မချမ်းဘောမြို့
ပုံပန်းသွင်ပြင်
(မချမ်းဘော မှ ပြန်ညွှန်းထားသည်)
မချမ်းဘောမြို့ | |
---|---|
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 27°16′0″N 97°36′0″E / 27.26667°N 97.60000°Eကိုဩဒိနိတ်: 27°16′0″N 97°36′0″E / 27.26667°N 97.60000°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကချင်ပြည်နယ် |
ခရိုင် | ပူတာအိုခရိုင် |
မြို့နယ် | မချမ်းဘောမြို့နယ် |
လူဦးရေ (၂၀၁၄) | ၂,၃၁၅[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မချမ်းဘောမြို့သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပါဝင်ပြီး မချမ်းဘောမြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။ မချမ်းဘောမြို့သည် ကချင်ဘာသာ "မကျန်ဘော့" (Ma Chyang Baw) မှ ဆင်းသက်လာခြင်းဖြစ်သည်။ မကျန်ချောင်းနှင့် မလိခမြစ်တို့ ပေါင်းဆုံရာနေရာဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မချမ်းဘောကို ၁၉၇၂ ခုနှစ်တွင် ရွာငယ်တစ်ရွာအဖြစ် စတင်တည်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အရှေ့ပူတာအိုနယ်ခြားဒေသ အုပ်ချုပ်ရေးခရိုင်အား မချမ်းဘောတွင် ဖွင့်လှစ်အခြေစိုက်ခဲ့ရာ မချန်းဘောမြို့နယ်ဟု ပေါ်ပေါက်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် နယ်ခြားအုပ်ချုပ်ရေးကို ဖျက်သိမ်းလိုက်သဖြင့် မြို့ပိုင်ရုံးစိုက်ရာမြို့အဖြစ် သတ်မတ်ခံခဲ့ရသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၀။
- ↑ တင်နိုင်တိုး (ဖေဖော်ဝါရီ ၂၀၁၂)။ မြန်မာမြို့အဘိဓာန် (ပထမအကြိမ် ed.)။ ဇေတဝန်စာအုပ်တိုက်၊ ရန်ကုန်။