မာတိကာသို့ ခုန်သွားရန်

စမ်းချောင်းမြို့နယ်

ဝီကီပီးဒီးယား မှ
(စမ်းချောင်း မှ ပြန်ညွှန်းထားသည်)
စမ်းချောင်းမြို့နယ်
မြေနီကုန်း ကုန်းကျော်တံတား
မြေနီကုန်း ကုန်းကျော်တံတား
အလုံခရိုင်အတွင်း တည်နေရာ
အလုံခရိုင်အတွင်း တည်နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
စမ်းချောင်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စမ်းချောင်းမြို့နယ်
စမ်းချောင်းမြို့နယ်
စမ်းချောင်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°48′23″N 96°8′6″E / 16.80639°N 96.13500°E / 16.80639; 96.13500ကိုဩဒိနိတ်: 16°48′23″N 96°8′6″E / 16.80639°N 96.13500°E / 16.80639; 96.13500
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်အလုံ
စာပို့သင်္ကေတ၁၁၁၁၁

စမ်းချောင်းမြို့နယ် သည် ရန်ကုန်မြို့၏ မြို့လည်ခေါင်အနီးတွင်တည်ရှိသည်။ စမ်းချောင်းမြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ကမာရွတ်မြို့နယ်၊ တောင်ဘက်တွင် ဒဂုံမြို့နယ် နှင့် အနောက်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ် တို့တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း ၁၇ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း နှင့် အထက်တန်း ကျောင်း ၄ကျောင်းတည် ရှိသည်။

ရပ်ကွက်များ

[ပြင်ဆင်ရန်]

စမ်းချောင်းမြို့နယ်အတွင်း တည်ရှိသော ရပ်ကွက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

3

ထင်ရှားသောနေရာများ

[ပြင်ဆင်ရန်]

မြေနီကုန်းမီးပွိုင့်လမ်းဆုံတွင် ဒဂုန်စင်တာ၊ ဒဂုန်စင်တာ ၂၊ ဂမုန်းပွင့်၊ မြေနီကုန်း ပလာဇာ၊ ယုဇန ရှော့ပင်းစင်တာ၊ စီးတီးမတ် စူပါမားကတ်၊ Spirit စူပါမားကတ် စသည့် ရှော့ပင်းစင်တာများစွာ တည်ရှိသည်။ ၎င်းတို့ အထဲမှ ဒဂုန်စင်တာမှာ နာမည်အကြီးဆုံးဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးများမှ ဗီဒီယို မကြာခဏ လာရောက် ရိုက်ကူးလေ့ရှိသည့် စူပါမားကတ်ဖြစ်သည်။ ဒဂုန်စင်တာသည် နောက်ထပ် အဆောက်အအုံတစ်ဦးဖြင့် ဒဂုန်စင်တာ ၂ အား မူလ စင်တာ၏ အနောက်ဘက်တွင် ဇန်နဝါရီလ ၇ရက်နေ့က ထပ်မံဖွင့်လှစ်လိုက်သည်။ မူလ နှင့် အသစ်ကြားတွင် တံတားဖြင့် ဆက်သွယ်ထားသည်။ စီးတီးမတ်စူပါမားကတ်မှာလည်း ၎င်းတို့၏ ပထမဆုံး ကိုယ်ပိုင် အဆောက်အအုံကို မြေနီကုန်း မီးပွိုင့်အနီးဖွင့်လှစ်ထားသည်။ စမ်းချောင်းမြို့နယ်အတွင်း ခေတ်မီ အဝတ်အထည်များ၊ ဖိနပ်များ နှင့် အခြား အသုံးအဆောင် ပစ္စည်းများကို အဆိုပါ စူပါမားကတ်များတွင် ဝယ်ယူရရှိနိုင်သဖြင့် စမ်းချောင်းမြို့နယ်သည် ညသန်းခေါင်ပတ်ဝန်းကျင်အထိ လူစည်ကားလှသည့် တစ်ခုတည်းသော မြို့နယ်တစ်ခုဖြစ်သည်။ ထို့ပြင် အစားအသောက်များဖြစ်သည့် ဝက်သားတုတ်ထိုး၊ ဆီချက်၊ ခေါက်ဆွဲကြော်၊ ကြာဇံကျော်၊ ဒံပေါက်၊ ဖာလူဒါနှင့် အအေးစုံ၊ ကြာဇံဟင်းခါး၊ မုန့်ဟင်းခါး စသည့် မုန့်မျိုးစုံကိုလည်း မြေနီကုန်း မီးပွိုင့် အနီးရှိ စားသောက်ဆိုင်များတွင် ဝယ်ယူစားသုံးနိုင်သည်။ ကော်ဖီဆိုင်များ ဖြစ်သော မွန်း ဘိတ်ကရီ၊ အိုက်စ် ဘယ်ရီတို့မှာလည်း မြေနီကုန်း မီးပွိုင့် အနီးတည်ရှိသည်။ မင်္ဂလာ ရုပ်ရှင်ရုံ တို့လည်းDagon Center 2 တွင်ရှိသည်။ လူကြီး၊ လူငယ်မရွေး ကစားနိုင်သော ဂိမ်းစင်တာတစ်ခုသည်လည်း မြေနီကုန်းစင်တာအပေါ်ထပ်တွင် တည်ရှိသည်။ စမ်းချောင်းလမ်းသည် လည်း ဒုတိယ တရုတ်တန်း (၁၉)လမ်း ခဲ့သို့အလွန်ထင်ရှားပြီး စားသောက်ဆိုင်၊ယမကာဆိုင်များစွာရှိသည်။

