ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်

ဝီကီပီးဒီးယား မှ
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်
Lapangan Terbang Antarabangsa Kuala Lumpur
အချက်အလက်များ
အမျိုးအစားPublic
ပိုင်ဆိုင်သူမလေးရှားနိုင်ငံ အစိုးရ
စီမံကွပ်ကဲသူMalaysia Airports
ဝန်ဆောင်မှု ဧရိယာGreater Klang Valley
တည်နေရာမလေးရှားနိုင်ငံ
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း
အချိန်ဇုန်MST (UTC+08:00)
ပင်လယ်မျက်နှာပြင် အထက်၇၀ ပေ / ၂၁ မီတာ
ဝက်ဘ်ဆိုဒ်klia.com.my
မြေပုံ
WMKK သည် Peninsular Malaysia တွင် တည်ရှိသည်
WMKK
WMKK
Location in Peninsular Malaysia
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
14L/32R 4,124 ၁၃,၅၃၀ ကွန်ကရစ်
14R/32L 4,056 ၁၃,၃၀၇ Concrete
15/33 4,056 ၁၃,၃၀၇ Concrete
ကိန်းဂဏန်း အချက်အလက်များ (2015)
Passenger48,938,424 (Steady)
Airfreight (tonnes)726,230 (Decrease 3.7%)
Aircraft movements354,519 (Increase 4.0%)
Sources: MAHB

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် (KLIA) (IATA: KUL, ICAO: WMKK) သည် မလေးရှားနိုင်ငံအတွက်သာမက အရှေ့တောင်အာရှ နိုင်ငံများ၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည်။ ဆောက်လုပ်မှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီလျံရှိသည်။[၁] ကွာလာလမ်ပူမြို့လယ်မှ တောင်ဘက် ၄၅ ကီလိုမီတာ (၂၈မိုင်) အကွာတွင် တည်ရှိသည်။

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မလေးရှားနိုင်ငံ၏ အကြီးဆုံးနှင့် ခရီးသည် အများဆုံး လေဆိပ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄၈ ၉၃၈ ၄၂၄ ဦးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး ကုန်တန်ချိန် ၇၂၆ ၂၃၀ တန် ကိုင်တွယ်နိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် ခရီးသည်အရေအတွက်အားဖြင့် ၂၃ ခု မြောက် အများဆုံး လေဆိပ်တစ်ခုဖြစ်သည်။

လေဆိပ်ကို မလေးရှားလေဆိပ် ကုမ္ပဏီမှ လည်ပတ်လျက်ရှိပြီး မလေးရှား လေကြောင်းလိုင်း၊ အဲအေးရှား လေကြောင်းလိုင်း၊ အဲအေးရှားအိတ်စ် လေကြောင်းလိုင်း၊ မလင်းဒို  လေကြောင်းလိုင်း၊ ယူပီအက်စ် လေကြောင်းလိုင်း နှင့် ဂိတ်ဒင်း စရီ လေကြောင်းလိုင်းတို့၏ အဓိက အခြေစိုက် လေဆိပ်ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

နောက်ခံအကြောင်းအရာ[ပြင်ဆင်ရန်]

အဓိက လေဆိပ်အဆောက်အဦး၏ ဗိသုကာ လက်ရာ

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ စတင်တည်ဆောက်ခြင်း အခမ်းအနား ကို ၁၉၉၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ခဲ့သည်။ မဟာသီ မိုဟာမက် ဦးဆောင်သော အစိုးရ အဖွဲ့က လက်ရှိ ကွာလာလမ်ပူ လေဆိပ် (ယခု ဆူဘန် အပြည်ပြည်ဆိုင်ရာ လေဆိပ်)သည် ခရီးသည်ဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ လေဆိပ်ကို ထပ်မံတိုးချဲ့ရန် မဖြစ်နိုင်ခြင်း၊  တို့ကြောင့် လေဆိပ်အသစ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။  ကွာလာလမ်ပူ လေဆိပ်အသစ် စီမံကိန်းသည် မလေးရှားနိုင်ငံ ဖွံ့ဖြိုးမှုစီမံကိန်း၏ တစ်စိတ်တစ်ဒေသ လည်း ဖြစ်သည်။ 

