မာတိကာသို့ ခုန်သွားရန်

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့

ဝီကီပီးဒီးယား မှ
နိုင်ငံတကာ စာတတ်မြောက်ရေးနေ့
လိုက်နာကျင့်သုံးသူများကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အားလုံး
ရက်စွဲ၈ စက်တင်ဘာ
ပြန်လည်ကျင်းပမှုအကြိမ်ရေနှစ်စဉ်

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (အင်္ဂလိပ်: International Literacy Day) သည် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်သည်။ နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့ကို ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် UNESCO ၏ ၁၄ ကြိမ်မြောက် အထွေထွေညီလာခံတွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အဖြစ် ကြေညာခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သည် ကမ္ဘာတစ်ဝန်း စာတတ်မြောက်ရေးဆိုင်ရာ ပညာရေးလိုအပ်ချက်အတွက် အသိပညာပေးရန်အတွက် အရေးကြီးသောအခွင့်အရေးဖြစ်သည်။ ဤနေ့သည် လူတစ်ဦးချင်းစီ၏ဘဝတိုးတက်စေရန်အတွက် လိုအပ်သော အသိပညာနှင့် အရည်အချင်းများကို မြှင့်တင်ရန်အတွက် စာတတ်မြောက်မှုစွမ်းရည်သည် မရှိမဖြစ်လိုအပ်ကြောင်း သတိပေးချက်တစ်ခုဖြစ်သည်။[][]


စာတတ်မြောက်ရေးသည် လူထုတိုးတက်မှုအတွက် မဖြစ်မနေလိုအပ်သော အခြေခံ အုပ်မြစ်တစ်ခုဖြစ်သည်။ စာဖတ်ခြင်းဟူသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်ဖြစ်သည်။ စာဖတ်ခြင်းသည် လူတို့၏အသိဉာဏ်ကိုဖွင့်ပေးသောကြောင့်မျက်စိနှင့်တူသည်။ သိုဖြစ်၍ နိုင်ငံတော်အစိုးရက လူတိုင်းပညာရှိဖြစ်လာစေရန် စာတတ်မြောက်ရေးလှုပ်ရှားမှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ရာတွင် ၂၁ရာစု နည်းပညာများ အရှိန်အဟုန်ဖြင့် ထွန်းကားနေသည့် ယနေ့ခေတ်ကာလသို့ရောက်ရှိနေပြီ‌ဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းတွင်လည်ကောင်း၊ ကျွန်ုပ်တို့၏ လူ့ဘောင်အဖွဲ့အစည်းအတွင်း၌လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် စာမတတ်သေးသူများစွာ တည်ရှိနေဆဲဖြစ်သည်း စာမတတ်သူတစ်ဦး၏ဘဝသည် မှောင်မဲ၍ပိတ်လှောင်ခံထားရသော အခန်းကျဉ်းငယ်တစ်ခုအတွင်းရောက်ရှိနေသကဲ့သို့ ခက်ခဲကြမ်းတမ်းလှသည်။ ထို့ကြောင့် စာမတတ်သူအား စာတတ်မြောက်အောင်၊ ပညာအလင်းရောင်ရရှိအောင် ကူညီဖေးမပေးခြင်းသည် လူသားတိုင်း၏ တာဝန်တစ်ရပ်ပင်ဖြစ်ပေသည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. International Literacy Day UNESCO (2 October 2018)။ 24 October 2018 တွင် ပြန်စစ်ပြီး။
  2. World Literacy Day 2020: Theme, History, Significance And Quotes 2020-09-10 တွင် ပြန်စစ်ပြီး။