မြောက်ဦးမြို့
မြောက်ဦးမြို့
| မြောက်ဦး | |
|---|---|
|
|
|
| Coordinates: | |
| Country | |
| ပြည်နယ် | ရခိုင် |
| ခရိုင် | Sittwe |
| မြို့နယ် | Mrauk-U[၁] |
ကိုးကား [ပြင်ဆင်ရန်]
- ↑ GAD, Feb 2011.
| မြောက်ဦးမြို့ | |
|---|---|
| — မြန်မာနိုင်ငံရှိ မြို့များ — | |
|
|
|
| Coordinates: | |
| နိုင်ငံအမည် | |
| ပြည်နယ် | |
| ခရိုင် | စစ်တွေ |
| လတ္တီကျု | (၂၀)ဒီဂရီ၊ (၃၅)မိနစ် |
| လောင်ဂျီကျု | (၉၃)ဒီဂရီ၊ (၁၁)မိနစ် |
| မြို့နယ်ရုံးစိုက်ရာမြို့ | မြောက်ဦးမြို့ |
| Time zone | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
မြောက်ဦးမြို့သည် မြန်မာနိုင်ငံ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ်၏ မြောက်အရပ်တွင် တည်ရှိသော ရှေးဟောင်းမြို့တော် တည်ရှိရာ မြို့တစ်မြို့ ဖြစ်ပြီး ကုလားတန်မြစ်၏ အရှေ့ဖက်အရပ်တွင် ရှိကာ မြောက်ဖက်နှင့် တောင်ဖက်တို့တွင် တောင်စွယ်၊ တောင်တန်းများဖြင့် ကာရံလျက် ရှိသော မြို့တစ်မြို့ဖြစ်သည်။
သက္ကရာဇ် ၁၄၃၁ တွင် ရခိုင်ဘုရင် မင်းစောမွန်မှ ရခိုင်နိုင်ငံတော် (အာရကန်နိုင်ငံတော်)၏ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး ၁၇ ရာစုအလယ်တွင် မြို့တော်၏ အရွယ်အစားမှာ ၁၂၀၀၀၀ ဧက အထိရှိလာသည်။ ၄င်းမြို့တော်မှ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှား နှင့် အိန္ဒိယ နိုင်ငံတို့နှင့် ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ ရှိခဲ့သည်။ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ် အမွှေးအကြိုင်များ ကူးသန်းရောင်းဝယ်မှုများ ပြုခဲ့သည်။
မြောက်ဦးခေတ် အထွတ်အထိပ် ရောက်ချိန်တွင် ၄င်း မြို့တော်မှ ဒါကာနှင့် စစ်တကောင်း အပါအဝင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ နယ်နိမိတ် တစ်ဝက်၊ ယခု လက်ရှိ ရခိုင်ပြည်နယ် တဝှမ်းနှင့် မြန်မာပြည် အောက်ပိုင်းတခွင် အထိ အာဏာစက် သက်ရောက်ခဲ့သည်။ ၄င်း ခေတ်အတွင်း ရခိုင်ဘုရင်များမှ ရခိုင်စကားလုံး၊ အာရဗီစကားလုံးနှင့် ဘင်္ဂါလီ စကားလုံးများ ပါဝင်သော ဒင်္ဂါးများ ရိုက်နှိပ် သုံးစွဲခဲ့သည်။ မြောက်ဦးခေတ် စည်ပင်ဝပြောသော ခေတ်ကာလတွင် ဘုရား ပုထိုးများစွာ တည်ဆောက်ခဲ့ကြပြီး ၄င်းထဲမှ အများစုမှာ ယခုတိုင် တွေ့မြင်နိုင်ဆဲ ဖြစ်သည်။ ထင်ရှားသော စေတီ ပုထိုးများမှာ သျှစ်သောင်းပုထိုးတော်ကြီး (ရခိုင်အခေါ် သျှိုက်သောင်းဘုရား၊ ဆင်းတုတော် ၈၀၀၀၀ ထည့်သွင်း တည်ထားသည်။) ထုက္ကံသိမ် ပုထိုးတော်ကြီး နှင့် ကိုးသောင်းပုထိုးတော်ကြီး (ဆင်းတုတော် ၉၀၀၀၀ ထည့်သွင်း တည်ထားသည်။) နှင့် မာန်ငါးပါး စေတီပုထိုးများ ဖြစ်ကြသည်။
