ဟက်တာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရောမကျောက်တလားခေါင်းမှ ဟက်တာကို ပြန်သယ်လာခြင်း (အေဒီ ၁၈၀-၂၀၀)
ထရွိုင်မှ အကြွေစေ့၊ (အေဒီ ၁၇၇-၁၉၂)၊ ခေါင်းဖက် : ဧကရာဇ် ကောမာဒပ်စ်၏ ရုပ်လုံးကြွပုံ၊ ပန်းဖက် : မြင်းနှစ်ကောင်ကသော စစ်ရထားပေါ်မှ ဟက်တာ၏ ဒိုင်းနှင့် လှံ ကိုဝှေ့ယမ်းနေခြင်း၊ အပေါ်မှစာသား - ΕΚΤΩΡ (ဟက်တာ)၊ အောက်ဖက်ပါစာသား ΙΛΙΕΩΝ (အစ်လီယန်) "ထရွိုင်")
အော်ဖရီးနီယွန်မြို့မှ တူးဖော်ရှာတွေ့သော ကြေးညိုအကြွေစေ့ (ဘီစီ ၃၅၀-၃၀၀)၊ ရှာဖွေတွေ့ရှိသည့်နေရာကို ဟကါတာမြှုပ်နှံထားရာ သင်္ချိုင်းဂူဟု ယူဆကြသည်။ ခေါင်းဖက် : အမောက်သုံးခုပါ စစ်ဦးထုပ်ဆောင်းထားသော မှုတ်ဆိတ်ဖြင့် ဟက်တာ၊ ပန်းဖက် : ဒိုင်ယာနိုက်ဆပ်စ်၏ ကလေးဘဝပုံကို သရုပ်ဖော်ထားခြင်း။

ဂရိဒဏ္ဍာရီနှင့် ရောမဒဏ္ဍာရီ တို့၌ ဟက်တာ (အင်္ဂလိပ်: Hector; ရှေးဟောင်းဂရိ: Ἕκτωρ Hektōr, ဟက်တော) သည် ထရိုဂျန်မင်းသားတစ်ပါးဖြစ်၍ ထရိုဂျန်စစ်ပွဲတွင် ထရွိုင်မြို့အတွက် အကြီးကျယ်ဆုံး တိုက်ခိုက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ထရွိုင်မြို့ကို ခုခံကာကွယ်ရာတွင် ထရိုဂျန်သားများနှင့် မဟာမိတ်တပ်များအတွက် ခေါင်းဆောင်ဖြစ်ကာ ဂရိဘက်မှ တပ်သား (၃၁,၀၀၀) ကိုသတ်ဖြတ်နိုင်ခဲ့သည်။ နောက်ဆုံး၌ ဟက်တာသည် အာခိလိဇ်၏ သတ်ခြင်းခံခဲ့ရသည်။

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

ထရွိုင်ဘုရင် ပရိုင်းယန် နှင့် မိဖုရား ဟက်ယွတ်ဘာတို့၏ သားဦးဖြစ်သော ဟက်တာသည် ထရွိုင်မြို့တည်ထောင်သူ ထရောစ့်ဘုရင်၏ အဆက်နွယ်လည်းဖြစ်သည်။[၁] အချို့သော ဖော်ပြချက်များတွင် ဟက်တာ၏ ဖခင်ကို အပေါလို ဟူ၍ ပြဆိုကြသည်။[၂] တော်ဝင်နန်းတော်၏ မင်းသားတစ်ပါးဖြစ်သည့်အပြင် ဘုရင့်အရိုက်အရာကို ဆက်ခံခွင့်ရှိသူလည်းဖြစ်၏ ။ အိမ်ထောသ်ဖက်မှာ အန်ဒရောမာခီးဖြစ်ကာ သားဖြစ်သူမှာ စကန်မန်ဒရီးယပ်စ် ဖြစ်သည်။ သို့သော် ထရွိုင်မြို့သားများက သားဖြစ်သူကို အာစတိုင်ယာနခ်စ် (Astyanax) ဟုသာ ခေါ်ဝေါ်ကြသည်။

ဥရောပ အလယ်ခေတ်ကာလများအတွင်း ဟက်တာသည် "ရဲရင့်သူ ကိုးဦး" ထဲမှတစ်ဦး၊ သူရသတ္တိကြောင့်သာ ကျော်ကြားသည်မဟုတ်ဘဲ ၎င်း၏ မြင့်မြတ်၍ နန်းဆန်သော သဘာဝကြောင့်လည်း ကျော်ကြားမှုရှိသည်ဟူ၍ ယခ်စ် ဒီ လောင်းဂီယွန် (Jacques de Longuyon) က မှတ်ချက်ပြုခဲ့သည်။ ဟိုးမားကလည်း ဟက်တာကို ငြိမ်းချမ်းခြင်းကို မြတ်နိုးသော၊ အကြင်နာကြီးမားသော၊ ရဲရင့်သော၊ အမှောင်လွှမ်းသော စိတ်အကြံစည်မရှိသော သား၊ လင်ယောက်ျား၊ ဖခင်ကောင်းတစ်ယောက် ဟူ၍ ချီးကြူးဖွဲ့ဆိုသည်။ ဂျိမ်းစ် ရက်ဖီးလ်ကလည်း သစ္စာစောင့်ခြင်း၏ အာဇာနည်၊ ဤမြေလောက ဇာတ်ခုံအဖုံဖုံကို ကြုံတွေ့ခံစားရသူ၊ သာမန် (လူသားတို့) ဘဝ၏ အဖိုးတန်သော မပြည့်စုံခြင်းများအတွက် သေရန်အမြဲအဆင်သင့်ရှိသူဟူ၍ ဖော်ပြခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Iliad, XX, 215 ff.
  2. Stesichorus, Fr. 108; Tzetzes, On Lycophron; Porphyry in his Omissions states that Ibycus, Alexander, Euphorion and Lycophron all made Hector the son of Apollo
  3. Redfield, James M. (1994). Nature and Culture in the Iliad: The Tragedy of Hector. Durham: Duke University Press, ix။