သက်ရှိ

ဝီကီပီးဒီးယား မှ
သက်ရှိ
Temporal range: 3770–0 Ma ArcheanPresent (Hadean မူလအစ ဖြစ်နိုင်သော)
အာခီးယာ, Cyanobacteria, Bacillus, Campylobacteria, Enterobacteria, Diplococcus, နှင့် Spirochete တို့ပါဝင်သော Prokaryote ၏ မျိုးစုံမျိုးကွဲအဖုံဖုံ ကွဲပြားမှု
ဝံပုလွေ, Giant sequoia, Entodinium, Amanita caesarea, Pterois antennata, ရေညှိပွင့်များ, Chrysotoxum verralli, Xanthoparmelia သစ်ကပ်မှော်, Dictyostelium, နှင့် Pillar coral တို့ပါဝင်သော ယူကာယုတ်၏ မျိုးစုံမျိုးကွဲအဖုံဖုံ ကွဲပြားမှု
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
နယ်ပယ်များ နှင့် မဟာအုပ်စုကြီးများ

ကမ္ဘာမြေပေါ်မှ သက်ရှိများ:

ရုပ်ဝတ္ထုတစ်ခု၌ ဆဲလ်အချက်ပြခြင်းနှင့် ကိုယ်အားကိုယ်ကိုး ရှင်သန်ရပ်တည်နိုင်ခြင်းစသည့် ဇီဝဖြစ်စဉ်များ ပါရှိခြင်းသည် "သက်ရှိ"(ဖြစ်ခြင်း)၏ ဝိသေသလက္ခဏာဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် (သေဆုံးသွားသဖြင့်) ဤသို့သော ဇီဝဖြစ်စဉ်များ ရပ်တန့်သွားသောကြောင့်ဖြစ်စေ၊ ဤသို့သော ဇီဝဖြစ်စဉ်များသည် ကနဦးကတည်းက လုံးဝကင်းမဲ့သောကြောင့်ဖြစ်စေ ၎င်း ရုပ်ဝတ္ထုများကို "သက်မဲ့"ဟု ခေါ်ဆိုနိုင်သည်။ အပင်များ၊ တိရစ္ဆာန်များ၊ မှိုများ၊ ပရုတ်တင့်စ်များ(protists)၊ အာခိယာ(archea)၊ ဘက်တီးရီးယားအစရှိသဖြင့် သက်ရှိပုံစံအမျိုးမျိုး တည်ရှိသည်။ ဤသို့သော သက်ရှိများကို လေ့လာသည့် သိပ္ပံပညာရပ်ကို ဇီဝဗေဒဟု ခေါ်သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များ[ပြင်ဆင်ရန်]

သက်ရှိ(ဖြစ်ခြင်း)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သိပ္ပံပညာရှင်များနှင့် အတွေးအခေါ်ပညာရှင်များကို ကာလကြာရှည်စွာ စိန်ခေါ်နေသော အကြောင်းအရာတစ်ခုဖြစ်ပြီး၊ ကွဲပြားခြားနားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးစုံကို တွေ့ရှိနိုင်သည်။[၂][၃][၄] ဤသို့ဖြစ်ရခြင်းမှာ "သက်ရှိခြင်း"သည် ရုပ်ဝတ္ထုတစ်ခုမဟုတ်ပဲ၊ ဖြစ်စဉ်တစ်ခုဖြစ်နေသောကြောင့်လည်း တစ်ပိုင်းဖြစ်သည်။[၅][၆][၇]ကမ္ဘာ့အပြင်ဘက်၌ရှိနေနိုင်သော သက်ရှိဝတ္ထုများ၏ ဝိသေသလက္ခဏာများအကြောင်းကို မသိရှိနိုင်သေးခြင်းကလည်း ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ပြုရာ၌ ပိုမိုရှုပ်ထွေးလာစေသည်။ [၈][၉] ဒဿနိကဗေဒအားဖြင့် "သက်ရှိ"(ဖြစ်ခြင်း)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ထုတ်ဖော်ဖွင့်ဆိုကြရာ၌လည်း၊ အရာဝတ္ထုများကို သက်ရှိသက်မဲ့ခွဲခြားရာတွင် တခြားဗေဒများကဲ့သို့ပင် အခက်အခဲများတွေ့ကြသည်။[၁၀] တရားဥပဒေအားဖြင့် "သက်ရှိ"(ဖြစ်ခြင်း)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များတွင် ယေဘုယျအားဖြင့် လူတစ်ယောက်ကို မည်သည့်အချိန်တွင် သေဆုံးသည်ဟု ကြေညာမည်ဟူသော ဆုံးဖြတ်ချက်နှင့် ဤဆုံးဖြတ်ချက်၏ ဥပဒေအကြောင်းအရ အကျိုးဆက်များကို အဓိကအာရုံထားကာ ဖော်ပြကြပြီး၊ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် အချေအတင်ဝေဖန်ဆွေးနွေးကြသည်။[၁၁]