ကွာလာလမ်ပူ လေဆိပ်အသစ်တည်ဆောက်ပြီးစီးသော အခါ လေဆိပ် သင်္ကေတဖြစ်သော KUL ကိုလေဆိပ်အသစ်သို့ လွဲပြောင်းပေးခဲ့ရသည်။ လေဆိပ်အဟောင်း ဆူဘန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်အသေးများနှင့် စစ်လေယာဉ်များ ဆင်းသက်လျက်ရှိပြီး လေဆိပ် သင်္ကေတကို SZB ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။

လက်ရှိ[ပြင်ဆင်ရန်]

စတုရန်း ကီလိုမီတာ ၁၀၀ (၃၉ စတုရန်းမိုင်) ကို လေဆိပ်အဖြစ် အသုံးပြုထားသည်။[၁] အဆိုပါ အကျယ်အဝန်းမှာ ကမ္ဘာလေဆိပ်များအကြား အကြီးဆုံး ဖြစ်သည်။ လေဆိပ်စီမံကိန်း အပြည့်အစုံမှာ  အဆင့် (၃) ဆင့်ဖြင့် တည်ဆောက်ရန် ဖြစ်ပြီး လေယာဉ်ပြေးလမ်း (၅) ခု နှင့် လေဆိပ် အဆောက်အဦး (၂) ခု တည်ဆောက်ရန် ဖြစ်သည်။[၂] အဆင့် (၁) တွင် တစ်နှစ်လျှင် ခရီးသည် ၂၅ သန်း ဝန်ဆောင်မှုပေးနိုင်သော လေဆိပ် အဆောက်အဦး တစ်ခု နှင့် လေယာဉ်ပြေးလမ်း ၂ ခု တည်ဆောက်ရန် ဖြစ်သည်။ အဆင့် (၂) တွင် တစ်နှစ်လျှင် ခရီးသည် ၃၅ သန်း ထိ ဝန်ဆောင်မှုပေးနိုင်သည်အထိ တိုးချဲ့ရန် အဆင့် (၃) တွင် တစ်နှစ်လျှင် ခရီးသည် သန်း ၁၀၀ အထိ ဝန်ဆောင်မှုပေးနိုင်သည်အထိ တိုးချဲ့ရန် ဖြစ်သည်။

စတင်ဖွင့်လှစ်ခြင်း အခမ်းအနား[ပြင်ဆင်ရန်]

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ထက် တစ်ပတ်စော၍ ၁၉၉၈ ခုနှစ်  ဇွန်လ ၂၇ ရက်နေ့ ညနေ ၈နာရီ မိနစ် ၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။ ပထမဆုံး ဆိုက်ရောက်လာသော ပြည်တွင်း လေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH1263 ဖြစ်ပြီး ခုအာတန် လေဆိပ်မှ ထွက်ခွာလာခြင်း ဖြစ်သည်။ ပထမဆုံး ဆိုက်ရောက်လာသော ပြည်တွင်းလေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH188 ဖြစ်ပြီး မော်ဒိုက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခြင်း ဖြစ်သည်။ ပထမဆုံး ပြည်တွင်းထွက်ခွာ လေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH1432 ဖြစ်ပြီး လန်ကာဝီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားခြင်း ဖြစ်သည်။ ပထမဆုံး ပြည်ပ ထွက်ခွာ လေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH84 ဖြစ်ပြီး ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားခြင်း ဖြစ်သည်။

ဖွင့်လှစ်စ အခြေအနေ[ပြင်ဆင်ရန်]

ဖိုင်:Kuala Lumpur International Airport, Malaysia.jpg
လေဆိပ် အဆောက်အဦး အတွင်းပိုင်းကို မြင်တွေ့ရစဉ်
လေဆိပ်အတွင်း တည်ဆောက်ထားသော တောတွင်းလျှောက်လမ်း 

