ကသာမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကသာမြို့နယ်
—  မြို့နယ်  —
ကသာမြို့နယ် is located in Burma
ကသာမြို့နယ်
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
Coordinates: 24°13′N 96°08′E / 24.217°N 96.133°E / 24.217; 96.133
နိုင်ငံအမည် မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
တိုင်းဒေသကြီးအမည် စစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်အမည် ကသာခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ ကသာမြို့
Time zone MST (UTC+၆:၃၀)

ကသာမြို့သည် စစ်ကိုင်းတိုင်း မြောက်ပိုင်းတွင် တည်ရှိသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၌ တည်ရှိသော ကသာမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ သင်္ဘောဆိပ်မြို့ဖြစ်ပြီး ရထားလမ်း၊ ကားလမ်းများလည်း ဆုံရာမြို့ ဖြစ်သည်။ လေယာဉ်ကွင်း ရှိသော်လည်း ပုံမှန် ဆင်းသက်မှု မရှိပေ။ ယခုအခါ ကသာ-ဗန်းမော် ရထားလမ်းကို ဖေါက်လုပ်လျက်ရှိသည်။

ကသာမြို့သည် ရှေးအခါက ကမ်းသာ ဟု ထင်ရှားခဲ့သည်။ ရှမ်းဘာသာဖြင့် ကပ်ဆာဟု ခေါ်သည်။ မိုင်းသာဈေးမြို့ဟု အဓိပ္ပါယ်ရသည်။ ကဒူးရာဇဝင်တွင် ကဆာ (ကျားမြို့) ဟုတွေ့ရသည်။