တာမွေမြို့နယ်: တည်းဖြတ်မှု မူကွဲများ
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၈၀ - | စာကြောင်း ၈၀ - | ||
၁၉။ [[အရိုးကုန်းရပ်ကွက်]]၊ |
၁၉။ [[အရိုးကုန်းရပ်ကွက်]]၊ |
||
၂၀။ [[မအူကုန်းရပ်ကွက်]]။<ref name="detail">{{cite web|url=https://s3-ap-southeast-1.amazonaws.com/data.yangon.gov.mm/statistics2017/east/E01-%E1%80%90%E1%80%AC%E1%80%99%E1%80%BD%E1%80%B1.pdf|title=တာမွေမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ|publisher=တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန|date=ဧပြီ ၂၀၁၇|accessdate=၂၅ ဇန်နဝါရီ ၂၀၁၈}}</ref> |
|||
၂၀။ [[မအူကုန်းရပ်ကွက်]]။ |
|||
}} |
|||
==ကိုးကား== |
==ကိုးကား== |
၁၁:၁၃၊ ၁၃ မတ် ၂၀၁၉ ရက်နေ့က မူ
တာမွေမြို့နယ် | |
---|---|
တာမွေမြို့နယ် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°46′16″N 96°10′0″E / 16.77111°N 96.16667°Eကိုဩဒိနိတ်: 16°46′16″N 96°10′0″E / 16.77111°N 96.16667°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီး |
ခရိုင် | ရန်ကုန်အရှေ့ပိုင်းခရိုင် |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၉ မီတာ (၃၀ ပေ) |
လူဦးရေ (မတ် ၂၀၁၇)[၁] | |
• စုစုပေါင်း | ၁၅၉,၁၅၃ |
စာပို့သင်္ကေတ | ၁၁၂၁၁၊ ၁၁၂၁၂ |
တာမွေမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ တာမွေမြို့နယ်၏ မြောက်ဘက်တွင် ရန်ကင်းမြို့နယ်၊ အရှေ့ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အနောက်ဘက်တွင် ဗဟန်းမြို့နယ်နှင့် တောင်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တို့ တည်ရှိသည်။ မြို့နယ်အကျယ်အဝန်းမှာ ၁,၀၉၃ ဧက (၁.၇၀၈ စတုရန်းမိုင်) ဖြစ်သည်။[၁]
တာမွေမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၂၈) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၇) ကျောင်းရှိသည်။[၁]
သမိုင်းကြောင်း
ရွှေတိဂုံဘုရားသမိုင်းအရ တရုတ်ပြည်မှ ဘုန်းကံရှင် မောင်ကံ အမည်ရှိ ပုဂံသူရဲကောင်းတစ်ဦးသည် မြေရှိုးမိုးပျံနိုင်သည့်သူ ဖြစ်သဖြင့် ရွှေတိဂုံဘုရားမှ ဓာတ်တော်မွေတော်များ ခိုးယူပင့်ဆောင်နိုင်ရန် ကြံစည်အားထုတ်ရာတွင် နတ်ကောင်း၊ နတ်မြတ်တို့က ကြီးမားသော မြွေကြီးတစ်ကောင်ဖန်ဆင်း၍ တားဆီးခဲ့သည်ကို အကြောင်းပြုပြီး "တားမြွေ" ဟု ခေါ်ခဲ့ရာမှ ကာလရွေ့လျားကာ "တာမွေ" ဖြစ်ခဲ့သည်ဟု ဆိုကြသည်။[၁]
မွန်သမိုင်းကြောင်းများအရ "တာမွိုင့်" ဟူသော မွန်ဘာသာစကားအရ "တာ" ဆိုသည်မှာ "ထန်း"၊ "မွိုင့်" ဆိုသည်မှာ "တစ်" ဖြစ်သဖြင့်၊ ကြီးမားသော ထန်းပင်ကြီးတစ်ပင်ရှိသည်ကို အကြောင်းပြု၍ တာမွိုင့် မှ တာမွေ ဖြစ်လာသည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။[၁]
ကျန်းမာရေး
တာမွေမြို့နယ်တွင် မျက်စိဆေးရုံ၊ အလုပ်သမားဆေးရုံ၊ နား၊ နှာခေါင်းလည်ချောင်းဆေးရုံ တို့ တည်ရှိသည်။[၁]
ထင်ရှားသော အဆောက်အဦးများ
တာမွေမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
---|---|---|---|
စိန့်ဖရန်စစ်ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ၁၃၁၊ကျိုက္ကဆံလမ်း |
ရပ်ကွက်များ
၂။ တာမွေလေးရပ်ကွက်၊
၃။ မာန်အောင်ရပ်ကွက်၊
၁၀။ ကျားကွက်သစ်ရပ်ကွက်၊
၁၁။ ပုသိမ်ညွန့်ရပ်ကွက်၊
၁၃။ ကျောက်မြောင်းအရှေ့ရပ်ကွက်၊
၁၅။ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊
၁၆။ နတ်မောက်ရပ်ကွက်၊
၁၇။ ပျားရည်ကုန်းရပ်ကွက်၊
၁၈။ ပုဏ္ဏားကုန်းရပ်ကွက်၊
၁၉။ အရိုးကုန်းရပ်ကွက်၊
၂၀။ မအူကုန်းရပ်ကွက်။[၁] }}