉ် သင်္ဘော တစ်စီးမှာ ရှင်မကန် ကျောက်ဆောင်နှင့် တိုက်မိပြီး နစ်မြှုပ်ခဲ့ သည်။ သင်္ဘောနစ်မြှုပ်ရာနေရာတွင် ရေတိမ် ဖြစ်ပေါ်လာပြီး ထား၀ယ် ဒေသမှ ဗမာလူမျိုးများ စတင် ၀င်ရောက် နေထိုင်ခဲ့ကြသည်။ ယိုးဒယား ဘုရင်၏ ကျုးကျော်သိမ်းပိုက်မှုအား အလောင်းမင်းတရားကြီး ချီတက်ရာတွင် ယခု ပလောက် နေရာတွင် စခန်းတစ်ထောက် ရပ်နားခဲ့ပါသည်။ ရပ်နား စဉ် စစ်သည် ရဲမက် များ ထမင်းစားကြရာ ထမင်း မလောက်သဖြင့် မလောက်ရွာဟု အမည်ပေးခဲ့ရာမှ ကာလ ရွှေ့လျား လာသည့် အခါ ပလောက်ဟုအမည်တွင် လာပါသည်။ [၅]

တည်နေရာနှင့်အကျယ်အဝန်း

ပလောက်မြို့သည် ‌မြောက်လတ္တီတွဒ်၁၃ဒီဂရီ ၁၂ မိနစ် နှင့် ၁၃ ဒီဂရီ ၂၈မိနစ်၊အကြား အရှေ့လောင်ဂျီတွဒ် ၉၈ဒီဂရီ ၃၃မိနစ်နှင့်၉၈ ဒီဂရီ ၅၂ မိနစ်၊ အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့(၅)မိုင်နှင့် တောင်မှ မြောက်သို့ (၂.၄)မိုင်ရှည်လျားပါသည်။ မြို့၏ဧရိယာစတုရန်းမိုင်မှာ (၁၇.၁၉)မိုင် ဖြစ်ပါသည်။

နယ်နိမိတ်

ပလောက်မြို့၏ အရှေ့ဘက်တွင် တနင်္သာရီမြို့နယ်၊ တောင်ဘက်တွင် ပုလောမြို့နယ်၊ ပြည်ခြားကျေးရွာအုပ်စုနှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ မြောက်ဘက်တွင် ပုလောမြို့နယ်၊ ဆင်ထိုးကြီး ကျေးရွာအုပ်စုတို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ပလောက်မြို့ မြေမျက်နှာပြင်ကို အရှေ့ဘက်တောင်တန်းဒေသ၊ ကမ်းမြောင်လွင်ပြင်ဒေသ၊ ပင်လယ်အတွင်းရှိ ကျွန်းများ ဒေသတို့ဖြစ်ပြီး အရှေ့ဘက်တောင်တန်းဒေသသည် အရှေ့ဘက် တနင်္သာရီဒေသတို့နှင့် ပိုင်ခြားထားသော နယ်ခြားတောင် ကျွန်းမကြီးတစ်လျှောက်မှ အနောက် ဘက်လွင်ပြင်ဒေသအထိ ကျယ်ပြန့်ပါသည်။ မြင့်မားသော တောင်များ ပါဝင်ပြီး မြောက်မှတောင်သို့ ဆင်ထိုးကြီးကျေးရွာအုပ်စု နယ်နိမိတ်တို့နှင့် ထိစပ်လျှက်ရှိပါသည်။ ပလောက်မြို့မှ သရက်ချောင်းမြို့နယ်သို့ (၅၃)မိုင်၊ ပလောက်မြို့မှ ပုလောမြို့သို့ (၂၄)မိုင်၊ ပလောက်မြို့မှ မြိတ်မြို့သို့ (၇၅)မိုင် ကွာဝေးပါသည်။