ဇီဝဗေဒ[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ သက်ရှိရုပ်စု

"သက်ရှိ"၏ အများစုသဘောတူသော အဓိပ္ပာယ်ဖွင့်ဆိုချက် အတိအကျမရှိသောကြောင့်၊ ဇီဝဗေဒဆိုင်ရာ သက်ရှိ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အများစုမှာ "သရုပ်ဖော်"(descriptive) ဖွင့်ဆိုချက်များသာ ဖြစ်သည်။ သက်ရှိသည် ၎င်းနေထိုင်သော သဘာဝပတ်ဝန်းကျင်တစ်ခုအတွင်း၌ ၎င်း၏ ဖြစ်တည်မှုကို ထိန်းသိမ်းခြင်း၊ တိုးမြှင့်ခြင်း သို့မဟုတ် ပိုမိုခိုင်မာစေသောဟူသော ဝိသေသလက္ခဏာကို ပြသနိုင်မှုရှိသူ ဖြစ်သည်။ ဤဝိသေသလက္ခဏာ၌ အောက်ပါစရိုက်များအားလုံး သို့မဟုတ် အများစုကို မြင်နိုင်သည်။[၄][၁၂][၁၃][၁၄][၁၅][၁၆][၁၇]

  1. ဟိုမီယာစတေးစစ် (Homeostasis) = အမြဲတမ်း အတွင်းပတ်ဝန်းကျင် အခြေအနေကို ပုံသေဖြစ်နေရန် ထိန်းသိမ်းခြင်း၊ ဥပမာ - ပူအိုက်ချိန်တွင် ချွေးများထွက်ခြင်းဖြင့် ကိုယ်တွင်းအပူချိန်ကို သဘာဝအတိုင်း လျှော့ချခြင်း
  2. ရုပ်ဖွဲ့စည်းမှု (Organization) = ဆဲလ်တစ်ခု (သို့) တစ်ခုထက်ပိုသော သက်ရှိ၏ အခြေခံယူနစ်များဖြင့် ရုပ်ဖွဲ့စည်းမှု ရှိခြင်း
  3. ဇီဝဖြစ်စဉ် (Metabolism) = အဲန်နာဘော်လစ်စင်မ် (anabolism)ဟုခေါ်သော ဓာတုပစ္စည်းများကို စွမ်းအင်သုံး၍ ဆယ်လူလာ အစိတ်အပိုင်းများအဖြစ်သို့ ပြောင်းလဲခြင်းဟူသည့် ဇီဝဝတ္ထုပြုလုပ်ခြင်းဖြစ်စဉ်နှင့် ကက်တာဘော်လစ်စင်မ် (catabolism)ဟုခေါ်သော အော်ဂဲနစ်ပစ္စည်းများကို ဖြိုခွဲကာ စွမ်းအင်ထုတ်လုပ်ခြင်းဟူသည့် ဇီဝဝတ္ထုဖြိုခွဲခြင်းဖြစ်စဉ်။ သက်ရှိအရာများသည် ဟိုမီယာစတေးစစ် (homeostasis)ဟုခေါ်သည့် အတွင်းပတ်ဝန်းကျင် ဟန်ချက်ညီမှုကို ထိန်းသိမ်းရန်နှင့် အသက်ရှင်ခြင်းနှင့်ဆက်စပ်သော အခြားဖြစ်ရပ်များကို ပြုလုပ်ရန် စွမ်းအင် လိုအပ်သည်။