လေဆိပ် စတင်ဖွင့်လှစ်သော အခါ ပြဿနာများစွာကို ရင်ဆိုင်ရလေသည်။ လေယာဉ်ရပ်နားရာ ဂိတ်များ ပြဿနာဖြစ်ခြင်း၊ တန်ဆာအိတ်များ ကိုင်တွယ်သည့် စနစ် ချို့ယွင့်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တန်ဆာအိတ် များ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။[၃] ပြဿနာ အများစုကို ဖြေရှင်းနိုင်ခဲ့သော်လည်း တန်ဆာအိတ် ကိုင်တွယ်သည့် စနစ်ကိုတော့ ၂၀၀၇ ခုနှစ်တွင် စနစ်တစ်ခုလုံး အစားထိုး လဲလှယ်လိုက်မှသာ ဖြေရှင်းနိုင်ခဲ့သည်။ 

အရှေ့အာရှ နိုင်ငံများ ဘဏ္ဍာရေးကပ်ဆိုက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး က်ဆိုက်မှုအပါအဝင် အခြားသော ကပ်ဆိုက်မှုတွေကြောင့် ခရီးသည်ဝင်ရောက်မှုများ လျော့ကျခဲ့ရသည်။ ခရီးသွားလာမှု လျော့နည်းခြင်းကြောင့် ၁၉၈၈ ခုနှစ်တွင် အောနီပွန် လေကြောင်းလိုင်း၊  ဗြိတိသျှ လေကြောင်းလိုင်း၊ နော့ဝှက်စ် လေကြောင်းလိုင်း အပါအဝင် အခြားလေကြောင်းလိုင်းများသည် ကွာလာလမ်ပူ ခရီးစဉ်ကို အရှုံးပေါ်သည့်အတွက် ဖျက်သိမ်းခဲ့ကြသည်။  ပထမဆုံးတစ်နှစ်အတွင်း ခရီးသည် ၂၅ သန်း ဝန်ဆောင်မှုပေးနိုင်သော လေဆိပ်အသစ်ကြီးတွင် ခရီးသည် ၁၃.၂ သန်းသာ ရှိသည်။[၄] သို့သော် ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် အနည်းငယ် ပိုမိုများပြားလာက ၂၀၀၄ ခုနှစ်တွင် ၂၁.၁ သန်း၊ ၂၀၀၅ ခုနှစ်တွင် ၂၃.၂ သန်းစီ အသီးသီး ရှိခဲ့သည်။ သို့သော် အစိုးရ၏ ခန့်မှန်းချက်ဖြစ်သော ၂၀၀၃ ခုနှစ်တွင် ခရီးသည် ၂၅ သန်း ပြည့်မှီရေးမှာ မပြည့်မြှောက်ခဲ့ပေ။

လေယာဉ်ပြေးလမ်း[ပြင်ဆင်ရန်]

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေဆိပ်အဆောက်အဦး (၁) အတွက် ပြေးလမ်း (၁) ခု၊ လေဆိပ်အဆော်ကအဦး (၂) အတွက် ပြေးလမ်း (၁) ခု နှင့် လေဆိပ် အဆောက်အဦး (၂) ခုလံး အသုံးပြုနိုင်သော ပြေးလမ်း (၁) ခု စုစုပေါင်း ပြေးလမ်း (၃) ခု ရှိသည်။[၅] ပြေးလမ်း ၂ ခုသည် လေယာဉ် ၂ စီး တစ်ပြိုင်နက် အတက်အဆင်း ပြုလုပ်နိုင်အောင် ၂ ကီလိုမီတာအကွာ တည်ဆောက်ထားသည်။ 

အခြေခံအဆောက်အဦး[ပြင်ဆင်ရန်]

Infrastructure
ခရီးသည် လေဆိပ်အဆောက်အဦးများ
စုစုပေါင်း လက်ရှိ
ဧရိယာ
၇၃၇ ၂၄၉ m2
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ
သန်း ၇၀ (တစ်နှစ်လျှင်)
လေယာဉ်ရပ်နားနိုင်မှု
၁၁၄ (aerobridge)

၄၈ (remote)

လေဆိပ် အဆောက်အဦး (၁)

