ကလေးမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကလေးမြို့
—  မြန်မာနိုင်ငံရှိ မြို့များ  —
ကလေးမြို့ is located in Burma
ကလေးမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
Coordinates: 23°11′N 94°3′E / 23.183°N 94.05°E / 23.183; 94.05
နိုင်ငံအမည် မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင် ကလေး
လတ္တီကျု (၂၃)ဒီဂရီ၊ (၁၁)မိနစ်
လောင်ဂျီကျု (၉၄)ဒီဂရီ၊ (၃)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ ကလေးမြို့
Area
 • Total Expression error: Unexpected * operator. km2 (Expression error: Unexpected / operator. sq mi)
Elevation Template:Infobox settlement/lengthdisp
Population ၄၀၀,၀၀၀
Time zone မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


ကလေးမြို့[ပြင်​ဆင်​ရန်​]

က​လေး​မြို့​သည် စစ်ကိုင်း​တိုင်း​မှ ခရိုင်မြို့​ဖြစ်ပြီး​ စစ်ကိုင်း​တိုင်း​၏ အ​နောက်ဘက်အစွန်ဆုံး​ရှိ ခရိုင်မြို့​တစ်မြို့​ ဖြစ်သည်။ မုံရွာ၊​ ကန့်​ဘလူ​ဒေသများ​နှင့်​ မဟာမြိုင်​တောကြီး​က ခြား​ထား​သည်။ ပုံ​တောင်၊​ ပုံညာ​တောင်တန်း​ကြီး​နှစ်ခုကလည်း​ ​မြောက်မှ ​တောင်သို့​ တန်း​လျက် ယင်း​မာပင် ၊​ ​ပေါက်၊​ ပခုက်ကူ​ဒေသများ​နှင့်​ခြား​ထား​ပြန်သည်။ ချင်း​တွင်း​မြစ်သည် ခန္တီး​ဒေသကိုစီး​ဆင်း​ဖြတ်သန်း​လာပြီး​ ​မြောက်မှ ​တောင်သို့​ စီး​ဆင်း​ကာကျွန်း​လှ၊ ​မြေဒူး​၊​ သက်ကယ်ကျင်း​ဒေသတို့​ဖြင့်​ က​လေး​မြို့​ကို ပိုင်း​ခြား​ထား​သည်။

ကလေးမြို့သည် အထက်ချင်းတွင်းခရိုင် ချင်းတောင်တောင်ခြေ၏ အရှေ့ဘက် မြစ်သာမြစ်နှင့် ၂မိုင်ခန့် ကွာဝေးသော ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။

ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၈၉၂ ခန့်ရှိ၍ ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်း ၂၄ ဖါလုံရှိ၍ မြို့​ပေါ်တွင် မြို့​ပေါ်ရပ်ကွက် ငါး​ရပ်ကွက် ရှိပြီး​ အိမ် ​ခြေ​ပေါင်း​ တစ်​သောင်း​ကျော်ခန့်​ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ကလေးမြို့တွင် လူဦးရေ ၃၁၅၈ ခန့်နှင့် အိမ်ခြေ ၅၆၇ ခန့်ရှိသည်။ ကလေးမြို့သည် ရှေးမြန်မာမင်းတို့လက်ထက်က တည်ထောင်ခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည့်အလျောက် မြို့ရိုးဟောင်း၊ ကျုံးဟောင်း အစရှိသော ယိုယွင်းနေသည့် ရှေး ဟောင်းပစ္စည်းများကို ယခုထက်တိုင် တွေ့မြင် နိုင်သေးသည်။


ကလေးမြို့မှာ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည့်အပြင်၊ အထက် တန်း ကျောင်းတစ်ကျောင်းနှင့် ခေတ်မှီသော လေယာဉ်ကွင်း လည်း ရှိသဖြင့်၊ အထက်မြန်မာပြည်တွင် တိုးတက်စည်ကား လာသော မြို့ကလေးတစ်မြို့ ဖြစ်ပေသည်။ မြို့ပေါ်ရှိ လူဦးရေ ၏ ၅ပုံ ၃ ပုံမှာ တောင်သူလယ်လုပ်များဖြစ်၍၊ မြို့နယ်ရှိလူထု မှာလည်း လယ်ယာလုပ်ငန်းနှင့် အသက်မွေးမြူကြသူများ ဖြစ် ကြသည်။

ကလေးမြို့နှင့် မိုင် ၂ဝခန့်အကွာတွင် ကျောက်မီးသွေးတွင်း တစ်ခုကို တွေ့ရှိရသဖြင့်၊ နိုင်ငံတော်အစိုးရသည် စတင်တူးဖေါ် လုပ်ကိုင်လျက်ရှိသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက်၊ ကလေးမြို့ အနီးတစ်ဝိုက် ကျေးရွာများသို့ ချင်းတောင်ဒေသမှ ချင်းလူမျိုးများသည်လည်းကောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်မှ လူရှေ(ခေါ်) လူးဆိုင် ချင်းလူမျိုးများသည်လည်းကောင်း၊ အိမ်ထောင်စုအလိုက် တစ် သုတ်ပြီးတစ်သုတ် ဆင်းလာကြ၍ လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်လျက်ရှိကြ၏။

