ပြွန်တန်ဆာမြို့

ဝီကီပီးဒီးယား မှ
(ပြွန်တန်ဆာ မှ ပြန်ညွှန်းထားသည်)
ပြွန်တန်ဆာမြို့
မြို့
ပြွန်တန်ဆာမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပြွန်တန်ဆာမြို့
ပြွန်တန်ဆာမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°52′N 96°44′E / 17.867°N 96.733°E / 17.867; 96.733ကိုဩဒိနိတ်: 17°52′N 96°44′E / 17.867°N 96.733°E / 17.867; 96.733
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ညောင်လေးပင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)


ပြွန်တန်ဆာမြို့သည် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် တည်ရှိသည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

ပြွန်တန်ဆာမြို့တည်ရှိသောနေရာတွင် ရှေးကာလက မွန်လူမျိုးများ နေထိုင်ကြသည်။ ရဲနွယိချောင်း ကြိမ်ချောင်း အေးရွာချောင်း ဥတိုချောင်း ဟူသောဤချောင်းလေးချောင်း ပေါင်းဆုံရာတွင် ထိုမြို့ တည်ရှိခြင်းကြောင့် မွန်ဘာသာအားဖြင့် ပွန်တိုက်ဇာ မြန်မာဘာသာအားဖြင့် ပွန်ကား လေးခု တိုက်ဇာကား ချောင်း ပွန်တိုက်ဇာဟု ခေါ်ဆိုရာမှ ကာလရွေ့၍ ပြွန်တန်ဆာ ဖြစ်လာသည်ဟု အဆိုရှိလေသည်။ မြို့လည်မှ ဥတိုချောင်းကို ၁၂၅၀ခုနစ်၌ မြို့အုပ် ဦးဖေကြီးလက်ထက်တွင် ရေကန်ဖြတ်ပိတ်လိုက်သဖြင့် ယခုအချိန်တွင် ရေကန်ကြီးကိုသာ မြင်နိုင်ကြတော့သည်။