ဖွင့်လှစ်သည့်ရက် ၂၇ ဇွန် ၁၉၉၈
ဧရိယာ
၃၃၆ ၀၀၀ m2
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ

၅ သန်း (တစ်နှစ်လျှင်)
လေယာဉ်ရပ်နားနိုင်မှု ၂၀ (aerobridge)

၂၃ (remote)

ဂြိုဟ်တု လေဆိပ်အဆေက်အဦး (အေ)
ဖွင့်လှစ်ရက် ၂၇ ဇွန် ၁၉၉၈
ဧရိယာ
၁၄၃ ၄၀၄ m2
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ

သန်း ၂၀ (တစ်နှစ်လျှင်)
လေယာဉ်ရပ်နားနိုင်မှု

၂၆ (aerobridge)

၁၅ (remote)

ကေအိုင်အယ်အေ (၂)

ဖွင့်လှစ်ရက် ၂ မေ ၂၀၁၄
ဧရိယာ ၂၅၇ ၈၄၅ m2
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ

၄၅ သန်း (တစ်နှစ်လျှင်)
လေယာဉ်ရပ်နားနိုင်မှု ၆၈ (aerobridge)

၁၀ (remote)

ဘန်ဂါ နာရ ကွန်းပလက်စ်

ဖွင့်လှစ်ရက် ၂၇ ဇွန် ၁၉၉၈ 
ဧရိယာ
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ

လေယာဉ်ရပ်နားနိုင်မှု

လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ[ပြင်ဆင်ရန်]

ခရီးသည်[ပြင်ဆင်ရန်]