ရေဆင်း

ပလောက်မြို့အတွင်း ပလောက်ချောင်း ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ ၎င်းမြစ်ချောင်းမှာ ရေချို၊ ရေငံ ထိစပ်လျက်ရှိရာ မြောက်မှ တောင်သို့ စီးဆင်းလျက်ရှိပါသည်။ ပင်လယ်ရေ အတက်၊ အကျ ချောင်းဖြစ်၍ သောက်သုံး၍မရနိုင်ပါ။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ပလောက်မြို့သည် ပူအိုက်စိုစွက်သောရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူချိန် (၃၅C)နှင့် အနိမ့်ဆုံးအပူချိန်မှာ

(၂၄ .C) ဖြစ်ပါသည်။၂၀၁၇ခုနှစ်တွင်စုစုပေါင်းမိုးရေချိန်မှာ (၇၆.၉၂)ရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၃၅.C)၊ ၂၀၁၈ခုနှစ်တွင်

စုစုပေါင်းမိုးရေချိန်မှာ (၈၂.၃၂)ရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၃၅.၆ .C ) ၊ ၂၀၁၉ခုနှစ်တွင် စုစုပေါင်း မိုးရေချိန်မှာ

(၇၉.၃၇)ရှိပြီးအမြင့်ဆုံးအပူချိန်မှာ (၃၅.C) နှင့် ၂၀၂၀ ပြည့်နှစ်၊မေလအထိ မှာ စုစုပေါင်းမိုးရေချိန်မှာ (၂.၉၉)ရှိပါသည်။

သဘာဝပေါက်ပင်များ

ပလောက်မြို့အတွင်း ပေါက်ရောက်သည့်သဘာဝပေါက်ပင်များမှာ ဒီရေတောပင်များနှင့်အမြဲစိမ်းလန်း သစ် တော ပင်များဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်ကျရောက်မှု

ပလောက်မြို့သည် ကမ်းရိုးတမ်း တစ်စိတ်တစ်ပိုင်း ပါဝင်သည့်အပြင် ကမ်းခြေနှင့်ထိစပ်သော မြို့ဖြစ်ပါသည်။ ပလောက်မြို့ အတွင်း ပလောက် ချောင်း၏စိုးရိမ်ရေမှတ်(၃၅) ပေဖြစ်ပါသည်။ ပလောက်မြို့ အတွင်း မိုးတွင်းကာလတွင် မတော်တဆရေကြီးမှုများ မဖြစ်ပွားစေရေး အတွက် ဒေသံခံပြည်သူများအား လှုံ့ဆော်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါသည်။ ပူပြင်းခြောက်သွေ့သည့် ရာသီတွင် လည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက် များကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်။

စီးပွားရေးဆိုင်ရာအချက်အလက်

လောက်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းတည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု ရှိသောမြို့တစ်ခုဖြစ်ပါသည်။ မြို့အတွင်းရှိ ဒေသခံပြည်သူလူထု သည် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက် ကြပါသည်။ ပလောက်မြို့သည် ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သော မြို့တစ်မြို့ ဖြစ်ပါသည်။ ပလောက်မြို့ ၏အဓိကထွက်ကုန်များမှာ ရာဘာ၊ ကွမ်းသီး၊ သား/ငါး၊ ပုဇွန်တို့ဖြစ်ပြီး ရန်ကုန်မြို့၊ မြိတ်မြို့၊ ထားဝယ်မြို့များ သို့အများဆုံး တင်ပို့ရောင်းချပါသည်။

အုပ်ချုပ်ရေးဆိုင်ရာဌာနခွဲများ

ကိုးကား

  1. ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. ပလောက်မြို့ at GEOnet Names Server, United States National Geospatial-Intelligence Agency
  3. "Palaw Township, Tanintharyi, Myanmar" Archived 22 July 2011 at the Wayback Machine., Myanmar Information Management Unit (MIMU), 12 August 2010
  4. IRPD Palaw Facebook
  5. IPRD Palauk Facebook

ပြင်ပလင့်ခ်များ