ဗီယက်ဂျက် လေကြောင်းလိုင်း

ဝီကီပီးဒီးယား မှ
VietJet Air
IATA ICAO Callsign
VJ VJC VIETJET
စတင်ပျံသန်း၂၅ ဒီဇင်ဘာ ၂၀၁၁
မိခင်ဌာန
ပူးပေါင်းကုမ္ပဏီထိုင်းဗီယက်ဂျက် လေကြောင်းလိုင်း
လေယာဉ်ပေါင်း၃၈
ပျံသန်းဌာနေပေါင်း၅၃
ဆောင်ပုဒ်ဗီယက်နမ်: Bay là thích ngay!
အင်္ဂလိပ်: Enjoy Flying!
မိခင်ကုမ္ပဏီSovico Holdings, HDbank.
ဌာနချုပ်Ba Đình, ဟနွိုင်းမြို့ဗီယက်နမ်နိုင်ငံ
အရေးပါသူများNguyen Thi Phuong Thao (CEO)
ဝန်ထမ်း၂,၀၀၀
ဝက်ဘ်ဆိုဒ်vietjetair.com

ဗီယက်ဂျက် လေကြောင်းလိုင်း (အင်္ဂလိပ်: VietJet Aviation Joint Stock Companyဗီယက်နမ်: Công ty Cổ phần Hàng không VietJet) သည် ဗီယက်နမ်နိုင်ငံ၏ ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သည်။ ဤလေကြောင်းလိုင်းကို ၂၀၀၇-ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခရီးသည် ၁၀ သန်းကျော်ကို ပို့ဆောင်နိုင်ခဲ့သည်။[၁] ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမှ ဟနွိုင်းမြို့သို့ ခရီးစဉ်ဖြင့် ပထမဦးဆုံးခရီးကို စတင်ပျံသန်းခဲ့သည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ လေကြောင်းလိုင်းတွင် လေယာဉ်ပျံ အစင်းပေါင်း ၂၀ ရှိပြီး ဗီယက်နမ်နိုင်ငံတွင်း လေဆိပ်နှင့်အာရှရှိမြို့ကြီး ၅ မြို့သို့ လေယာဉ်ခရီးစဉ်များ ပြေးဆွဲနေသည်။ ၂၀၁၄ ခုနှစ်တွင် Airbus A320 လေယာဉ်ပျံ ၆၃ စင်းကို ဝယ်ယူရန် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. VietJet Air welcomes its 10 millionth passengerVietJet Air။ 11 February 2015 တွင် ပြန်စစ်ပြီး။
  2. Manila Bulletin။ VietJetAir orders 63 Airbus A320s for major fleet expansionManila Bulletin - Latest Breaking News - News Philippines။ 1 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2015 တွင် ပြန်စစ်ပြီး။