လှော်ကားသဘာဝဥယျာဉ်

ဝီကီပီးဒီးယား မှ
လှော်ကား အမျိုးသားဥယျာဉ်
လှော်ကား အမျိုးသားဥယျာဉ်၏ တည်နေရာပြ မြေပုံ
လှော်ကား အမျိုးသားဥယျာဉ်၏ တည်နေရာပြ မြေပုံ
မြန်မာနိုင်ငံရှိ တည်နေရာ
တည်နေရာမင်္ဂလာဒုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံ
အနီးဆုံး မြို့ရန်ကုန်မြို့
ကိုဩဒိနိတ်17°00′17″N 96°06′44″E / 17.00472°N 96.11222°E / 17.00472; 96.11222ကိုဩဒိနိတ်: 17°00′17″N 96°06′44″E / 17.00472°N 96.11222°E / 17.00472; 96.11222
ဧရိယာ၁၅၄၀ ဧက (၆၂၃ ဟတ်တာ)
ဖွဲ့စည်းစက်တင်ဘာ ၃၀ ၁၉၈၂ ခုနှစ်
အုပ်ချုပ်ရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန

လှော်ကား အမျိုးသားဥယျာဉ်သည် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်တွင် တည်ရှိသော အမျိုးသားဥယျာဉ်တစ်ခု ဖြစ်ပြီး ရန်ကုန်မြို့၏ မြောက်ဘက် ၂၂ မိုင် (၃၅ ကီလိုမီတာ)အကွာတွင် တည်ရှိသည်။ ၁,၅၄၀ ဧက (၆၂၀ ဟက်တာ; ၂.၄၁ စတုရန်းမိုင်) ကျယ်ဝန်းပြီး ထိုအထဲတွင် ၈၁၈ ဧက (၃၃၁ ဟက်တာ; ၁.၂၇၈ စတုရန်းမိုင်) ကျယ်ဝန်းသော တောရိုင်းတိရစ္ဆာန်ဥယျာဉ်၊ ၆၂ ဧက (၂၅ ဟက်တာ; ၀.၀၉၇ စတုရန်းမိုင်) ကျယ်ဝန်းသော တိရစ္ဆာန်ဥယျာဉ်ငယ်နှင့် ၆၆၀ ဧက (၂၇၀ ဟက်တာ; ၁.၀၃ စတုရန်းမိုင်) ကျယ်ဝန်းသော ကြားခံနယ်မြေတို့ ပါဝင်သည်။

၁၉၈၂ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးစင်တာကို ပထမဆုံးတည်ထောင်ခဲ့ပြီး ယခုအခါတွင် ရန်ကုန်မှ တနေ့တာအတွင်း လည်ပတ်နိုင်သော နေရာတစ်ခုအဖြစ် ရန်ကုန်သားများနှင့် ကမ္ဘာလှည့်ခရီးသွားများအကြားတွင် ထင်ရှားသည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

လှော်ကားသဘာ၀ဥယျာဉ်ကို ရန်ကုန်မြို့တော်ရေပေးဝေသည့် လှော်ကားသဘာ၀တောကို ထိန်းသိမ်းရန်၊ သဘာဝဥယျာဉ်အတွင်း ပေါက်ရောက်သည့် သဘာဝအပင်များ၊ ကျက်စားသည့် တောရိုင်း တိရစ္ဆာန်များနှင့် ၎င်းတို့ ၏ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ ပြည်တွင်း ပြည်ပ ဧည့်သည်များ သဘာဝ ဥယျာဉ် နယ်မြေအတွင်း လေ့လာရင်း အပန်းဖြေ အနားယူနိုင်ရန်၊ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို လူအများ သိရှိနားလည်ပြီး ပါဝင်ပူးပေါင်း ဆောင်ရွက်စေရေးအတွက် စည်းရုံးရန်၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေးကို အထောက်အကူပြုရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပြသလျက် ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ယခင်က လှော်ကား ကန်ပတ်လည်တွင် ဒရယ်ဂျီတောဝက်ကြက်ဘဲငှက်များ ပေါများသဖြင့် (၁၉၅၆) ခုနှစ်တွင် ဆဌမ သံဃာယနာတင် အထိမ်းအမှတ်အဖြစ် လှော်ကားကန်ပတ်လည်အား ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းနောက် (၁၉၈၁-၈၂) ခုနှစ်မှ စ၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးတို့ ပူးပေါင်း၍ သဘာ၀ထိန်းသိမ်းရေးနှင့် အမျိုးသား ဥယျာဉ်များတည်ထောင်ရေး စီမံကိမ်း အစီအစဉ်အရ လှော်ကားသဘာဝ ဥယျာဉ်အဖြစ် တည်ထောင်ခဲ့သည်။ (၁၉၈၉) ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ ကြည့်ရှုလေ့လာနိုင်ရန် စတင်ဖွင့်လှစ်ခဲ့သည်။ လှော်ကား သဘာဝ ဥယျာဉ်သည် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်ထောက်ကြံ့အနီး တည်ရှိပြီး၊ ရန်ကုန်မြို့ ဆူးလေဘုရားမှ (၂၂) မိုင်သာ ကွာဝေးကာ (၆၂) ဧက ကျယ်ဝန်းသော တိရစ္ဆာန် ဥယျာဉ်ငယ်၊ (၈၁၈) ဧက ကျယ်ဝန်းသည့် သဘာဝဥယျာဉ်နှင့် ကြားခံနယ်မြေ (၆၆၀) ဧက ရှိသဖြင့် စုစုပေါင်း (၁၅၄၀) ဧက အကျယ်အဝန်း ပေါ်ရှိ ကျေးငှက် တိရစ္ဆာန်များအား သဘာဝအတိုင်း မြို့ပြအနီးအနားတွင် လေ့လာနိုင်သော နေရာတစ်ခု ဖြစ်သည်။