လေကြောင်းလိုင်းများပျံသန်းရာနေရာTerminal
Air Astana Almaty Satellite
Air China ပေကျင်း-မြို့တော် Satellite
Air India Express Chennai Satellite
Air Mauritius MauritiusNote 1 Satellite
AirAsia Alor Setar, Banda Aceh, ဘန်ဒါစီရီဘီဂါဝန်Bandung, Bangalore, ဘန်ကောက်-ဒွန်မောင်းBintulu, Cebu, Changsha, Chennai, ချင်းမိုင်Clark, Colombo, Da Nang, Denpasar, Dhaka, Guangzhou, Guilin, ဟနွိုင်းဟိုက်ရိုင်ဟိုချီမင်းစီးတီးHong Kong, Hyderabad, Jakarta–Soekarno–Hatta, Johor Bahru, Kalibo, Kaohsiung, Kochi, Kolkata, Kota Bharu, Kota Kinabalu, Krabi, Kuala Terengganu, Kuching, ကူမင်းLabuan, Langkawi, Lombok, Macau, Makassar, Malé, Manila, Medan, Miri, Nanning, Padang, Palembang, Pattaya–U-Tapao, Pekanbaru, ပီနန်ဖနွမ်းပင်ဖူးခက်Pontianak, Sandakan, Semarang, Shantou, Shenzhen, Sibu, စီရန်ရိစင်ကာပူSurabaya, Surat Thani, Tawau, Tiruchirapalli, ဗီယင်ကျန်းVisakhapatnam, ရန်ကုန်Yogyakarta klia2
AirAsia X Auckland, ပေကျင်း-မြို့တော်Busan, Chengdu, Chongqing, Delhi, Gold Coast, Hangzhou, Jeddah, Kathmandu, Mauritius (begins 4 October 2016),[၆] Medina (begins 1 November 2016),[၇] Melbourne, Osaka–Kansai, Perth, Sapporo–Chitose, ဆိုးလ်-အင်ချွန်ရှန်ဟိုင်း-ဖူတုန်းSydney, ထိုင်ဝမ်-ထောင်ယွမ်Tehran–Imam Khomeini, တိုကျို-ဟာနဲ့ဒါ့Xi'an klia2
AirAsia Zest Manila klia2
All Nippon Airways တိုကျို-ဟာနဲ့ဒါ့၊ (begins 30 October 2016),[၈] တိုကျို-နာရိတ Satellite
ဘန်ကောက် လေကြောင်းလိုင်း Koh Samui Satellite
Biman Bangladesh Airlines Dhaka Satellite
British Airways လန်ဒန်-ဟိသ်ရိုး Satellite
Cathay Pacific Hong Kong Satellite
Cebu Pacific Manila klia2
China Airlines ထိုင်ဝမ်-ထောင်ယွမ် Satellite
China Southern Airlines Changsha, Guangzhou Satellite
EgyptAir ဘန်ကောက်-သုဝဏ္ဏဘူမိCairo Satellite
အဲမရိတ် လေကြောင်းလိုင်း Dubai–International, Melbourne (ends 30 October 2016)[၉] Satellite
Ethiopian Airlines Addis Ababa, ဘန်ကောက်-သုဝဏ္ဏဘူမိ Satellite
Etihad Airways Abu Dhabi Satellite
EVA Air ထိုင်ဝမ်-ထောင်ယွမ် Satellite
Garuda Indonesia Jakarta–Soekarno–Hatta Satellite
Indonesia AirAsia Bandung, Denpasar, Jakarta–Soekarno–Hatta, Medan, Surabaya klia2
Iran Air Tehran–Imam Khomeini Satellite
Iraqi Airways Baghdad Satellite
Japan Airlines တိုကျို-နာရိတ Satellite
Jetstar Asia Airways စင်ကာပူ klia2
Flynas Seasonal: Jeddah Satellite
KLM Amsterdam, Jakarta–Soekarno–Hatta Satellite
Korean Air ဆိုးလ်-အင်ချွန် Satellite
Lion Air Jakarta–Soekarno–Hatta Satellite
Mahan Air Tehran–Imam Khomeini Satellite
မလေးရှား လေကြောင်းလိုင်း Adelaide, Alor Setar, Auckland, Bangalore, ဘန်ကောက်-သုဝဏ္ဏဘူမိဘန်ဒါစီရီဘီဂါဝန်ပေကျင်း-မြို့တော်Bintulu, Chennai, Colombo, Darwin, Delhi, Denpasar, Dhaka, Guangzhou, ဟနွိုင်းဟိုချီမင်းစီးတီးHong Kong, Hyderabad, Jakarta–Soekarno–Hatta, Jeddah, Johor Bahru, Kathmandu, Kota Bharu, Kota Kinabalu, Kuala Terengganu, Kuantan, Kuching, Labuan, Langkawi, လန်ဒန်-ဟိသ်ရိုးManila, Medan, Melbourne, Miri, Mumbai, Osaka–Kansai, ပီနန်Perth, ဖနွမ်းပင်ဖူးခက်Sandakan, ဆိုးလ်-အင်ချွန်ရှန်ဟိုင်း-ဖူတုန်းSibu, စီရန်ရိစင်ကာပူSydney, ထိုင်ဝမ်-ထောင်ယွမ်Tawau, တိုကျို-နာရိတXiamen, ရန်ကုန် Main
&
Satellite
Malindo Air Amritsar, ဘန်ကောက်-ဒွန်မောင်းBandung, ချင်းမိုင် (begins 30 October 2016),[၁၀] Colombo, Delhi, Denpasar, Dhaka, ဟနွိုင်း (begins 1 September 2016),[၁၀] ဟိုချီမင်းစီးတီးHong Kong, Jakarta–Soekarno–Hatta, Johor Bahru, Kathmandu, Kochi, Kota Bharu, Kota Kinabalu, Kuching, Lahore, Langkawi, Medan (begins 30 August 2016),[၁၀] Miri, Mumbai, ပီနန်Perth, Sanya, စင်ကာပူထိုင်ဝမ်-ထောင်ယွမ် (begins 10 September 2016),[၁၀] Thiruvananthapuram, Tiruchirapalli, Wuhan Main
&
Satellite
Mega Maldives Malé klia2
Myanmar Airways International ရန်ကုန် Satellite
Nepal Airlines Kathmandu Satellite
Oman Air Muscat, စင်ကာပူ Satellite
Pakistan International Airlines Islamabad, Karachi, Lahore, Peshawar Satellite
Qatar Airways Doha Satellite
Regent Airways Dhaka Satellite
Royal Brunei Airlines ဘန်ဒါစီရီဘီဂါဝန် Satellite
Royal Jordanian Amman–Queen AliaNote 2 Satellite
Saudia Jeddah, Riyadh Satellite
Shanghai Airlines ရှန်ဟိုင်း-ဖူတုန်း Satellite
ဆစ်အဲ လေကြောင်းလိုင်း စင်ကာပူ Satellite
စင်ကာပူ လေကြောင်းလိုင်း စင်ကာပူ Satellite
SriLankan Airlines Colombo Satellite
ထိုင်းအဲအေးရှား လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်း klia2
Thai Airways ဘန်ကောက်-သုဝဏ္ဏဘူမိ Satellite
Tigerair စင်ကာပူ klia2
Turkish Airlines Istanbul–Atatürk Satellite
ယူနိုက်တက် လေကြောင်းလိုင်း Dhaka Satellite
Uzbekistan Airways စင်ကာပူTashkent Satellite
ဗီယက်ဂျက် လေကြောင်းလိုင်း ဟိုချီမင်းစီးတီး Satellite
Vietnam Airlines ဟနွိုင်းဟိုချီမင်းစီးတီး Satellite
XiamenAir Fuzhou, Xiamen Satellite

