တုသိတာဘုံ

ဝီကီပီးဒီးယား မှ
(တုသိတာ မှ ပြန်ညွှန်းထားသည်)

ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ကျက်သရေတို့နှင့် ပြည့်စုံကြ၍ နှစ်သက်ရွှင်လန်းခြင်းသို့ ရောက်နေကြသော နတ်တို့၏ စံရာဘုံ ဖြစ်သည်။ ထိုဘုံ၌ဖြစ်ကြသောနတ်တို့သည် အမြဲမပြတ် ရွှင်မြူးနှစ်သက်ပျော်ပါးနေကြရသောကြောင့် တုသိတာနတ်ဘုံဟု ခေါ်သည်။

သန္တုဿိတာနတ်မင်းသည် အကြီးအကဲနတ်မင်း ဖြစ်သည်။

ဘုရားအလောင်းများသည် ဤနတ်ဘုံ၌ စံလေ့ရှိသည်။

ဗုဒ္ဓဘုရားအလောင်းသည် ဘုရားမဖြစ်မီ တဘဝ၌ တုသိတာနတ်ပြည်၌ “သေတကေတု”မည်သောနတ်မင်း ဖြစ်လေသည်။ ဘုရားအလောင်း၏မယ်တော် စသည့် သူတော်ကောင်းပုဂ္ဂိုလ်များ စံရာ နတ်ပြည်လည်း ဖြစ်သည်။

အနာထပိဏ်သူဌေးသည် ဤ တုသိတာနတ်ဘုံတွင်နတ်သားဖြစ်ရသည်။

တုသိတာနတ်သက်သည် နှစ်ပေါင်း(၄၀၀၀)ရှိသည်။

လူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၅၇)ကုဋေ နှင့် ခြောက်သန်းရှိသည်။

လူတို့၏ နှစ်(၄၀၀)သည် တုသိတာနတ်(၁)ရက် ဖြစ်သည်။

[၁] [၂]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  2. တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”