နိုင်ငံတကာ စာတတ်မြောက်ရေးနေ့

ဝီကီပီးဒီးယား မှ
နိုင်ငံတကာ စာတတ်မြောက်ရေးနေ့
ကျင်းပသည့်နိုင်ငံကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အားလုံး
နေ့ရက်၈ စက်တင်ဘာ
အကြိမ်နှစ်စဉ်

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (အင်္ဂလိပ်: International Literacy Day) သည် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်သည်။ နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့ကို ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် UNESCO ၏ ၁၄ ကြိမ်မြောက် အထွေထွေညီလာခံတွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အဖြစ် ကြေညာခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သည် ကမ္ဘာတစ်ဝန်း စာတတ်မြောက်ရေးဆိုင်ရာ ပညာရေးလိုအပ်ချက်အတွက် အသိပညာပေးရန်အတွက် အရေးကြီးသောအခွင့်အရေးဖြစ်သည်။ ဤနေ့သည် လူတစ်ဦးချင်းစီ၏ဘဝတိုးတက်စေရန်အတွက် လိုအပ်သော အသိပညာနှင့် အရည်အချင်းများကို မြှင့်တင်ရန်အတွက် စာတတ်မြောက်မှုစွမ်းရည်သည် မရှိမဖြစ်လိုအပ်ကြောင်း သတိပေးချက်တစ်ခုဖြစ်သည်။[၁][၂]


ကိုးကား[ပြင်ဆင်ရန်]

  1. International Literacy Day။ UNESCO (2 October 2018)။ 24 October 2018 တွင် ပြန်စစ်ပြီး။
  2. World Literacy Day 2020: Theme, History, Significance And Quotes။ 2020-09-10 တွင် ပြန်စစ်ပြီး။