သိုင်းပညာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သိုင်းပညာ (Martial arts)သည် ရန်ကိုကာကွယ် ခုခံ တိုက်ခိုက်သည့် ရှေးဟောင်း အတတ်ပညာ တစ်ခုဖြစ်သည်။ ရှေးခေတ်ကဤပညာကို လျှို့ဝှက်စွာ သင်ကြားကြရသည်။ ယခုခေတ်တွင်ကား မိမိတို့၏ ဝါသနာပါရာ သိုင်းပညာအမျိုးအစားများကို တတ်မြောက်သည့် ပညာရှင်များထံ၌ မလျှို့ဝှက်ဘဲ ပွင့်လင်းစွာ သင်ကြားနိုင်ကြလေသည်။

သိုင်းပညာခွင်တွင် တုတ်၊ ဓား၊ လှံစသော လက်နက်များကိုကိုင်၍ ခုခံတိုက်ခိုက်သည့် ဗန်ရှည် အတတ်အပြင်၊ မည်သည့် လက်နက်ကိုမျှ မကိုင်စွဲဘဲ ခုခံတိုက်ခိုက်သည့် ဗန်တိုအတတ်၊ လက်ဝှေ့ အတတ်၊ နပန်းအတတ်များ ပါဝင်သည်။ ကျွမ်းကျင်သော သိုင်းသမားကောင်းတစ်ယောက်သည် မိမိထက် အင်အားသာသူကိုသော်၎င်း၊ တုတ်၊ ဓား၊ လှံစသော လက်နက်စွဲကိုင်လာသူကို သော်၎င်း၊ တစ်ယောက်ချင်းရန်ကို၎င်း၊ တစ်ယောက် ထက်ပိုသောရန်ကို၎င်း ကောင်းစွာ ခုခံ တိုက်ခိုက်နိုင်သည်။ တုတ်နှင့် ကာကွယ် ခုခံတိုက်ခိုက်သည်ကို တုတ်သိုင်းဟုခေါ်သည်။ ဓားနှင့် ကာကွယ်ခုခံတိုက်ခိုက်သည်ကို ဓားသိုင်းဟု ခေါ်သည်။ လှံနှင့် ကာကွယ်ခုခံတိုက်ခိုက်သည်ကို လှံသိုင်းဟုခေါ်သည်။ လက်နက်မကိုင်ဘဲ ကာကွယ်ခုခံတိုက်ခိုက်သည်ကို လက်သိုင်းဟုခေါ်သည်။ ဗန်တို ဟုလည်းခေါ်သည်။

ရှည်လျားခိုင်ခံ့သည့် ရာဇဝင်သမိုင်း နောက်ခံရှိသော အရှေ့တိုင်းနိုင်ငံများ၌၎င်း အနောက် တိုင်းနိုင်ငံများ၌၎င်း မူပိုင်သိုင်းပညာများ အသီးသီး ရှိတတ်ကြသည်။

အရှေ့တိုင်း သိုင်းပညာ[ပြင်ဆင်ရန်]

မြန်မာ့သိုင်းပညာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာ့ သိုင်း

မြန်မာ့သိုင်းပညာရပ်သည် လက်နက်မဲ့ဖြစ်စေ၊ လက်နက်ချင်းဖြစ်စေ တိုက်ခိုက်မှု နည်းစနစ်ပေါင်းစုံ ရှိသည်။ အခြားနိုင်ငံများတွင် မရှိတဲ့နည်းစနစ်များ ရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ယနေ့ခေတ်တွင် မြန်မာ့သိုင်းပညာကို လာရောက်လေ့လာသည့် ပြည်ပ ဧည့်သည်များ တစ်ဖွဲဖွဲ ရောက်ရှိ၍နေကြသည်။ မြန်မာ့သိုင်းပညာကို လာရောက်သင်ယူနေကြသူများ ရှိသကဲ့သို့ သက်သက် လေ့လာသူတွေလည်း ရှိသည်။ ဒေါက်တာမောင်ကြီး ဆိုသည့် မြန်မာနိုင်ငံသား သိုင်းပညာရှင် တစ်ဦးသည် အမေရိကန်နိုင်ငံတွင် အမေရိကန်ဗန်တိုအသင်း ဆိုသည့် အဖွဲ့အစည်း တစ်ရပ်အား ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသည်။

တရုတ်သိုင်းပညာ[ပြင်ဆင်ရန်]

