စာရေးကြီး ဦးမောင်ကလေး

ဝီကီပီးဒီးယား မှ

စာရေးတော်ကြီး ဦးမောင်ကလေး ကို ဘကြီးတော်ဘုရား လက်ထက် ပါဏာဝန်ကြီး၏သား မောင်မောင်ဆိုင်းနှင့် မဟာဆွေတော်မျိုးတော်ဖြစ်သော ဟံသာဝတီ စစ်ကဲကြီး ရေဝန် ဦးသူ၏ သမီးတို့မှ မွေးဖွားခဲ့သည်။ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက် စာရေးတော်အရာ၊ နောက် အမှာတော်ရေး အရာနှင့်၊ ထမ်းရွက်စဉ် ဝန့်ရှင်တော် ရေနံချောင်းမြို့စား မြင်းဝန်၊ ဗိုလ်မှူးမင်းကြီး၏ သမီး မှန်နန်းတော် အပျိုတော် ခင်ရှင်နှင့် ထိမ်းမြားလက်ထက်ပြီးနောက် လွှတ်တော်စာရေးကြီး ရာထူးကို အသနားတော်မြတ် ခံရသည်။[၁]

"မြန်မာစာညွန့်ပေါင်းကျမ်း" အရ လွှတ်တော်စာရေးကြီး ဦးမောင်ကလေးသည် "ဆယ့်နှစ်ရာသီဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်များ၊ ရကန်များ၊ ပြဇာတ်များ၊ သီချင်းခံ ပတ်ပျိုး ယိုးဒယားများ" ကို ရေးသား စီကုံးခဲ့လေသည်။[၂]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၃ ခု၊ နှာ-၂၅၀
  2. မြန်မာစာညွန့်ပေါင်းကျမ်း စတုတ္ထတွဲ၊ နှာ - ၁၀၁၊ ၃၄၉