ပရက် ဆိုခွန်

ဝီကီပီးဒီးယား မှ
H.E

ဆိုခွန်
Prak Sokhonn
ប្រាក់ សុខុន
ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်
တာဝန်သက်တမ်း
၆ စက်တင်ဘာ ၂၀၁၈ – ၂၂ ဩဂုတ် ၂၀၂၃
ဝန်ကြီးချုပ်ဟွန်ဆန်
နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၅ ဧပြီ ၂၀၁၆ – ၂၂ ဩဂုတ် ၂၀၂၃
ဝန်ကြီးချုပ်ဟွန်ဆန်
ယခင်လူ​​​ဟော် နမ်ဟွန်း
ဆက်ခံသူSok Chenda Sophea
စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီး
တာဝန်သက်တမ်း
၂၄ စက်တင်ဘာ ၂၀၁၃ – ၄ ဧပြီ ၂၀၁၆
ဝန်ကြီးချုပ်ဟွန်ဆန်
ယခင်လူဆိုခွန်
ဆက်ခံသူTram Iv Tek
Member of လွှတ်တော်
for Kandal
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၅ စက်တင်ဘာ ၂၀၁၈
အနိုင်ရမဲ အရေအတွက်၄၂၂,၂၅၃ (၇၅.၃%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-05-03) ၃ မေ၊ ၁၉၅၄ (အသက် ၆၉)
ဖနွမ်းပင်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ
နိုင်ငံရေးပါတီကမ္ဘောဒီးယားပြည်သူ့ပါတီ
ကြင်ဖော်(များ)Kheng Samvada
သားသမီး
စစ်မှုထမ်းခြင်း
အမှုထမ်းကာလ၁၉၇၉ - ၁၉၉၃
ရာထူး ဗိုလ်ချုပ်ကြီး[၁]

ပရက် ဆိုခွန် (အင်္ဂလိပ်: Prak Sokhonn) သည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင်က သံတမန်တစ်ဦးလည်းဖြစ်ကာ စာနယ်ဇင်းသမားတစ်ဦးလည်းဖြစ်သည်။

၂၀၂၂ခုနှစ်တွင် က​မ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာပြီး​နောက် မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည်။ ပရတ် ဆိုခွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ခွင့်တောင်းခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ပေ။[၂] မြန်မာ့အရေးသည် ကမ္ဘောဒီးယားလက်ထက်တွင် သိသာစွာပြောင်းလဲတိုးတက်ခဲ့ခြင်း မရှိပေ။[၃][၄]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

၁၉၅၄ခုနှစ် မွေးဖွားခဲ့သည်။ ၁၉၇၉ခုနှစ်တွင် ကမ်ပူးချားပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘောဒီးယားတော်ဝင်တပ်မတော်တွင် ကြယ် ၄ပွင့်အဆင့်ရှိ ဗိုလ်ချုပ်တစ်ဦးဖြစ်လာကာ ပြောရေးဆိုခွင့်ရသူ ဖြစ်လာခဲ့သည်။[၅]

အစိုးရအဖွဲ့ရာထူးများ[ပြင်ဆင်ရန်]

သူသည် ဥရောပတွင် သံတမန်အဖြစ် ၃နှစ်ကြာသွားခဲ့သေးသည်။ ၂၀၁၃ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရအဖွဲ့၌ စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဖြစ်လာသည်။

နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟော်နမ်ဟွန်းသည် ဝန်ကြီးအဖြစ် ၁၇နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ထိုနေရာမှ အနားယူသွားခဲ့သည်။ ထို့ကြောင့် ပရက်ဆိုခွန်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရာ ၂၀၁၆ခုနှစ် ဧပြီ ၅ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ၂၀၁၈ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်တာဝန်ကိုပါ စွမ်းဆောင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]