ကုန်ပစ္စည်း[ပြင်ဆင်ရန်]

လေကြောင်းလိုင်းများပျံသန်းရာနေရာ
Cargolux Baku, Chennai, Luxembourg, စင်ကာပူ
China Airlines Cargo Chennai, Luxembourg, ပီနန်ထိုင်ဝမ်-ထောင်ယွမ်
FedEx Express Cebu, Guangzhou, ပီနန်စင်ကာပူတိုကျို-ဟာနဲ့ဒါ့
Gading Sari Kota Kinabalu, Kuching, Miri
Hong Kong Airlines ဟောင်ကောင်
Korean Air Cargo ပီနန်ဆိုးလ်-အင်ချွန်
MASkargo Amsterdam, Baku, Bangalore, Chennai, Dhaka, ဟနွိုင်းဟောင်ကောင်Jakarta–Soekarno–Hatta, Kota Kinabalu, Kuching, Labuan, Manila, ပီနန်ရှန်ဟိုင်း-ဖူတုန်းSydney, ထိုင်ဝမ်-ထောင်ယွမ်တိုကျို-နာရိတ[၁၁]
Republic Express AirlinesJakarta–Soekarno–Hatta
Silk Way Airlines Amsterdam, Baku[၁၂]
UPS Airlines Anchorage, Atlanta, ဘန်ကောက်-သုဝဏ္ဏဘူမိChicago–O'Hare, Dallas/Fort Worth, ဟောင်ကောင်Los Angeles, Louisville, Manila, Miami, Mumbai, New York–JFK, Osaka–Kansai, ဆိုးလ်-အင်ချွန်Shenzhen, ထိုင်ဝမ်-ထောင်ယွမ်တိုကျို-နာရိတToronto–Pearson, Vancouver

ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များ[ပြင်ဆင်ရန်]

မြေပြင်သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

လေဆိပ် အဆောက်အဦးအကြားပို့ဆောင်ရေး[ပြင်ဆင်ရန်]

ဂြိုဟ်တု လေဆိပ်အဆောက်အဦးတွင် တွေ့ရသော ကောင်းကင်ရထားဘူတာ 

လေဆိပ် အဓိက အဆောက်အဦး နှင့် ဂြိုဟ်တု လေဆိပ် အဆောက်အဦး ကြားကို ကောင်းကင်ရထားများဖြင့် ချိတ်ဆက်ထားရှိသည်။ ရထားတစ်စီးလျှင် ခရီးသည် ၂၅၀ သယ်ယူပို့ဆောင်နိုင်ပြီး တစ်နာရီလျှင် ခရီးသည် ၃၀၀၀ ကို ၅၆ ကီလိုမီတာ နှုန်းဖြင့် ပို့ဆောင်ပေးနိုင်သည်။ အဆိုပါ မောင်းသူမဲ့ ရထားများသည် မြေအောက်မှ ဖြတ်သန်းလာခဲ့ခြင်း ဖြစ်ပြီး ၂ မိနစ်ခန့်သာ ကြာမြင့်သည်။ ကောင်းကင်ရထား၏ အမြန်မှုန်း၊ ရပ်တန့်မှု၊ ဘူတာတွင် တံခါးဖွင့်မှု အစရှိသည့် လည်ပတ်မှု စနစ်တစ်ခုလုံးကို ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ထားသည်။