စိတ်ဝင်စားဖွယ်များ[ပြင်ဆင်ရန်]

တိရစ္ဆာန်နှင့် အပင်များ[ပြင်ဆင်ရန်]

တိရစ္ဆာန်ဥယျာဉ်ငယ် အတွင်း ဟိမဝန္တာဝက်ဝံပသျူးဝက်ဝံမိကျောင်းလိပ်တောကြောင်မျောက်နှင့် ငှက် စသည့် တိရစ္ဆာန်များအား ကျုံးများ၊ ကန်များ၊ လှောင်အိမ်များတွင် ထိန်းသိမ်းမွေးမြူ ပြသခြင်းနှင့် ငှက်ပြတိုက်ရှိ ငှက်များကိုလည်း လ့လာနိုင်သည်။ သဘာဝဥယျာဉ်အတွင်းကန်သာယာ၊ကန်မကြီးနှင့် ကန်(၉)ခုရှိပြီး အမြဲစိမ်းတော၊ ရွက်ပြတ်ရောနှောတော နှင့် ရွံ့နွံတောများ ဖြစ်သည့် ကျွန်းပျဉ်းကတိုးထောက်ကြန့်မျောက်ချောသစ်စိမ့်မြယာဂွေးကတွက်မလွှပင်ကညင်ပင် အပါအဝင် (၁၀၈) မျိုး၊ ဝါးအမျိုးမျိုးနှင့် ကြိမ်ပင်များအကြား (၅) မိုင်ရှည်သည့် ဥယျာဉ်ပတ်လမ်းအတွင်း ဆတ်ဒရယ်သမင်ချေတောဝက်တောကြောင်ရှဉ့်မျောက်နွားနောက်တွားသွားသတ္တဝါကုန်းနေ ရေနေ သတ္တဝါအင်းဆက်များ၊ ဆောင်းခိုငှက်များ၏ သဘာဝအတိုင်း နေထိုင်ကျက်စားမှုကို လမ်းလျှောက်ခြင်းဖြင့် လည်းကောင်း၊ မော်တော်ယာဉ်ဖြင့် လည်းကောင်း လေ့လာ ကြည့်ရှုနိုင်သည်။

အနားယူရန်နေရာ[ပြင်ဆင်ရန်]

သဘာဝဥယျာဉ်အတွင်း နားနေစခန်း (၄) ခုရှိသည်။ နားနေစခန်း(၁) တွင် ရိုးရာတဲများနှင့် ဆင်စီးစခန်းရှိသဖြင့် ဧည့်သည်များ ပျော်ရွှင်စွာ အပန်းဖြေ အနားယူနိုင်ခြင်း၊ နားနေစခန်း (၂)တွင် ဘန်ဂလို၊ သစ်လုံးအိမ်၊ ရိုးရာတဲ၊ ရေလယ်ကျွန်း၊ ကန်ပတ်လမ်း နှင့် စခန်း (၁)နှင့် (၂) ဆက်သွယ်ထားသော ဗေလု၀ကြိုးတံတား ရှိသဖြင့် အစုအဖွဲ့၊ မိသားစုများအနေဖြင့်၊ ဂိမ်းကစားခြင်း၊ စုံညီပွဲတော်များ လွတ်လပ်ပျှော်ရွှင်စွာ စိတ်အပန်းဖြေ အနားယူနိုင်ခြင်းနှင့် ဆောင်းခိုငှက်များကို စောင့်ဆိုင်းကြည့်ရှုရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ပြီး နားနေစခန်း (၃) တွင် ကျွန်းများ၏ အလှအပ၊ ကန်ရေပြင် အလှအပများကို ကန်စပ်တစ်လျောက်ရှိ နားနေထိုင်ခုံများမှ ကြည့်ရှုခံစားနိုင်ခြင်း၊ ဧည့်သည်များ အပန်းဖြေရန် စားသောက်ဆိုင် တစ်ခုလည်း ရှိခြင်းကြောင့် လူကြိုက်အများဆုံး နေရာတစ်ခုဖြစ်ပြီး နားနေစခန်း (၄)တွင် ရေပေါ် Decking မှ ကန်ရေပြင် အလှအပများနှင့် သဘာဝ လေနုအေးများကို ခံစားခြင်း၊ မြန်မာ့ရိုးရာ နားနေဆောင် ရှိခြင်း တို့ကြောင့် စိတ်နှစ်သက်စေသည့် နေရာတစ်ခုဖြစ်သည်။

ရှောင်ကြဉ်ရန်[ပြင်ဆင်ရန်]

လှော်ကားသဘာဝဥယျာဉ်သည် တိရစ္ဆာန်များ သဘာဝအတိုင်း ထိန်းသိမ်းထားသော ဥယျာဉ်ဖြစ်၍ ပလပ်စတစ်အိတ်ပါးကြောင့် တိရစ္ဆာန်များ အသက်အန္တရာယ် ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်ကင်းမဲ့ဇုံအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိရာ သဘာဝဥယျာဉ်အတွင်း ရေကူးခြင်း၊ ငါးမျှားခြင်း၊ အိမ်မွေးတိရစ္ဆာန်များ ခေါ်ဆောင်ခြင်း၊ လက်နက် ယူဆောင်ခြင်း၊ မီးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ သစ်ပင် ပန်းပင်များ ခူးခြင်း၊ တိရစ္ဆာန်များကို နှောင့်ယှက်ခြင်းတို့ကို တားမြစ်ထားသည်။