  4. ကြီးထွားလာမှု (Growth) = ဇီဝဝတ္ထုပြုလုပ်ခြင်းဖြစ်စဉ် (anabolism)ကို ဇီဝဝတ္ထုဖြိုခွဲခြင်းဖြစ်စဉ် (catabolism)ထက် ပိုမြန်သောနှုန်းရှိရန် ထိန်းသိမ်းခြင်း။
  5. လိုက်လျောညီထွေဖြစ်အောင်ပြုပြင်ခြင်း (Adaptation) = မိမိသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုအပေါ် တုံ့ပြန်မှုသည် တသမတ်တည်းမဟုတ်ပဲ လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်း။ ဤစွမ်းရည်သည် ဆင့်ကဲတိုးတက် ပြောင်းလဲလာမှုရှိခြင်း ဖြစ်စဉ်(evolution)၏ ပဓာနအခြေခံ ဖြစ်ပြီး၊ သက်ရှိများ၏ မျိုးရိုးလိုက်မှု (heredity)၊ အစားအစာနှင့် ပြင်ပအချက်များကလည်း ၎င်းစွမ်းရည်အပေါ် သက်ရောက်ဆုံးဖြတ်မှု ရှိသည်။
  6. လှုံ့ဆော်မှုများကိုတုံ့ပြန်ခြင်း (Stimuli) = တုံ့ပြန်မှုဆိုသည်မှာ ဆဲလ်တစ်ခုတည်းရှိ သက်ရှိရုပ်စု (unicellular organism)တစ်ကောင်၏ ပြင်ပဓာတုပစ္စည်းများ လာရောက်ထိတွေ့သည့်အခါ၌ ကျုံ့ခြင်းမှအစ၊ ဆဲလ်များစွာဖြင့်ဖွဲ့စည်းထားသော သက်ရှိရုပ်စုများ (multicellular organisms) ၏ အာယတန (senses) အားလုံးပါဝင်သော ရှုပ်ထွေးသော တုံ့ပြန်မှုများအထိ ပါဝင်သည်။ အဆိုပါတုံ့ပြန်မှုတို့ကို ရွေ့လျားမှုအားအနေဖြင့် မကြာခဏ တွေ့ရတတ်သည်။ ဥပမာ၊ အပင်တစ်ပင်၏ အရွက်များသည် နေရောင်ခြည်ရှိရာသို့ ဦတည့်ခြင်းစသည့် အပင်အလင်းတုံ့ပြန်မှု သို့မဟုတ် ဖိုတိုတျိုပစ်စင်မ်(phototropism)၊ သက်ရှိရုပ်စုများ၏ ဓာတုပစ္စည်းများအပေါ်တုံ့ပြန်မှု သို့မဟုတ် ကီမိုတပ်က်စစ် (chemotaxis)။
  7. မျိုးပွားခြင်း (Reproduction) = တစ်ဦးတည်း သက်ရှိအသစ်များကို ထုတ်လုပ်နိုင်ခြင်း (asexual reproduction)၊ သို့မဟုတ် မိဘနှစ်ဦးမှ လိင်မှုပေါင်းစပ်ခြင်းဖြင့် သက်ရှိအသစ်များကို ထုတ်လုပ်နိုင်ခြင်း (sexual reproduction)ဟူသော သက်ရှိအသစ်များ မျိုးပွားလာစေနိုင်မှု

ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်မှုများ (physiological functions) ဟုခေါ်သော ဤရှုပ်ထွေးသော ဖြစ်စဉ်များတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဗေဒဆိုင်ရာဖြစ်စဉ်များအပေါ် အခြေခံပြီး၊ သက်ရှိဖြစ်တည်မှုကို ထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်သော အချက်ပြခြင်းနှင့် ထိန်းချုပ်ခြင်း ယန္တရားများ (signaling and control mechanisms) ပါဝင်သည်။

သက်ရှိ၏ ဝိသေသလက္ခဏာများ

ဗိုင်းရပ်စ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဗိုင်းရပ်စ်

ဗိုင်းရပ်စ်များကို သက်ရှိဟု မှတ်ယူသင့်မသင့်မှာ အငြင်းပွားဖွယ် ဖြစ်သည်။ ၎င်းတို့ကို သက်ရှိပုံစံများ (forms of life)ဟု မှတ်ယူမည့်အစား ပုံတူပွားသူများ (replicators) အဖြစ် အများအားဖြင့် ယူမှတ်ကြသည်။[၁၈] ၎င်းတို့သည် မျိုးရိုးဗီဇရုပ်များ (genes)ကို ပိုင်ဆိုင်ထားခြင်း၊ သဘာဝရွေးချယ်ခြင်း (Natural selection)[၁၉][၂၀]ဖြင့် တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာမှုရှိခြင်းတို့ကြောင့်လည်းကောင်း၊ ကိုယ်တိုင် ပုံစံတူကောင်များပွားခြင်း (self-assembly) ပုံစံတူကောင်များ ဖန်တီးလေ့ရှိခြင်းကြောင့်လည်းကောင်း၊ "သက်ရှိအုပ်စု အစွန်းပိုင်းရှိ သက်ရှိရုပ်စုများ" (organisms at the edge of life)[၂၁] အဖြစ်လည်း ဖော်ပြကြသည်။ သို့သော် ဗိုင်းရပ်စ်များသည် ဇီဝဖြစ်စဉ်များကို ကိုယ်တိုင်မဆောင်ရွက်နိုင်သဖြင့် ရှင်သန်ပွားများရန် အိမ်ရှင်ဆဲလ် လိုအပ်သည်။ အိမ်ရှင်ဆဲလ်များအတွင်းရှိ ဗိုင်းရပ်စ်တို့၏ မိမိကိုယ်တိုင် ပုံစံတူကောင်များပွားခြင်း (self-assembly)သည် သက်ရှိများ၏ မူလအစ (origin of life) ကိုလေ့လာမှုအပေါ် သက်ရောက်မှုရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သက်ရှိများသည် ကိုယ်တိုင် မျိုးပွားနိုင်သော အော်ဂဲနစ်မော်လီကျူးများ (organic molecules) အနေနှင့် စတင်ခဲ့သည်ဟူသော အယူအဆကို အထောက်အကူပြုနိုင်ခြင်းကြောင့် ဖြစ်သည်။ [၂၂][၂၃][၂၄]

အက်ဒနိုဗိုင်းရပ်စ်ကို အီလက်ထရွန် အဏုကြည့်မှန်ပြောင်းအောက်တွင် မြင်ရပုံ

သိပ္ပံနည်းကျ မျိုးရိုးအုပ်စုခွဲခြားခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မျိုးရိုးခွဲခြားခြင်း (ဇီဝဗေဒ)
သက်ရှိနယ်ပယ် (ဇီဝဗေဒ)လောက (ဇီဝဗေဒ)မျိုးပေါင်းစုမျိုးပေါင်းမျိုးစဉ်မျိုးရင်းမျိုးစုမျိုးစိတ်
(ဇီဝမျိုးရိုးခွဲခြားမှုဆိုင်ရာ အဓိကအဆင့်ကြီး) (၈)ဆင့် ရှိသည်။ သက်ရှိ (Life) အုပ်စုအောက်တွင် နယ်ပယ် (domain)များရှိပြီး၊ ၎င်းတို့ကို အခြားအုပ်စုငယ်များသို့ ထပ်ဆင့်ခွဲထားသည်။ အခြား အဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။