မြောက်ဦးပတ်ဝန်းကျင် ဒေသသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသပြီးလျှင် ဆန်ထုတ်လုပ်မှု ဒုတိယ အများဆုံး ဒေသ ဖြစ်သည်။
ယနေ့ခေတ်တွင် မြောက်ဦးသည် ရှေးဟောင်း သုတေသန နှင့် စပ်ဆိုင်၍ ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာ အဓိက နယ်မြေတစ်ခု ဖြစ်၍ ရန်ကုန်မြိ်ု့မှ ၂ ရက် ခရီး (သို့မဟုတ်) စစ်တွေမြို့မှ ၃ နာရီမှ ၅ နာရီကြာ စက်လှေခရီးဖြင့် သွားရောက်နိုင်သည်။
မြောက်ဦးမြို့ရှိ စေတီပုထိုးများ [ပြင်ဆင်ရန်]
သက္ကရာဇ် ၁၃၄၁ ခု၊ ရခိုင်ဘုရင် မင်းစောမွန် စိုးစံချိန်မှ စတင်၍ တည်ထားခဲ့သော စေတီ၊ ပုထိုးများ အမြောက်အမြား တည်ရှိသည်။ အောက်ပါစေတီ၊ ပုထိုးများမှာ ၄င်းတို့ အနက်မှ ထင်ရှားလူသိများသော စေတီ၊ ပုထိုးများ ဖြစ်ကြသည်။
- သျှစ်သောင်းပုထိုးတော်ကြီး
- ထုက္ကံသိမ် ပုထိုးတော်ကြီး
- ကိုးသောင်းပုထိုးတော်ကြီး
- အံတော်သိမ်
- လေးမျက်နှာ ပုထိုးတော်ကြီး
- မာန်ငါးပါး
- စန္ဒာ့မုနိ ပုထိုးတော်ကြီး
- ဗန္ဓုလကျောင်း
မြောက်ဦးသည် အဓိက အားဖြင့် ဗုဒ္ဓသာသနိက အဆောက်အဦးများ စုစည်းတည်ရှိရာ နေရာ ဖြစ်ငြားလည်း၊ အခြားသော ယုံကြည်သက်ဝင်မှု ဆိုင်ရာ အဆောက်အဦးများလည်း တွေ့ရှိနိုင်သည်။ ၄င်းတို့ အနက်မှ ထင်ရှားသော အဆောက်အဦး တစ်ခုမှ မင်းစောမွန်လက်ထက်တွင် တည်ဆောက်ထားခဲ့သော ရှေးဟောင်း ဗလီတစ်ခု ဖြစ်ပြီး မြို့၏ အရှေ့တောင် အရပ်တွင် တည်ရှိသည်။--မောင်လူအေး 04:58, 10 ဩဂုတ် 2008 (UTC) မြို့ဟောင်းမြို့ ။ ။ မြို့ဟောင်းမြို့သည် မြန်မာနိုင်ငံ ရခိုင်တိုင်း စစ်တွေခရိုင်ရှိ မြို့ဟောင်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရှေးအခါက ဓညဝတီ ရခိုင်မြို့ဟူ၍လည်းကောင်း၊ မြောက်ဦးမြို့ဟူ၍ လည်းကောင်း တွင်ခဲ့၍ ရခိုင်မင်း အဆက်ဆက်တို့ နန်းစိုက်ခဲ့ရာ မြို့တော်ဖြစ်ခဲ့သည်။ ထိုကြောင့်ပင် နေရာအများအပြားတွင် ရှေးရခိုင်မင်းတို့ တည်ထား ကိုးကွယ်ခဲ့သော ရှစ်သောင်းဘုရား၊ ဒုက္ခံသိမ်ဘုရား၊ လေးမျက်နှာ ဘုရား၊ အံတော်ဘုရားစသော စေတီကူဘုရားတို့အပြင်၊ နန်းတော်ရာ၊ တံတိုင်းမြို့ပျက်များကို ယခုတိုင် တွေ့မြင်နိုင်သေးရာ ရှေးအတိတ် က ကောင်းစားခဲ့ပုံကို သက်သေဆောင်လျက် ရှိသည်။ ( ရှစ်သောင်းဘုရား။)
