အဲမရိတ် လေကြောင်းလိုင်း

ဝီကီပီးဒီးယား မှ
Emirates Airline
IATA ICAO Callsign
EK UAE EMIRATES
တည်ထောင်၂၅ မတ် ၁၉၈၅; ၃၈ နှစ် အကြာက (၁၉၈၅-၀၃-25)
စတင်ပျံသန်း၂၅ အောက်တိုဘာ ၁၉၈၅; ၃၈ နှစ် အကြာက (၁၉၈၅-၁၀-25)
မိခင်ဌာနဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဖောက်သည်အစီအစဉ်Skywards
ပူးပေါင်းကုမ္ပဏီ
  • Arabian Adventures
  • Congress Solutions International
  • Emirates Holidays
  • Emirates Tours
လေယာဉ်ပေါင်း၂၅၆
ပျံသန်းဌာနေပေါင်း၁၅၂[၁]
ဆောင်ပုဒ်Fly Emirates.
From Dubai to destinations around the world.
Hello Tomorrow
မိခင်ကုမ္ပဏီThe Emirates Group
ဌာနချုပ်Garhoud, ဒူဘိုင်းမြို့အာရပ်စော်ဘွားများပြည်ထောင်စု
အရေးပါသူများ
  • Ahmed bin Saeed Al Maktoum (Chairman & CEO)
  • Tim Clark (President)
ဝန်ထမ်း၅၆,၇၂၅ (၂၀၁၄-၂၀၁၅)[၂]
ဝက်ဘ်ဆိုဒ်emirates.com

အဲမရိတ် လေကြောင်းလိုင်း (အင်္ဂလိပ်: Emirates Airline) သည် အာရပ်စော်ဘွားများပြည်ထောင်စု ၊ ဒူဘိုင်း အလံတင်ထားသော လေကြောင်းလိုင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး လေကြောင်းလိုင်းဖြစ်သည်။ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် တာမင်နယ် ၃ မှ နေ၍ တိုက်ကြီး ၆ တိုက်ရှိ နိုင်ငံပေါင်း ၆၂ ခုမှ မြို့ကြီး ၁၁၁ မြို့သို့ တစ်ပတ်လျှင် ခရီးစဉ်ပေါင်း ၂၄၀၀ ကျော် ပြေးဆွဲလျက် ရှိသည်။ ထို့ပြင် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး လေယာဉ်ခရီးစဉ် ၁၀ ခု အတွင်းမှ ၃ ခုဖြစ်သော ဒူဘိုင်းမှ လော့စ်အိန်ဂျယ်လိစ်မြို့ဆန်ဖရန်စစ္စကိုမြို့ နှင့် ဟူစတန်မြို့ များသို့ ပြေးဆွဲလျှက် ရှိသည်။ အဲမရိတ် လေကြောင်းလိုင်းသည် ဒူဘိုင်း အစိုးရပိုင် ဒူဘိုင်း ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း ၏ လက်အောက်တွင် ရှိသော အဲမရိတ် ဂရု(ပ်) ၏ ကုမ္ပဏီခွဲဖြစ်သည်။ ကုန်တင်လုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းများကို အဲမရိတ် ဂရု(ပ်) ၏ စကိုင်းကာဂို ဌာနခွဲမှ ဆောင်ရွက်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Emirates – Our Destinations။ Emirates.com (2015)။ 23 May 2015 တွင် ပြန်စစ်ပြီး။
  2. http://content.emirates.com/downloads/ek/pdfs/report/annual_report_2015.pdf