မှတ်စုများ[ပြင်ဆင်ရန်]

  1. ဗိုင်းရပ်စ်များနှင့် ၎င်းနှင့်ပုံစံတူ သက်ရှိများ၏ အီဗော်လူးရှင်း("evolution")နှင့် မျိုးတူစုခြင်းသည် အခုအချိန်အထိ တိကျသေချာမှု မရှိသေးပေ။ ထိုကြောင့် အကယ်၍ ကလာပ်စည်းပါသက်ရှိသည် ကလာပ်စည်းမပါသက်ရှိမှ ဆင့်ကဲပြောင်းလဲလာခဲ့လျှင် ဤအုပ်စုဖွဲ့မှုကို paraphyleticဟုခေါ်နိုင်သည်။ အကယ်၍ အနီးစပ်ဆုံးဖြစ်ပြီး ဘုံဖြစ်သော ဘိုးဘေးဘီဘင်(common ancestor)ကို မထည့်ခဲ့လျှင် ဤအုပ်စုဖွဲ့မှုကို polyphyleticဟု ခေါ်သည်။
  2. ကူးစက်တတ်သော ပရိုတိန်း မော်လီကျူးများဖြစ်သည့် prionများကို သက်ရှိရုပ်စုအဖြစ် မှတ်ယူလေ့မရှိပါ၊ ၎င်းတို့ကို သက်ရှိရုပ်စုကဲ့သို့သော အော်ဂဲနစ်ဝတ္ထုပုံစံများ(organic structures)ဟုသာ ဖော်ပြကြသည်။
  3. အချို့ သက်ရှိရုပ်စုကဲ့သို့သော အော်ဂဲနစ်ဝတ္ထုပုံစံများကို subviral agentsဟု ယူဆကြသည်။ ဤအုပ်စုတွင် ပုံတူပွားနိုင်ရန် ဗိုင်းရပ်စ်အပေါ်မှီခိုသည့် (အခြားဗိုင်းရပ်စ်များကို လိုအပ်သော) satelliteများနှင့် defective interfering particleများ ပါဝင်သည်။
  4. ဗိုင်းရပ်များသည် ဘုံဘိုးဘေးမှဆင်းသက်လာခြင်းမရှိဟု ခိုင်ခိုင်မာမာယုံကြည်ကြပြီး ဖြစ်တည်မှု ဘုံ(realm)တစ်ခုစီသည် ဗိုင်းရပ်စ်၏ သီးခြားဖြစ်ရပ်များနှင့် သက်ဆိုင်ပါသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. International Committee on Taxonomy of Viruses Executive Committee (May 2020). "The New Scope of Virus Taxonomy: Partitioning the Virosphere Into 15 Hierarchical Ranks". Nat Microbiol 5 (5): 668–674. doi:10.1038/s41564-020-0709-x. PMID 32341570. 
  2. Tsokolov, Serhiy A. (May 2009). "Why Is the Definition of Life So Elusive? Epistemological Considerations". Astrobiology 9 (4): 401–12. doi:10.1089/ast.2007.0201. PMID 19519215. Bibcode2009AsBio...9..401T. 
  3. Defining Life, Explaining Emergence။ Niels Bohr Institute (1997)။ 14 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2012 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ McKay, Chris P. (14 September 2004). "What Is Life—and How Do We Search for It in Other Worlds?". PLOS Biology 2 (9). doi:10.1371/journal.pbio.0020302. PMID 15367939. 
  5. Mautner, Michael N. (1997). "Directed panspermia. 3. Strategies and motivation for seeding star-forming clouds". Journal of the British Interplanetary Society 50: 93–102. Bibcode1997JBIS...50...93M. 
  6. Mautner၊ Michael N. (2000)။ Seeding the Universe with Life: Securing Our Cosmological Future (PDF)။ Washington D.C.။ ISBN 978-0-476-00330-9။ 2 နိုဝင်ဘာ 2012 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF)
  7. McKay, Chris (18 September 2014). "What is life? It's a Tricky, Often Confusing Question". Astrobiology Magazine. 
  8. "Life: past, present and future" (December 1999). Philosophical Transactions of the Royal Society of London B 354 (1392): 1923–39. doi:10.1098/rstb.1999.0532. PMID 10670014. PMC:1692713. 