ရှေးအခါကမူကား မြောက်ဦး နေပြည်တော် (မြို့ဟောင်း)သည် အဆန်း တကြယ်ပင် ဖြစ်၏။ မြို့မျက်နှာပြင်သည် မြေညီမြေ ပြန့်မဟုတ်၊ တောင်ကုန်း တောင်ပူစာတို့ဖြင့် သာယာသည်။ ရွှေမြို့တော် နန်းတော်သည် ကုန်းမြင့်(တောင်ညိုကုန်းထိပ်) တွင် ရှုမော ဖွယ်ရာ ဖြစ်သည်။ မြို့မြောက်ဖက်တစ်လွှားတွင် ရှစ်သောင်းဘုရား၊ ဒုက္ခံသိမ်ဘုရားစသော ဘုရားတို့သည်လည်းကောင်း၊ တောင်ဖက် တခိုတွင် ရွှေတောင် စေတီတော်သည်လည်းကောင်း တင့်တယ်လှပေ သည်။ သိဃ‡ဒီမြစ်(ရွှေနတ်ပြင်ချောင်း) သည်လည်း ရေကစားရာအရပ်ဖြစ်သည်။ ထိုကြောင့်ပင် ဟံသာဝတီ နေပြည်တော်တွင် ရောက်ရှိနေခဲ့သော ရခိုင်စာဆိုတော် ဦကာဗျန်(ဥက္ကာပျံ) သည် မိမိ၏ဇာတိဌာနေကိုသာ လွမ်းဆွတ်၍ မြောက်ဦး ရွှေမြို့တော်၏ သာယာပုံတို့ကို တစ်ဆယ့်နှစ် ်ရာသီ ရတုတွင် ဖွဲ့ဆိုထားခဲ့ပေသည်။(ဥက္ကာ ပျံ) သည် မိမိ၏ ဇာတိဌာနေကိုသာ လွမ်းဆွတ်၍ မြောက်ဦး ရွှေမြို့တော်၏ သာယာပုံတို့ကို မြို့ဟောင်းမြို့သည် စစ်တွေမြို့၏အထက်မိုင်၅ဝ ခန့် အကွာ ကုလားတန်မြစ်၏ လက်တက်ဖြစ်သော ရွှေနတ်ပြင် ချောင်း ကမ်းပါးတွင် တည်ရှိသည်။ မြို့ဟောင်းမြို့သို့ သဘေ‡ာ ဆိုက်ကပ်သောအခါ သဘေ‡ာဆိပ်မှာ မြို့နှင့် အတန်ငယ် ကွာသဖြင့် သဘေ‡ာဆိပ်မှတစ်ဆင့် မြို့ဟောင်းမြို့တွင်းသို့ ကူးတို့ဖြင့် တတန် ထပ်၍ ကူးရသည် ။ ထိုမှတစ်ဖန် မိုင်ဝက်ခန့်မျှ ကုန်းကြောင်းအားဖြင့် သွားသော် မြို့ဟောင်း မြို့တွင်းသို့ ရောက်ရှိပေသည် ။ မြို့အနေအထားမှာ သဘာဝ အားဖြင့် ချောင်းမြောင်းများဖြင့် ရစ်သန်းနေသဖြင့် လုံခြုံလှပေ သည် ။ မြို့တစ်ဖက်တွင် လွင်ပြင်ကြီးရှိ၍ လွင်ပြင်ကြီးကို ကျော်လွန်သောအခါ တောင်တန်းတောင်ရိုးများ ပိတ်ဆီးကာရံ လျက်ရှိသည်။
မြေပြန့် လွင်ပြင်တွင် စပါးစိုက်ပျိုးသည်။ ၁၉၅၃ ခုနှစ် သန်ကောင်စာရင်းအရ မြို့ဟောင်းမြို့၏ လူဦးရေမှာ ၆၅၅၅ ယောက်ဖြစ်၏။ မြို့ဟောင်းမြို့နယ်၏ အကျယ်အဝန်းမှာ ၆၄၂ စတုရန်းမိုင်ဖြစ်၍၊ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၆၇ယ ဝဝ၄ယောက်ရှိသည် ။ မြို့နယ်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ သစ်တောများဖြင့် ဖုံးလွှမ်းနေသော တောင်ကုန်းများဖြစ်၍၊ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့မှာ မြေ0x100သဇာကောင်းမွန်သည် ။ မင်းပြားမြို့မှ ပေါက်လာသော ကားလမ်းသည် မြို့ဟောင်းမြို့ကိုဖြတ်၍ သရက်တပင်မှ တစ်ဆင့် ကျောက်တော်သို့ ရောက်သည် ။ မြို့ဟောင်းမြို့နယ် တွင် ဆန်စပါးကို အဓိကစိုက်ပျိုးသည် ။ မြို့ဟောင်း(မြောက်ဦးမြို့) ကို မင်းနေပြည်တော်အဖြစ် ဦးစွာတည်ထောင်သူမှာ ပဲဖြူမင်းဖြစ်သည်။ ပဲဖြူမင်းသည် ဝေသာလီကို စွန့်၍ မြောက်ဦးမြို့ကို တည်ထောင်ကာ သက္ကရာဇ် ၃၃၈ ခုနှစ်မှ ၃၅၆ ခုနှစ်အထိ စိုးစံသည် ။ ထိုနောက် မင်းစောမွန်သည် သက္ကရာဇ် ၇၆၆ ခုနှစ်တွင် ရခိုင်ထီးနန်းကို ဆက်ခံစိုစံခဲ့၍ ၇၆၈ ခုနှစ်တွင် လောင်းချက်မြို့ကို မြန်မာတို့ သိမ်းယူသည်။ (လောင်းချက်မြို့- လည်းရှု။) ထိုနောက် မွန်တို့တိုက်ခိုက်ကြပြန်ရာ ရခိုင်ပြည်တွင် မင်းမဲ့ကာ ဖရိုဖရဲဖြစ်ပြီးလျှင် မင်းစောမွန်သည် အနောက်ဖက် သို့ ထွက်ပြေးတိမ်းရှောင်ရာမှ သူရတန်မင်းအကူအညီဖြင့် ထီးနန်းပြန်ရသောအခါ၊ သက္ကရာဇ် ၇၉၂ ခုနှစ် နတ်တော် လဆန်း ၁ ရက် တနဂ‡နွေနေ့တွင် မြောက်ဦးမြို့ကိုတည်၏။ ရာဇဝတ်တွင် ပဲဖြူမင်း ပထမမြောက်ဦးမြို့ တည်သည်ကို မရေတွက်ဘဲ၊ မင်းစောမွန်ကိုသာ ပထမမြောက်ဦးမြို့ တည်မင်းဟု ရေတွက်လေသည် ။ ထိုမင်းမှစ၍ မင်းပေါင်း ၁၂ ပါး ဆက်လက် စိုးစံခဲ့ရာ၊ မင်းခေါင်ရာဇာ လာက်ထက်အထိ စည်ပင်လာခဲ့လေသည် ။ မင်းခေါင်ရာဇာ၏ သားတော် သံတွဲစားမင်းပါကြီးသည် သက္ကရာဇ် ၈၉၃ ခုနှစ်တွင် နန်းတက် လေရာ၊ မြောက်ဦးမြို့တော်ကို ထပ်မံ အကြီးအကျယ် တည်ဆောက်ပြုစုသည် ။ မင်းပါကြီးမှစ၍ မင်းပေါင်း ၉ ဆက်၊ ဆက်လက် အုပ်စိုးလေရာ၊ မင်းစနေလက်ထက် တိုင်လေသည်။ မင်းစနေ လွန်သော် မင်းပါကြီး၏ မြစ်ဖြစ်သော နရပတိမင်းမှစ၍ မင်းပေါင်း ၂၈ ဆက်လက် အုပ်စိုးပြန်ရာ၊၁၁၄၆ ခုနှစ် ပြာသိုလဆုတ် ၇ ရက် စနေ နေ့တွင် မြန်မာမင်း ဘိုးတော်ဘုရားက သိမ်းယူလေသည်။ ထိုနှစ်မှစ၍ မြောက်ဦးတွင် မြို့ဝန်များ ခန့်၍ အုပ်စိုးစေခဲ့ရာ၊ ပထမုံးမြို့ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူမှာ နန္ဒပကြန် ဖြစ်၏။ နန္ဒပကြန်၏ နောက်မြို့ဝန် ၈ ဦး ဆက်လက်အုပ်ချုပ် ခဲ့လေသည် ။
ခရစ် ၁၈၂၄ ခုနှစ် ပထမ အဂ‡လိပ်မြန်မာ စစ်ပွဲ အတွင်းက အဂ‡လိပ်စစ်ဗိုလ်ကြီး မော်ရစ်ဆန်၏ စစ်တပ်များ သည် မြို့ဟောင်း၌ စခန်းချရာ၊ အဖျားရောဂါဖြင့် စစ်သား များစွာ သေဆုံးရုံမက စစ်ဗိုလ်ချုပ် ကိုယ်တိုင်လည်း မကျန်း မမာဖြစ်၍ ပြန်ရသဖြင့် လမ်းခရီးတွင် ကွယ်လွန်သည် ။ ထိုစစ်အပြီးတွင် စစ်တွေမြို့ကို တည်၍ မြို့တော်ကို ပြောင်းရွှေ့ လိုက်လေသည် ။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
|
||||||||||||||||||||||||||
|
||||||||