လမ်းများ

[ပြင်ဆင်ရန်]

စမ်းချောင်းမြို့နယ်၏ ထင်ရှားသောလမ်းများမှာ စမ်းချောင်းလမ်းနှင့် မြေနီကုန်းဈေးလမ်းတို့ဖြစ်သည်။ ၎င်းတို့ထင်ရှားရခြင်း အကြောင်းအရင်းမှာ ရှည်လျားခြင်း နှင့် လမ်းဈေးများရှိခြင်းတို့ကြောင့်ဖြစ်သည်။ စမ်းချောင်းလမ်းမှာ စမ်းချောင်းမြို့နယ်၏ အရှည်လျားဆုံးလမ်းဖြစ်သည်။ လမ်းတွင်း၌ စားသောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ တည်ရှိသည်။ မြေနီကုန်းဈေးလမ်းတွင်မူ အင်တာနက်ဆိုင်များ၊ ရှမ်းခေါက်ဆွဲဆိုင်များ၊ ကုန်စည်ဆိုင်များနှင့် ဘီယာ အပြင် အရက်ပါ ဝယ်ယူရရှိနိုင်သည့် ဆိုင်များတည်ရှိသည်။

ဘုရားများ

[ပြင်ဆင်ရန်]

စမ်းချောင်းမြို့နယ်အတွင်းရှိ တစ်ခုတည်းသော ထင်ရှားသောဘုရားမှာ ကိုးထပ်ကြီးဘုရားဖြစ်သည်။

အထက်တန်းကျောင်းများ

[ပြင်ဆင်ရန်]

စမ်းချောင်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများမှာ အ.ထ.က (၁) စမ်းချောင်း (အ.ထ.က ဆိုသည်မှာ အခြေခံပညာ အထက်တန်း ကျောင်း ၏ အတိုကောက်ဖြစ်သည်။)၊ အ.ထ.က (၂) စမ်းချောင်း (မိန်းကလေးသီးသန့်)၊ အ.ထ.က (၃) စမ်းချောင်း နှင့် အ.ထ.က (၄) စမ်းချောင်းတို့ဖြစ်သည်။

ထင်ရှားသော အဖြစ်အပျက်များ

[ပြင်ဆင်ရန်]
  • ၈၈၈၈ (ရှစ်လေးလုံး) အရေးအခင်းတွင် အပစ်အခတ်များ စတင်ခဲ့သည့်နေရာမှာ စမ်းချောင်းမြို့နယ်မြေနီကုန်းမီးပွိုင့်အနီး ဖြစ်သည်။
  • ၂၀၀၅ ခုနှစ်တွင် ဒဂုံစင်တာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ လူ၂၀ကျော်သေဆုံးပြီး ၂၀၀ကျော် ဒဏ်ရာရခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]