အဓိက လေဆိပ်အဆောက်အဦး နှင့် ကေအယ်အိုင်အေ ၂ တို့ကြားမှာတော့ ဘတစ်စ်ကား (KLIA Transit နှင့် KLIAEkspres) ဖြင့်

ပြင်ပချိတ်ဆက်မှု[ပြင်ဆင်ရန်]

ရထား[ပြင်ဆင်ရန်]

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရထားဖြင့်လည်း လာရောက်နိုင်သည်။ ကွာလာလမ်ပူ၏ အဓိက ဘူတာ ဖြစ်သော ကေအယ်လ် စင်ထရယ်မှ ၅၇ ကီလိုမီတာ ရှည်လျားသော ရထားလမ်းမှ တဆင့် ရောက်နိုင်သည်။ ကွာလာမ်ပူ လေဆိပ်တွင် အဓိက လေဆိပ်အဆောက်အဦး နှင့် ကေအယ်အိုင်အေ (၂) လေဆိပ်အဆောက်အဦးတို့တွင် ဘူတာများ ရှိကြသည်။

အငှားကား[ပြင်ဆင်ရန်]

လေဆိပ်တွင် အငှားကား ကောင်တာများ ရှိကာ အဆိုပါ ကောင်တာများမှ အငှားကားများကို အလွယ်တကူ ငှားရမ်းနိုင်သည်။

ဘတ်စ်[ပြင်ဆင်ရန်]

မြောက်မြားစွာသော ဘတ်စ်ကားလိုင်းများမှ ကွာလာလမ်ပူ မြို့နှင့် လေဆိပ်အကြား ပြေးဆွဲလျက်ရှိသည်။

လေဆိပ်တိုးချဲ့မှုများ[ပြင်ဆင်ရန်]

စီမံထားရှိမှု[ပြင်ဆင်ရန်]

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း ပြီးဆုံးသွားပါက ဖြစ်လာမည့် ပုံစံငယ်

ပြခန်း[ပြင်ဆင်ရန်]

အဓိက လေဆိပ်အဆောက်အဦး ကို မြင်တွေ့ရစဉ်

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ History of KLIA (1998)။ 5 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2016 တွင် ပြန်စစ်ပြီး။
  2. Phases of KLIA (1998)။ 26 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2016 တွင် ပြန်စစ်ပြီး။
  3. KLIA's opening marked with problems။ Lim Kit Siang Media Release (July 1998)။
  4. "Passengers at Kuala Lumpur Airport up despite fewer airlines"၊ Asian Economic News၊ 6 August 2001။ 27 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 16 October 2015။ 
  5. For KLIA2, arrivals for can only use 32L while departures can only use 14R
  6. AirAsia X plans Mauritius Launch from Oct 2016။ Routes Online (19 May 2016)။ 19 May 2016 တွင် ပြန်စစ်ပြီး။
  7. AirAsia X Files Madinah Schedule from Nov 2016။ Routes Online (19 May 2016)။ 19 May 2016 တွင် ပြန်စစ်ပြီး။
  8. ANA Files Preliminary Tokyo Haneda New International Schedule in W16။ Routes Online (26 June 2016)။ 30 June 2016 တွင် ပြန်စစ်ပြီး။
  9. Emirates Ends Malaysia - Australia Service in Oct 2016။ routesonline။ 8 June 2016 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ Malindo Air Outlines New International Routes Aug - Oct 2016။ routesonline။ 14 July 2016 တွင် ပြန်စစ်ပြီး။
  11. Network။ maskargo.com။
  12. MAB Kargo partners Azerbaijan carrier to expand cargo network