ကလေးမြို့သည် ရှေးက ငှက်ဖျားရောဂါ ထူပြောသော မြို့တစ်မြို့ ဖြစ်သော်လည်း၊ ယခုအခါ မြို့ပတ်ဝန်းကျင်ကို သုတ်သင် ပြုပြင်ထားပြီးဖြစ်ရကား ငှက်ဖျားရောဂါ မရှိ သလောက် နည်းပါးသွားပြီဟု ဆိုရပေမည်။ ကလေးမြို့တွင် သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဆိုသော ရွှေဘုံသာ စေတီတော် ရှိလေသည်။ [၁]


က​လေး​မြို့​သည် ​ရှေး​မြန်မာမင်း​တို့​လက်ထက်က တည်​ထောင်ခဲ့​သော မြို့​ဟောင်း​တစ်ခုဖြစ်သည့်​အ​လျောက် မြို့​ရိုး​ဟောင်း​၊​ ကျုံး​ဟောင်း​ အစရှိ​သောယိုယွင်း​နေသည့်​ ​ရှေး​ဟောင်း​ပစ်စည်း​များ​ကို ယခုထက်တိုင် ​တွေ့​မြင်နိုင်​သေး​သည်။ က​လေး​မြို့​အား​ ​ကောဇာနှစ် ၃၂၉ ခုနှစ်တွင် စတင်တည်​ထောင်ခဲ့​ကြောင်း​ ​လေ့​လာ သိရှိရသည်။ "က​လေး​" ဟူသည်မှာ ရှမ်း​တိုင်း​ရင်း​သား​ဘာသာစကား​အရ အ​ရောင်း​အဝယ်​ကောင်း​သော​ဈေး​ဟူ၍အဓိပ်ပာယ်ရသည်။ ​နေထိုင်ကြသူများ​မှာ ချင်း​တိုင်း​ရင်း​သား​များ​၊​ လူရှည်၊​ ရှမ်း​၊​ ရှမ်း​ဗမာနှင့်​ အခြား​သော မြန်မာတိုင်း​ရင်း​သား​များ​ ​နေထိုင်ကြသည်။ လယ်ယာ၊​ ဥယျာဉ်ခြံ​မြေ၊​ ​တောင်ယာစိုက်ပျိုး​ခြင်း​ဖြင့်​ ကုန်စည်ကူး​သန်း​ရောင်း​ဝယ်ခြင်း​လုပ်ငန်း​များ​ဖြင့်​ အသက်​မွေး​ဝမ်း​ကျောင်း​ပြုကြသည်။ က​လေး​မြို့​သည် တ​ကောင်း​ပြည်၏ ပထမဦး​ဆုံး​ဘုရင် အဘိရာဇာမင်း​လက်ထက်ကတည်း​က ရှိပြီး​ဖြစ်​ကြောင်း​ သမိုင်း​စာအုပ်များ​၌ ​ဖော်ပြထား​သည်။ အဘိရာဇာမင်း​တွင် ကံရာဇာကြီး​၊​ ကံရာဇာငယ် ဟူ၍ မင်း​သား​နှစ်ပါး​ ရှိခဲ့​ကြသည်။ ကံရာဇာငယ်မှာ တ​ကောင်း​ပြည်တွင် ထီး​မွေနန်း​မွေကို ဆက်ခံ စိုး​စံခဲ့​သည်။ ကံရာဇာကြီး​မှာ အင်အား​အလုံး​အရင်း​ဖြင့်​ တ​ကောင်း​မှထွက်ခွာပြီး​ ဧရာဝတီမြစ်အတိုင်း​ စုန်ဆင်း​လာသည်။ သလ်လာဝတီ (ချင်း​တွင်း​) မြစ်နှင့်​ ဧရာဝတီတို့​ဆုံရာ ရွာသို့​ ​ရောက်​သောအခါ သလ်လာဝတီမြစ်သို့​ ဆန်တက်ခဲ့​ကြသည်။ က​လေး​တောင်ညို​ဒေသသို့​ ​ရောက်ရှိလာ​သောအခါ အလုံး​အရင်း​ဖြင့်​ ရပ်နား​အ​ခြေပြုသည်။ ရာဇဂြိုလ်ဟူ၍ သမုတ်​တော်မူပြီး​ ​ခြောက်လတာမျှ စံ​တော်မူခဲ့​သည်ဟု ဆိုသည်။ ယခင်က က​လေး​မြို့​သို့​ သွား​ရောက်လိုပါက ​လေယာဉ်၊​ ​မော်​တော်ယာဉ် ၊​ ​ရေယာဉ်တို့​ဖြင့်​ သွား​ရောက်ကြရသည်။ ယခုအခါ ရထား​လမ်း​တစ်လမ်း​တိုး​၍ ​ဖောက်လုပ်​ပေး​ထား​သည်။ က​လေး​မြို့​မှ ဂန့်​ဂေါအထိ ရထား​လမ်း​ ​ဖောက်လုပ် ဖွင့်​လှစ်ပြီး​ ဖြစ်သည်။ ဂန့်​ဂေါနှင့်​ ပခုက်ကူအကြား​ ​ဖောက်လုပ်ဆဲ ဖြစ်သည်။ ပုံ​တောင်၊​ပုံညာ​တောင်​ကြောကို ဥမင်လိုဏ်တူး​၍ ရထား​လမ်း​ဖောက်လုပ်​နေသည်။ ဥမင်လိုဏ်ပြီး​ပါက ရထား​လမ်း​ပြီး​စီး​ပြီ ဖြစ်သည်။ပခုက်ကူမှ က​လေး​အထိ ​တောက်​လျောက် သွား​ရောက်နိုင်မည် ဖြစ်သည်။ ပခုက်ကူမှ က​လေး​အထိ စုစု​ပေါင်း​ ခရီး​မိုင်(၂၀၈) မိုင်ခန့်​ ရှိသည်။ က​လေး​မှ တမူး​သို့​လည်း​ သွား​နိုင်သည့်​ ​မော်​တော်ကား​လမ်း​ ​ဖောက်လုပ်​ပေး​လျက် ရှိသည်။


