သခင်

ဝီကီပီးဒီးယား မှ

၁၉၃၀ ခုနှစ်က ဖွဲ့ခဲ့သော တို့ဗမာအစည်းအရုံးအဖွဲ့ဝင်များသည်သူတို့၏ နာမည်ရှေ့တွင် 'သခင်' ဟူသော ဂုဏ်ပုဒ်ကို ဂုဏ်ယူစွာတပ်ခဲ့ကြသည်။ မိမိတို့နိုင်ငံတွင် မိမိတို့သာ သခင်များဖြစ်ကြောင်း ပြယုဂ် အဖြစ် တပ်ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာနယ်ချဲ့ဗြိတိသျှတိုင်းတစ်ပါးလက်အောက်တွင် ကျွန်သဘောက်ဖြစ်နေရသဖြင့် ကျေးကျွန်စိတ်တွေပပျောက်၍ ဇာတိမာန်တက်ကြွလာပြီးသခင်စိတ်ပေါ်ပေါက်ကိန်းအောင်းလာရန်ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်အတွင်း ထင်ရှားခဲ့ကြသော သခင်ကိုယ်တော်မှိုင်း၊ သခင်အောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)၊ သခင်နု(ဝန်ကြီးချုပ်ဦးနု)၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်လှဖေ(ဗိုလ်ချုပ်လက်ျာ)၊ သခင်သိန်းဖေ(ဦးသိန်းဖေမြင့်)၊ သခင်ထွန်းအုပ်၊ သခင်ချန်ထွန်းစသော ခေါင်းဆောင်များသည်သူတို့၏နာမည်ရှေ့တွင်ဂုဏ်ယူစွာ သခင် (master / lord) ဘွဲ့တပ်ခဲ့ကြသည်။