နာဆာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန
NASA logo.svg
နာဆာ အမှတ်တံဆိပ်
ဆောင်ပုဒ် : For the Benefit of All.[၁]
Agency overview
တည်ထောင် ၁၉၅၈ ဇူလိုင် ၂၉
အပိုင် အမေရိကန် အစိုးရ
ဌာနချုပ် ဝါရှင်တန် ဒီစီ
38°52′59″N 77°0′59″W / 38.88306°N 77.01639°W / 38.88306; -77.01639
ဝန်ထမ်း 17,900 ဦး
ဘတ်ဂျက် US$17.6 ဘီလီယံ (FY 2009)[၂]
ဌာနမှူးs Charles Bolden, Jr., ဦးစီးမှူး
Lori Garver, ဒုဦးစီးမှူး
ဝဘ်ဆိုက်
www.nasa.gov

အတိုကောက်အားဖြင့် ‘နာဆာ’ ခေါ် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန(National Aeronautics and Space Administration, NASA) သည် အမေရိကန်၏ အာကာသ စီမံကိန်းများအတွက် တာဝန်ရှိသည့် အစိုးရအပိုင် ဌာနတစ်ခုဖြစ်သည်။ နာဆာအား ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အတည်ပြုခဲ့သည့် ‘အမျိုးသား အာကာသနှင့် လေကြောင်းဆိုင်ရာ အက်ဥပဒေ’ အရ တည်ထောင်ခဲ့ပြီး ယခင် လေကြောင်းရေးရာ အမျိုးသား အကြံပေး ကော်မတီအဖွဲ့နေရာတွင် အစားထိုးခဲ့သည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်လည်ပတ်သည်။[၃]ထိုအချိန်မှစ၍ အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့သည်။ လကမ္ဘာသို့ သွားသည့် အပိုလိုမစ်ရှင်၊ နိုင်ငံတကာ အာကာသစခန်း စသည်တို့ ပါဝင်သည်။ အာကာသနှင့် ပက်သတ်သော ပရိုဂရမ်များ အပြင် နာဆာသည် စစ်ရေး နှင့် စစ်ရေးမဟုတ်သော လေကြောင်းနှင့် အာကာသဆိုင်ရာ သုတေသန ရေရှည် သုတေသန လုပ်ငန်းများ နှင့်လည်း သက်ဆိုင်သည်။ နာဆာမှ သိပ္ပံပညာသည် ကမ္ဘာမြေ၏ အကြောင်းကို ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေး စနစ်မှ တဆင့် ပိုမို၍ သိရှိနားလည်ရန် အဓိက ဦးတည်ချက်ထားသည်။[၄] ထို့အပြင် သိပ္ပံမစ်ရှင် ဒါရိုက်ထရိတ်၏ ဟီလီယိုရူပဗေဒ သုတေသန ပရိုဂရမ် ကို ပိုမိုတိုးတက်စေရန် လည်း ရည်ရွယ်သည်။ [၅] နေအဖွဲ့အစည်း အတွင်းရှိ ရုပ်ဝတ္ထုများကို နယူးဟော်ရီဇုန် ကဲ့သို့သော အဆင့်မြင့် ရိုဘော့ မစ်ရှင်များဖြင့် လေ့လာစူးစမ်းခြင်းလည်း ပါဝင်သည်။[၆]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Lale Tayla and Figen Bingul (2007). NASA stands "for the benefit of all." – Interview with NASA's Dr. Süleyman Gokoglu. The Light Millennium. Retrieved on September 29 2054
  2. FY09 Budget Request Summary (PDF). NASA (February 1, 2008).
  3. NASA (2005). The National Aeronautics and Space Act. NASA. Retrieved on August 29, 2007
  4. Netting, Ruth (June 30, 2009). Earth - NASA Science. Retrieved on July 15, 2009
  5. Netting, Ruth (January 08, 2009). Heliophysics - NASA Science. Retrieved on July 15, 2009
  6. Netting, Ruth (January 08, 2009). Planets - NASA Science. Retrieved on July 15, 2009