သိကြားမင်း
Wikipedia မှ
သိကြားမင်းသည် တာဝတိံသာနတ်ဘုံရှိ (၃၃)ပါးသော နတ်မင်းကြီးများ၏ အကြီးအမှူး ဖြစ်သည်။ မာဃလုလင် ဟုလည်းခေါ်၏။
သိကြားနတ် [ပြင်ဆင်ရန်]
သိကြားနတ်သည် မိုးနှင့်မိုးကြိုးကိုအစိုးရသည်။ လူတို့ကိုကာကွယ်စောင့်ရှောက်၍ လူတို့၏ ဆင်းရဲချမ်းသာ၊ ကောင်းကျိုးဆိုးကျိုးကို စီမံစီရင်သူဖြစ်သည်ဟုဆိုသည်။ ရုပ်တုတွင်အောက်ခံဆင် ရုပ်၊ ဦးခေါင်းသုံးလုံးခံထားသည်။ ယင်းအပေါ်က ပဒုမာကြာပွင့်တွင် မတ်ရပ်ထလျက် လက်ယာလက် ကခရုသင်း၊ လက်ဝဲက သားမြီးယပ်ကိုင်းကာ သိကြားအဝတ်တန်ဆာအစုံနှင့်ရှိသည်။[၁]
သိကြားမင်းတွင် စီးတော်ယာဉ်နှစ်ခု ရှိသည်။
- မြင်းကောင်ရေတစ်ထောင်နှင့် ဆွဲသော နတ်ရထား (ဝေဇယန္တာ)၊
- ဧရဝဏ် ဆင်တော် ဖြစ်သည်။
Gallery [ပြင်ဆင်ရန်]
ကိုးကား [ပြင်ဆင်ရန်]
|
||||||||||||||||||||