အလား​တူပင် ​မော်​တော်ကား​ဖြင့်​ က​လေး​မှ ချင်း​ပြည်နယ် တီး​တိန်၊​ ဟား​ခါး​၊​ဖလမ်း​မြို့​များ​သို့​လည်း​ သွား​ရောက်နိုင်သည်။ စစ်ကိုင်း​၊​ မုံရွာမှ က​လေး​မြို့​သို့​ သွား​ရောက်လိုပါက မဟာမြိုင်​တောကို ဖြတ်၍ ​မော်​တော်ကား​ဖြင့်​သွား​နိုင်သည်။ ချင်း​တွင်း​မြစ်အား​ ဇက်​ရေယာဉ်ဖြင့်​ ဖြတ်ကူး​ရသည်။ ဇက်ကူး​ချိန် တစ်နာရီ နီး​ပါး​ခန့်​ အသွား​အပြန် ကြာတတ်သည်။ ထိုသို့​ ခရီး​ကြန့်​ကြာမှု ယခုအခါ က​လေး​ဝ၏​မြောက်အနီး​တွင် ချင်း​တွင်း​မြစ်ကူး​တံတား​ကြီး​တစ်ခုတည်​ဆောက်ရန် စီစဉ်လျက်ရှိသည်။ က​လေး​မြို့​၏ ​မြောက်ဘက် (၁၂)မိုင်ခန့်​ အကွာတွင် ဇီး​ချောင်း​ရေအား​လျှပ်စစ် လုပ်ငန်း​ရှိသည်။ နိုင်ငံ​တော်​ငွေ​ကြေး​များ​စွာ အကုန်အကျခံ ​ဆောက်လုပ်​ပေး​ခဲ့​ပြီး​ ၁၉၉၆ခုနှစ်၊​ ဇူလိုင်လ (၁၆)ရက်​နေ့​တွင် ဖွင့်​လှစ်​ပေး​ခဲ့​သည်။ က​လေး​မြို့​တွင် အား​ကစား​ကွင်း​ ၊​ မိုး​လုံ​လေလုံအား​ကစား​ရုံ၊​ ဘူတာရုံ၊​ ​လေယာဉ်ကွင်း​တို့​ ရှိသည်။ ​လေယာဉ်ကွင်း​မှာ ​ပြေး​လမ်း​အလျား​ပေ (၅၅၀ဝ) ရှိသည်။ က​လေး​မြို့​ကောလိပ်မှာလည်း​ အခြား​ပြည်နယ်တိုင်း​များ​မှ​ကောလိပ်များ​နည်း​တူ အဆင့်​မီ ပညာသင်ကြား​ရေး​၊​ အ​ဆောင်​နေနိုင်​ရေး​တို့​ကို ​ခေတ်ပုံစံများ​ဖြင့်​ ​ဆောက်လုပ်​ပေး​ထား​သည်။ က​လေး​မြို့​တွင် သီရိဓမ်မာ​သောကမင်း​ကြီး​ တည်ထား​ခဲ့​သည်ဆို​သော ​ရွှေဘုံသာ​စေတီ​တော် နှင့်​ ရာဇမဟာမုနိ​စေတီ​တော်တို့​မှာ အထူး​ထင်ရှား​လေသည်။ က​လေး​မြို့​တွင်း​ရှိ ဦး​အောင်​ဇေယျလမ်း​ဆုံတွင် သတိုး​သုဓမ်မ မဟာဗန်ဓုလ၏ မြင်း​စီး​ရုပ်တုကြီး​ကို စိုက်ထူး​ထား​သည်။ အဆိုပါ မြင်း​စီး​ရုပ်တုကြီး​ကို ၁၉၉၅ ခုနှစ်၊​ နိုဝင်ဘာ (၁၆)ရက်​နေ့​တွင် တည်​ဆောက် ဖွင့်​လှစ်​ပေး​ခဲ့​ခြင်း​ ဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)