တရုတ်နိုင်ငံသည် အရှေ့တိုင်းသိုင်းပညာ၏ မိခင်ကြီးနှင့်တူ၏။ သိုင်းပညာအစ တရုတ်က ဟု အချို့သော သုတေသီတို့က တင်ပြကြသည်။ တရုတ်နိုင်ငံသည်၊အခြားအာရှနိုင်ငံများထက် ယဉ်ကျေးမှုပို၍ရှေးကျသဖြင့် ယုတ္တိတန်ပေသည်။ တရုတ်သည် သိုင်းပညာ၏ ဖခင်ဖြစ်ပြီး အိန္ဒိယပြည်သည် သိုင်းပညာ၏ မိခင်ဖြစ်သည် ဟု သုတေသီတို့က ပြောစမှတ် ပြုကြဟန်တူသည်။ Chinese martial arts is the most oldest of all martial arts and it is possible to trace its roots back more than 4,600 years. The earliest form of Chinese martial arts is those practised by soldiers for direct use in battlefield combat. (Chinese Martial Arts was already established in China with an extensive written and oral tradition when Bodhidharma arrived). The Master Bodhidharma was a South Indian of the Western Region. He was the third son of a great Indian king. Buddhist monk Bodhidharma (as known as Daruma in Japanese and known as DaMo in Chinese) arrived in China about 520 A.D after a three year trip from India.[၁]

ကမ္ဘာကလူသိများသော ဂျပန်သိုင်းပညာများသည် တရုတ်နိုင်ငံမှ ဆင်းသက်ပေါက်ဖွား ကူးပြောင်းသွားသော ပညာများဖြစ်သည်ဟု အထောက်အထားများက ဆိုပေသည်။ တရုတ်ပြည်ဟောင်းအစိုးရသည် သိုင်းပညာနှင့် သိုင်းပညာရှင်များကို ဥပေက္ခာပြုထားခဲ့သဖြင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပေ။ တရုတ်ပြည်သစ်အစိုးရ တက်လာမှသာ အစိုးရ၏ အားပေး အားမြှောက်ပြုမှုများကြောင့် တစ်ရှိန်ထိုးပြန်လည် တိုးတက်လာ၏။ နှစ်စဉ် နိုင်ငံလုံးဆိုင်ရာ ပြပွဲများနှင့် ပြိုင်ပွဲများ ပြုလုပ်ပေးမှုများကြောင့် အဆင့်အတန်းလည်း မြင့်တက်လာသည်။ လိုက်စားသူများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်။ အနောက်တိုင်း ကျန်းမာရေးလေ့ကျင့်ခန်းနေရာတွင် တရုတ်သိုင်း လေ့ကျင့်ခန်းများကို အစားထိုး ထည့်သွင်းကာ ပြည်သူတို့၏ ကျန်းမာရေးအဆင့်ကို သိုင်းပညာများဖြင့်မြှင့်တင်ပေး၏။ အကြောသေ ရောဂါ၊ နာတာရှည်ရောဂါများကို ထိုက်ကြည့်ချွင်းခေါ် သိုင်းနည်းများဖြင့် ကုသပေးနိုင်သဖြင့် လူကြီး လူငယ် ကျားမ မရွေး တောရော မြို့ပါမကျန် သင်ကြား လေ့ကျင့်ရန် အားသန်နေကြပေသည်။တရုတ်သိုင်းတွင် အလွတ်သိုင်းပညာနှင့် လက်နက်စွဲကိုင်သော သိုင်းပညာဟု ခွဲခြားထားသည်။

အလွန်သိုင်းပညာ၌ ဆန်ချွင်း၊ ထိုက်ကြည့်ချွင်း စသည့် ပညာပိုင်းများကို ယခုခေတ်လူများ ပိုမိုစိတ်ဝင်စား ကြပေသည်။ဆန်ချွင်းခေါ် အလွတ်သိုင်းပညာတွင် ရှောင်လင်၊လျူဟိုမိကြုံ၊ဆာ၊ဝှား၊ဖောက်၊ဟုန်စသော သိုင်းကစားနည်းများ ပါဝင်သည်။

ယခုအခါ၌ အားကစားပညာကို သင်ကြားပို့ချပေးသော ကျောင်းများနှင့် တက္ကသိုလ် အားကစားဌာနများတွင် မုချသင်ကြားရမည့် ဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်ပေးထားပေသည်။ တရုတ်နိုင်ငံတွင် နိုင်ငံလုံးဆိုင်ရာ သိုင်းပြိုင်ပွဲများတွင် ဆုရရှိသူများအား၊ နိုင်ငံခြားသို့ အတွေ့အကြုံသစ်များ၊ အမြင်သစ်များနှင့် ပညာဗဟုသုတများ ရရန် ပို့ပေးလေသည်။ ၁၉၆၁ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ပင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပွဲတော်အမှီ တရုတ်မိတ်ဆက် သိုင်းအဖွဲ့ကိုစေလွှတ်ဖူးလေသည်။ ပညာသည်ကြီးများကို အားပေးနေသည့်တစ်ချိန်တည်းမှာပင် ပညာရှင်သစ်လွင်များကို ဤသို့ ပြုစုပျိုးထောင်ပေးလျှက်ရှိသည်။

