မော်လမြိုင်လေဆိပ်

ဝီကီပီးဒီးယား မှ
(မော်လမြိုင် လေဆိပ် မှ ပြန်ညွှန်းထားသည်)
မော်လမြိုင်လေဆိပ်
အချက်အလက်များ
အမျိုးအစားအများပိုင်
ဝန်ဆောင်မှု ဧရိယာမော်လမြိုင်မြို့
တည်နေရာမော်လမြိုင်မြို့မြန်မာနိုင်ငံ
ပင်လယ်မျက်နှာပြင် အထက်၁၆ မီတာ / ၅၂ ပေ
ကိုဩဒိနိတ်16°26′41.09″N 97°39′38.41″E / 16.4447472°N 97.6606694°E / 16.4447472; 97.6606694ကိုဩဒိနိတ်: 16°26′41.09″N 97°39′38.41″E / 16.4447472°N 97.6606694°E / 16.4447472; 97.6606694
မြေပုံ
MNU သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
MNU
MNU
မြန်မာနိုင်ငံတွင်း လေဆိပ်တည်နေရာ
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
04/22 1,603 5,260 နိုင်လွန်ကတ္တရာ

မော်လမြိုင်လေဆိပ် သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လေဆိပ်တစ်ခုဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်[ပြင်ဆင်ရန်]

မော်လမြိုင်လေဆိပ်ကို ၁၉၄၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်ကွင်းဖြစ်ခဲ့သည်။[၁] ၎င်းကို ဗြိတိသျှတို့သာမက အမေရိကန် လေသရဲအဖွဲ့ဖြစ်သည့် ကျားပျံ(Flying Tigers) တို့လည်း အသုံးပြုခဲ့သည်။

၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အရှေ့တောင်အာရှ၏ အဓိကလေကြောင်းစစ်ဆင်ရေးအဖြစ် ဂျပန်တို့သည် တိုက်လေယာဉ် ၆၅ စင်းဖြင့် မော်လမြိုင်လေယာဉ်ကွင်းနှင့် မုဒုံရှိ ၎င်း၏ဆက်သွယ်ရေးစခန်းကို တိုက်ခိုက်ခဲ့သည်။[၂] ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဂျပန်ဗိုလ်ချုပ်ကြီး အိုဘာတာသည် မော်လမြိုင် လေယာဉ်ကွင်းကို လာရောက်ကြည့်ရှုခဲ့ပြီး ရန်ကုန် မင်္ဂလာဒုံ လေယာဉ်ကွင်းကို တိုက်ခိုက်ရန်အတွက် ဂျပန် ဆောက်လုပ်ရေး ပညာရှင် ၄၅၀ ဖြင့် မော်လမြိုင်လေယာဉ်ကွင်းကို ပြန်လည်တည်ဆောက်ခဲ့ပြီး ဂျပန်လေတပ်ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။[၃]

လွတ်လပ်ရေးရပြီး[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြန်မာ့လေကြောင်းလိုင်း (Union of Burma Airways) ကို တည်ထောင်ခဲ့ပြီး မော်လမြိုင် လေဆိပ် အပါအဝင် ပြည်တွင်းလေဆိပ်များသို့ ပြည်တွင်း ဝန်ဆောင်မှုများ စတင်ပေးခဲ့သည်။

၁၉၄၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်း၏ မှတ်ပုံတင်အမှတ် XY-ABO ၏ De Havilland DH.104 Dove 1 သည် မင်္ဂလာဒုံလေဆိပ်မှ မော်လမြိုင်လေဆိပ်သို့ ပျံသန်းစဉ် မုတ္တမပင်လယ်ကွေ့၌ ပျက်ကျခဲ့သည်။ ခရီးသည် ကိုးဦးနှင့် အမှုထမ်း နှစ်ဦး (လေယာဉ်မှူး ကပ္ပတိန် P.H. Sparrow နှင့် ရေဒီယိုအရာရှိ L.A. Stephens) တို့ ပျောက်ဆုံးသွားခဲ့သည်။[၄] မြန်မာ့လေကြောင်းသမိုင်းတွင် ပထမဆုံးသော အရပ်သား လေယာဉ်ပျက်ကျမှုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ[ပြင်ဆင်ရန်]

၂၀၁၃ခုနှစ် စက်တင်ဘာလတွင် ထိုင်းလေကြောင်းလိုင်း Nok Air Mini သည် ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသော မြို့တော်တစ်ခု ဖြစ်သော ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်နှင့် မော်လမြိုင်ကြား ပျံသန်းမှု စတင်ခဲ့သည်။ ၎င်းသည် ၁၉၄၈ခုနှစ်နောက်ပိုင်း နိုင်ငံတကာလေကြောင်းခရီးစဉ်များကို မော်လမြိုင်လေဆိပ်မှ ပထမဆုံးအကြိမ် ကိုင်တွယ်ဆောင်ရွက်ခဲ့ပါသည်။[၅] သို့သော်လည်း ထိုင်းNok Air Mini သည် ပြေးလမ်းနှင့် အဆောက်အဦများ ညံ့ဖျင်းမှုကြောင့် ၎င်း၏ ဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့သည်။

ခေတ်မီရေး[ပြင်ဆင်ရန်]

မော်လမြိုင်လေဆိပ်၏ ပြေးလမ်းအား ၂၀၁၈ ဘတ်ဂျက်နှစ်တွင် အဆင့်မြှင့်တင်လျက်ရှိသည်။ ပြေးလမ်းအဆင့်မြှင့်တင်ရန်အတွက် စုစုပေါင်းကျပ် ၁၁၄ သန်း သုံးစွဲမည်ဖြစ်သည်။[၆]

လေကြောင်းလိုင်းနှင့် ဆိုက်ရောက်ရာများ[ပြင်ဆင်ရန်]

လေကြောင်းလိုင်းများပျံသန်းရာနေရာလမ်းကြောင်း
သံလွင် လေကြောင်းလိုင်း ရန်ကုန် ပြည်တွင်း

ဂန္ထဝင်ရုပ်ရှင်[ပြင်ဆင်ရန်]

မော်လမြိုင်လေဆိပ်သည် ၁၉၇၇ ခုနှစ်တွင် ကျော်ကြားခဲ့သော ဝင်းဦး၏ မြန်မာကဗျာဆန်ဆန် "တိမ်ဦးလေပြေမောင့်ကိုစေ" ဇာတ်ကား ရိုက်ကူးသော နေရာဖြစ်ခဲ့သည်။

ပြင်ပလင့်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Hammel, Eric (2010). Aces Against Japan II: The American Aces Speak. Pacifica Military History. pp. 63–68
  2. Ford, Daniel. Tales of the Flying Tigers. Warbird Books. ISBN 9781530249930
  3. Ford, Daniel (2014). Rising Sun Over Burma: Flying Tigers and Wild Eagles, 1941-1942 - How Japan Remembers the Battle. Lulu Press, Inc
  4. Ranter, Harro. "ASN Aircraft accident 14-MAR-1949 de Havilland DH.104 Dove 1 XY-ABO
  5. "Nok Air's starts Mae Sot-Mawlamyine flights" (in en)၊ nationthailand၊ ၁ စက်တင်ဘာ ၂၀၁၃။ 
  6. မော်ကွန်းတင်ပြီးမိတ္တူ။ 20 March 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2022 တွင် ပြန်စစ်ပြီး။