  9. Mautner, Michael N. (2009). "Life-centered ethics, and the human future in space". Bioethics 23 (8): 433–40. doi:10.1111/j.1467-8519.2008.00688.x. PMID 19077128. 
  10. Jeuken M (1975). "The biological and philosophical defitions of life". Acta Biotheoretica 24 (1–2): 14–21. doi:10.1007/BF01556737. PMID 811024. 
  11. Capron AM (1978). "Legal definition of death". Annals of the New York Academy of Sciences 315 (1): 349–62. doi:10.1111/j.1749-6632.1978.tb50352.x. PMID 284746. Bibcode1978NYASA.315..349C. 
  12. Koshland, Jr., Daniel E. (22 March 2002). "The Seven Pillars of Life". Science 295 (5563): 2215–16. doi:10.1126/science.1068489. PMID 11910092. 
  13. "life"။ The American Heritage Dictionary of the English Language (4th ed.)။ Houghton Mifflin။ 2006။ ISBN 978-0-618-70173-5
  14. Life။ Merriam-Webster Dictionary။ 10 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 November 2016 တွင် ပြန်စစ်ပြီး။
  15. Habitability and Biology: What are the Properties of Life?။ The University of Arizona။ 16 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2013 တွင် ပြန်စစ်ပြီး။
  16. Trifonov, Edward N. (2012). "Definition of Life: Navigation through Uncertainties". Journal of Biomolecular Structure & Dynamics 29 (4): 647–50. doi:10.1080/073911012010525017. ISSN 0739-1102. PMID 22208269. Retrieved on 12 January 2012.  Archived 27 January 2012 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 27 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 September 2020 တွင် ပြန်စစ်ပြီး။
  17. Zimmer၊ Carl။ "Can scientists define 'life' ... using just three words?"၊ NBC News၊ 11 January 2012။ Archived from the original on 14 April 2016။ 
  18. "Are viruses alive? The replicator paradigm sheds decisive light on an old but misguided question" (7 March 2016). Stud Hist Philos Biol Biomed Sci 59: 125–34. doi:10.1016/j.shpsc.2016.02.016. PMID 26965225. 
  19. "Viral evolution in the genomic age" (October 2007). PLOS Biol. 5 (10): e278. doi:10.1371/journal.pbio.0050278. PMID 17914905. 
  20. Forterre, Patrick (3 March 2010). "Defining Life: The Virus Viewpoint". Orig Life Evol Biosph 40 (2): 151–60. doi:10.1007/s11084-010-9194-1. PMID 20198436. Bibcode2010OLEB...40..151F. 
  21. Rybicki, EP (1990). "The classification of organisms at the edge of life, or problems with virus systematics". S Afr J Sci 86: 182–86. 
  22. "The ancient Virus World and evolution of cells" (2006). Biology Direct 1. doi:10.1186/1745-6150-1-29. PMID 16984643. 
  23. Rybicki၊ Ed (November 1997)။ Origins of Viruses။ 9 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 April 2009 တွင် ပြန်စစ်ပြီး။
  24. "Giant Viruses Shake Up Tree of Life"၊ Astrobiology Magazine၊ 15 September 2012။ 25 September 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 17 September 2012။