တရုတ်သိုင်းပညာသည် အမျိုးသားကာကွယ်ရေးတွင် အရေးကြီးသောအခန်းမှ ပါဝင်ခဲ့ရုံမကပြည်သူ့ကျန်းမာရေးကို အားပေးမြှင့်တင် ရာ၌လည်း ကြီးစွာသောအခန်းမှ ပါဝင်ခဲ့သဖြင့် အစွမ်းကုန်လိုက်စား၊ ပြုစုပျိုးထောင်လျက်ရှိကြပေသည်။

ဂျပန်သိုင်းပညာ[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်စာလျှင် သိုင်းပညာသက်တမ်း နောက်ကျသော်လည်း ယင်းတို့၏သိုင်းပညာများကို ကမ္ဘာနှင့်အဝှန်းလူသိများလာအောင်၊ထင်ရှားလာအောင်ကြိုးပမ်းမှု ဇွဲဝိရိယ လုံ့လစိုက်ရာတွင် အလွန်ချီးကျူးဖွယ်ဖြစ်လေသည်။

ဂျပန်နိုင်ငံ၌ လက်ရှိထင်ရှားသော သိုင်းပညာများမှာ -

  1. ဂျူဒို-လက်သိုင်းဗန်တို မူသစ်အတတ်
  2. အိုက်ကီဒို-လက်သိုင်းဗန်တို မူသစ်မူကွဲအတတ်
  3. ကရာတေး-လက်သိုင်း(မြန်မာလက်ဝှေ့နှင့်ဆင်သည်။)
  4. ဂျုဂျစ်ဆု-လက်သိုင်းဗန်တို

မုဟောင်းအတတ်

  1. ကင်ဒို-ဓားသိုင်းအတတ်
  2. ဘူဒို-လေးမြှား ဓားလှံအတတ်
  3. ဆုမော-နပန်းအတတ်တို့ဖြစ်ကြသည်။

ဂျူဒိုသည် ခေတ်အစားဆုံးဖြစ်သည်။ သို့ရာတွင် ဂျူဒိုအတတ်သည် ရန်ကိုခုခံကာကွယ်ရန် ထက် အားကစားဘက်သို့ ယိမ်းသဖြင့် ရန်ကိုကာကွယ်ခုခံရန်သက်သက် လေ့လာသူများသည် ဂျူဒိုထက် ကရာတေး-စသော အခြား ပညာများကို ပိုမိုနှစ်သက်အားထားကြသည်။

အိန္ဒိယသိုင်းပညာ[ပြင်ဆင်ရန်]

သိုင်းပညာအစ အိန္ဒိယက ဟု အချို့သော သုတေသီတို့က တင်ပြကြသည်။ အိန္ဒိယနိုင်ငံသည် အခြားအာရှနိုင်ငံများထက်ယဉ်ကျေးမှုပို၍ရှေးကျသဖြင့် ယုတ္တိတန်ပေသည်။လေးရာစုနှစ်အတွင်း၌ တောင်ပိုင်းအိန္ဒိယနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ရောက်ရှိသွားသည်ဟု အဆိုပြုကြသည်။ ထိုကြောင့် အိန္ဒိယသည် သိုင်းပညာ၏ ဖခင်ဖြစ်ပြီး တရုတ်ပြည်သည် သိုင်းပညာ၏ မိခင်ဖြစ်သည် ဟု ပြောစမှတ် ပြုကြဟန်တူသည်။ အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံ ဂျပန်နိုင်ငံများလောက် သိုင်းပညာဖွံ့ဖြိုးတိုးတက်မှုမရှိပေ။ သို့ရာတွင် လက်ငုတ်လက်ရင်း သိုင်းပညာအချို့ကို အိန္ဒိယတိုင်းသားတို့ လက်တွင် ကျန်ရှိလေ့ကျင့်လိုက်စားနေကြသည်ကို တွေ့ရှိရ၏။ ယင်းတို့အနက် ဗိုင်နော့၊ အာထာ၊ ဗင်နရက်စ စသော လက်သိုင်း ဗန်တိုပညာများ၊ ဗာဂျမူရှတီး၊ ပင်ကရက်တီဗင် စသော ရှေးဟောင်းနပန်းသတ်ခြင်း အတတ်ပညာများသည် ပိုမိုထင်ရှားကြသည်။

အနောက်တိုင်း သိုင်းပညာ[ပြင်ဆင်ရန်]

