မာတိကာသို့ ခုန်သွားရန်

သီရိသီဟကျော်တံဆိပ်

ဝီကီပီးဒီးယား မှ
သီရိသီဟကျော်တံဆိပ်
အမျိုးအစားစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်
တည်ထောင်ခဲ့၂၀ မတ် ၂၀၂၄
နိုင်ငံ မြန်မာ

သီရိသီဟကျော်တံဆိပ် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် က ချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် တစ်ခုဖြစ်သည်။[] နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ပနိုင်ငံများနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြ သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်နိုင်ရန်အလို့ငှာ ပေးအပ်ချီးမြှင့်သည့် တံဆိပ် လည်း ဖြစ်သည်။ယင်းတံဆိပ် ကို နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ် တစ်ခု အဖြစ်လည်း သတ်မှတ်သည်။[]

သမိုင်းအကျဉ်း နှင့် ရည်ရွယ်ချက်

[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၄ ခုနှစ် မေလ ၂၀ရက်နေ့တွင် နဂိုမူလ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် []ထဲ အသစ်ဖြည့်စွက်ပြဋ္ဌာန်းပြီး သတ်မှတ်လိုက်သော တံဆိပ်တစ်ခုဖြစ်သည်။ ယင်းတံဆိပ်ကို ခေတ်မီ တပ်မတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ပေးအပ်သည်။[]

ချီးမြှင့်ခြင်းခံရသူများ

[ပြင်ဆင်ရန်]

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး အပါအဝင် (၁၅) ဦး[] အား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် ဤတံဆပ် ပေးအပ်ချီးမြှင့်သည်။[] []

နောက်ထပ်ကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. INT’L MILITARY COOPERATION MEDALS: SAC ISSUED INT’L MILITARY COOPERATION MEDALS CONFERRED mitv (27 March 2024)။ 31 March 2024 တွင် ပြန်စစ်ပြီး။
  2. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဒုတိယအကြိမ်ဖြည့်စွက်ပြဋ္ဌာန်းချက် ထုတ်ပြန် MOI Myanmar (၂၁ မတ် ၂၀၂၄)။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၁၇ ဒီဇင်ဘာ ၂၀၀၉)။ 3 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ရုရှားစစ်ဘက်ဆိုင်ရာလူပုဂ္ဂိုလ် ၂၇ဦးကို စစ်ကောင်စီခေါင်းဆောင်က ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့် Mizzima (၂၇ မတ် ၂၀၂၄)။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. မြန်မာ-ရုရှား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့်စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ Myanmar Digital News (၂၉ မတ် ၂၀၂၄)။ 31 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း MOI Myanmar (၂၇ မတ် ၂၀၂၄)။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. မြန်မာ- ရုရှား စစ်ခေါင်းဆောင်တွေ ဆုတွေ အပြန်အလှန်ချီးမြှင့် BBC Burmese (၂၉ မတ် ၂၀၂၄)။ ၃၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။