မာတိကာသို့ ခုန်သွားရန်

ဂွမ်မော်

ဝီကီပီးဒီးယား မှ
ဂွမ်မော်
မွေးဖွား (1962-01-05) ၅ ဇန်နဝါရီ၊ ၁၉၆၂ (အသက် ၆၄)
မြစ်ကြီးနားမြို့ကချင်ပြည်နယ်
သစ္စာခံနိုင်ငံကချင်လွတ်မြောက်ရေးတပ်မတော်
လက်နက်ကိုင်တပ်ကချင်လွတ်မြောက်ရေးတပ်မတော်
အမှုထမ်း ကာလ၁၉၈၇ - လက်ရှိ
ရာထူးအဆင့်ဒုတိယ ဗိုလ်ချုပ်ကြီး
ကွပ်ကဲသည့် ဌာနစစ်ဦးစီးချုပ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်
တိုက်ပွဲ/စစ်ပွဲများမြန်မာပြည်တွင်း ပဋိပက္ခ

ဆွမ်လွတ်ဂွမ်မော် (၅ ဇန်နဝါရီ ၁၉၆၂ မွေးဖွား) မြန်မာနိုင်ငံရှိ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် ဖြစ်သည်။

အစောပိုင်းဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ကို ၁၉၆၃၊ ဖေဖော်ဝါရီ (၅) ရက်နေ့တွင် မြစ်ကြီးနား ဒူကထောင်တွင် မွေးဖွားခဲ့သည်။ မွေးချင်းငါးဦး အနက် အကြီးဆုံးဖြစ်သည်။ ဆယ်တန်းကို မြစ်ကြီးနား၊ အမှတ် (၁) အ​ခြေခံပညာအထက်တန်းကျောင်းမှ ၁၉၇၉ တွင် ဖြေဆိုအောင်မြင်ခဲ့သည်။ ထို့နောက် ၁၉၇၉၊ ဒီဇင်ဘာတွင် မြစ်ကြီးနားဒေသကောလိပ်တွင် ဆက်လက်သင်ကြားပြီး ၁၉၈၇ တွင် မန္တလေးတက္ကသိုလ်မှ ရူပဗေဒ ပညာရပ်ဖြင့် (B.Sc) ဘွဲ့ရရှိခဲ့သည်။

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဘွဲ့ရပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် သို့ ၁၉၈၇ ခုနှစ်တွင် တပ်သားအဆင့်မှ စတင်ဝင်ရောက်ခဲ့သည်။ (ထိုအချိန်တွင် KIA ဗိုလ်လောင်းသင်တန်းကျောင်း မရှိသေးပေ။) ထို့နောက် ၁၉၈၈ ခုနှစ်တွင် ဒုတပ်ကြပ်၊ ၁၉၉၀ ခုနှစ်တွင် တပ်ကြပ်ကြီး၊ ၁၉၉၁ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်၊ ၁၉၉၃ ခုနှစ်တွင် ဗိုလ်၊ ၂၀၀၁ ခုနှစ်တွင် ဗိုလ်ကြီး၊ ၂၀၀၂ ခုနှစ်တွင် ဗိုလ်မှူး အဆင့်ဆင့် ရာထူးတိုးမြှင့်ခံရသည်။ ယင်းနောက် ၂၀၀၃ မှ ၂၀၀၄ အထိ အမှတ် (-) တပ်မဟာမှူး နှင့် KIO တွဲဖက်အတွင်းရေးမှူး တာဝန်များကို ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် ဒုဗိုလ်မှူးကြီး အဆင့်ဖြင့် မဟာဗျူဟာဌာန ညွန်ကြားရေးမှူးတာဝန် ယူခဲ့ရသည်။ ဤသို့ စစ်မှုထမ်းဆောင်ရင်း စစ်စည်းကမ်းကောင်းမွန်မှု နှင့် အထက်မှ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့သောကြောင့် ၂၀၀၆ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် KIO ဗဟိုကော်မတီဝင် ဖြစ်လာခဲ့သည်။ KIO ဗဟိုကော်မတီအဖြစ် ၃ နှစ်ကြာ ထမ်းဆောင်ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် KIA ဒုဦးစီးချုပ် အဆင့်သို့တိုးမြှင့်ခံရသည်။ ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် ဒုဦးစီးချုပ်တာဝန် ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဒုဗိုလ်ချုပ်ကြီး အဆင့်ဖြင့် KIA စစ်ဦးစီးချုပ်တာဝန်ကို ယနေ့ထိတိုင် တာဝန်ယူနေသည်။[ကိုးကားချက်လိုသည်]

ကိုးကားချက်

[ပြင်ဆင်ရန်]

သူတို့တိုက်ခဲ့ရသော စစ်နှင့်သူတို့ရှာနေသောငြိမ်းချမ်းရေး (သန်းဝင်းလှိုင်)

Nmai Gam(ZHA)