ပုထုဇဉ်

ဝီကီပီးဒီးယား မှ

ပုထုဇဉ် ၂-မျိုး

အကန်းနှင့် အကောင်း ခြားနားမှု။

(၁) ကလျာဏပုထုဇန်-ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုသိ၍ ကောင်းသော ပုထုဇန် တမျိုး၊

(၂) အန္ဓ ပုထုဇန်- ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုမသိမူ၍ အကန်းနှင့်တူသော ပုထုဇန်ဟု ၂-မျိုးမှတ်ရာသည်။

နိဒါနဝဂ္ဂ သံယုတ်။ဋ္ဌ။၉၀-၌ အကျယ်ရှု။

ပုထုဇန် ၄-ယောက်[ပြင်ဆင်ရန်]

အရိယာမှ သီးခြားဖြစ်သူ, ကိလေသာကို များစွာဖြစ်စေတတ်သူ ၄-ယောက် ဟူလို။

(၁) ဒုဂ္ဂတိအဟိတ် ပုထုဇန်- အပါယ် ၄-ဘုံသားများ၊

(၂) သုဂတိအဟိတ် ပုထုဇန်- လူ့ဘုံ၌ ငကန်း, ငဆွန့်, ငအ, ငထိုင်းများ၊

(၃) ဒွိဟိတ် ပုထုဇန်- ကာမသုဂတိ ၇-ဘုံသားများ၊

(၄) တိဟိတ် ပုထုဇန်- အထက်တန်းစား လူ, နတ်, ဗြဟ္မာများ။

ပုထုဇန် ဝေါဟာရမျိုး ၄-ပါး။ ။ သံဂီတိသုတ်၌ ပါရှိသည်ကား ဝစီဒုစရိုက် ၄-ပါးကို အဖန်ဖန် ပြောကြား သုံးနှုန်းခြင်းပင်ဖြစ်၏။

ကိုးကား[ပြင်ဆင်ရန်]