အနောက်တိုင်းနိုင်ငံများတွင် လက်သိုင်း၊ တုတ်သိုင်းပညာများ ထက် ဓားသိုင်းပညာများကို ပိုမို၍ စံနစ်တကျလိုက်စား ရှာဖွေစုဆောင်းထား ကြသည်ကို တွေ့ရှိရသည်။ ဓားသိုင်းပညာကို အင်္ဂလိပ်အခေါ်အားဖြင့် ဖင်းစင်း (fencing) ဟုခေါ်သည်။ ဓါးသိုင်းသမားကို ဖင်းစား (fencer) ဟုခေါ်သည်။ ဖင်းစားတယောက်သည် အောက်ပါ ဓါးသုံးမျိုးစလုံးကို ကိုင်တတ်၊ ခုတ်တတ် ကစားတတ် ကာကွယ်တတ် တိုက်ခိုက်ခုခံ ကာကွယ်တတ်ရသည်။

ယင်းတို့မှာ-

  1. ဖွိုင်-ထိုးဓါးသက်သက် ခုတ်ဓါး၊
  2. အပီး-ထိုးလည်းထိုး ခုတ်လည်း ခုတ်နိုင်သောဓါး၊
  3. ဆယ်ဗာ-အခုတ်သက်သက်ဓါး ဟူ၍ ဖြစ်ကြသည်။

၁၉ဝ၆ ခုနှစ်တွင် အေသင်မြို့၌ ကျင်းပပြုလုပ်သော အိုလင်းပစ်ပြိုင်ပွဲမှစ၍ ပထမဦးဆုံး ကမ္ဘာ့ဓါးသိုင်း ဗိုလ်လုပွဲကြီး ကျင်းပပြုလုပ် ပေးခဲ့သည်။ အနောက်တိုင်း ဓါးသိုင်းအတတ် (Fencing)သည် ယခုအခါ၌ အိုလင်းပစ်ပြိုင်ပွဲများ၌ ကျော်ကြားသော အားကစားပညာတစ်ရပ်အနေနှင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံရ၏။ ယင်းကဲ့သို့ လေးနှစ် တစ်ကြိမ် ကျင်းပပြုလုပ်သော အိုလင်းပစ် ဓါးသိုင်း ဗိုလ်လုပွဲအတွက် တိုင်းပြည်အလိုက် အစွမ်းကုန် ကြိုးစားလေ့ကျင့် ကြိုးပမ်းကြခြင်းဖြင့် အနောက်နိုင်ငံများတွင် ဓါးသိုင်းပညာ တည်တံ့တိုးတက်လျှက် ရှိပေသည်။

အခြားနိုင်ငံများရှိသိုင်းပညာများ[ပြင်ဆင်ရန်]

ရုရှနိုင်ငံတွင် ဂျူဒိုဆန်ဆန် လက်သိုင်းပညာကို ဆမ်ဗိုလ်ဟု ခေါ်သည်။ ရှေးဟောင်းနပန်း အတတ်ကို ဗောယက်ဟု ခေါ်သည်။ ပြင်သစ်နိုင်ငံတွင် ခြေနှင့်ခုခံတိုက်ခိုက်ရသော မူဟောင်း သိုင်းပညာတခု ထူးထူးခြားခြားရှိ သည်ကို တွေ့ရသည်။ ယင်းကို ဆာဗတ်တီဟု ခေါ်သည်။ အာဖရိကတိုက် အင်ဂိုလာပြည်နယ်၌၎င်း၊ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံတစ်ဝိုက်၌၎င်း ကက်ပိုအဲရဂျင်ခေါ် ခြေအားကိုး လက်အားကိုး ရှေးဟောင်းသိုင်းပညာတစ်ခုကို သုတေသီတို့ တွေ့ကြရသည်။ တောကောင်ကဲ့သို့ အလွန်လျှင်မြန် ဖြတ်လတ်စွာ သတ်ပုတ်တိုက်ခိုက်နိုင်သည့် ပညာဟု ဆိုကြသည်။

လူသားနှင့်သိုင်းပညာ[ပြင်ဆင်ရန်]

သိုင်းပညာသည် ရန်ကိုကာကွယ် ခုခံ တိုက်ခိုက်သည့် ရှေးဟောင်း အတတ်ပညာတစ်ခု ဖြစ်သော်ငြားလည်း ယခုအချိန်အထိ ကမ္ဘာအဝှန်းတွင် သက်တမ်းရှည်လျား ရှင်သန်နေသည်မှာ ကမ္ဘာ့လူသားတို့အား ကာယသတ္တိ၊ သူရသတ္တိနှင့် အခြားအရည်အချင်းများကို ဖြည့်စွမ်းပေးနိုင်သောကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. http://karateandknowledge.blogspot.com/p/a-brief-history-of-chinese-martial-arts.html
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)