၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၀၅:၃၆၊ ၁၆ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 5 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
(မလေး: Sukan Asia Tenggara ke-29)
ကျင်းပရာမြို့ကွာလာလမ်ပူမြို့
အိမ်ရှင်နိုင်ငံမလေးရှားနိုင်ငံ
ဆောင်ပုဒ်Rising Together
(မလေး: Bangkit Bersama)
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၄၆၄၆
ကစားပွဲအမျိုးအစား၄၀၄
ဖွင့်ပွဲအခမ်းအနား၁၉ ရက် ဩဂုတ်လ ၂၀၁၇ ခုနှစ်
ပိတ်ပွဲအခမ်းအနား၃၀ ရက် ဩဂုတ်လ ၂၀၁၇ ခုနှစ်[၁]
တရားဝင်ဖွင့်လှစ်ပေးခဲ့သူKing Muhammad V
Yang di-Pertuan Agong
Athlete's OathNauraj Singh Randhawa
Judge's OathMegat Zulkarnain Omardin
Torch LighterNur Dhabitah Sabri
အဓိကအားကစားကွင်းဘူကစ်ဂျာလီ အမျိုးသား အားကစားကွင်း
ဝက်ဘ်ဆိုဒ်2017 Southeast Asian Games
၂၀၁၅ ၂၀၁၉  >

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(မလေး: Sukan Asia Tenggara 2017)ကို တရားဝင်အမည်အားဖြင့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(မလေး: Sukan Asia Tenggara ke-29)ဟုခေါ်ဆိုသည်။ အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ယှဉ်ပြိုင်သော အားကစားပြိုင်ပွဲဖြစ်ပြီး မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ ကျင်းပသောကြောင့် ကွာလာလမ်ပူ ၂၀၁၇ ဟုလည်း ခေါ်ဆိုကြသည်။ ၂၉ ကြိမ်မြောက် ဆီးဂိမ်းကို ဩဂုတ်လ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြီး အားကစားအမျိုးပေါင်း ၃၈ မျိုးတွင် ပြိုင်ပွဲပေါင်း ၄၀၄ ပွဲ ကျင်းပမည်ဖြစ်သည်။[၂] ဤအကြိမ်နှင့်ဆိုလျှင် မလေးရှားနိုင်ငံ၌ ပြိုင်ပွဲကျင်းပခဲ့သည်မှာ ခြောက်ကြိမ်ရှိခဲ့ပြီး ယခင်အကြိမ်များမှာ ၁၉၆၅၁၉၇၁၁၉၇၇၁၉၈၉ နှင့် ၂၀၀၁ ခုနှစ်တို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အားကစားပြိုင်ပွဲကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှ ၃၀ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ သို့ပေမယ့် အားကစားပြိုင်ပွဲများစွာကို ဩဂုတ်လ ၁၄ ရက်နေ့မှစတင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၄၆၄၆ ဦးသည် အားကစား ၃၈ မျိုးမှ ပြိုင်ပွဲ ၄၀၄ ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ အားကစားပြိုင်ပွဲကို မလေးရှားဘုရင် ပဉ္စမမြောက် မူဟာမတ်(Muhammad V)မှ ဖွင့်လှစ်ပေးခဲ့ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်(Najib Razak)မှ ဘူဂစ်ဂျာလီအားကစားကွင်းတွင် အားကစားပြိုင်ပွဲ ပိတ်သိမ်းခြင်းကို ဆောင်ရွက်ပေးခဲ့သည်။[၃]

အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်အများဆုံးကို အိမ်ရှင်ဖြစ်သော မလေးရှားနိုင်ငံမှ ရရှိခဲ့ပြီး ၎င်းနောက်တွင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အသီးသီး ရရှိခဲ့သည်။[၄] အားကစားပြိုင်ပွဲများစွာနှင့် စံချိန်များကို ယခုအားကစားပြိုင်ပွဲတွင် ချိုးဖျက်နိုင်ခဲ့သည်။[၅] သို့ပေမယ် ပြိုင်ပွဲတွင် များစွာသော အငြင်းပွားမှုများနှင့် နည်းပညာမှားယွင်းမှုများ ရှိခဲ့ပြီး အားကစားပြိုင်ပွဲသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ကုန်ကျမှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် အရှေ့တောင်အာရှနိုင်ငံများအကြားတွင် အားကစားပြိုင်ပွဲများအား ပြိုင်ပွဲစံနှုန်းများမြှင့်တက်လာမှုနှင့်အတူ ယေဘုယျအားဖြင့် အားကစားပြိုင်ပွဲသည် အောင်မြင်သည်ဟု ဆိုရပေမည်။

ဖွဲ့စည်းဆောင်ရွက်ခြင်း

ပြိုင်ပွဲကျင်းပရာ မြို့များ

A map of Malaysia.
A map of Malaysia.
ကွာလာလမ်ပူမြို့
မလေးရှားနိုင်ငံ၌ ကွာလာလမ်ပူမြို့ တည်နေရာ

ဆီးဂိမ်းပြိုင်ပွဲထုံးတမ်းအရ ပြိုင်ပွဲလက်ခံကျင်းပခြင်း ဆီးဂိမ်းပြိုင်ပွဲ ဖက်ဒရေးရှင်း (SEA Games Federation (SEAGF))တွင်ပါဝင်သော နိုင်ငံများမှ အလှည့်ကျ ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံတိုင်းမှ ပြိုင်ပွဲအား တစ်နှစ်စီ တာဝန်ယူကျင်းပခြင်းဖြစ်ပြီး ကျင်းပလက်ခံကျင်းပမည် (သို့မဟုတ်) မကျင်းပါနိုင်ခြင်းကို ရွေးချယ်ခွင့်ရှိသည်။[၆]

၂၀၁၂ ဇူလိုင်လတွင် မြန်မာနိုင်ငံတွင် ကျင်းပသော SEAGF အစည်းအဝေး၌ ၂၀၁၇ ခုနှစ်တွင် နှစ်နှစ်တစ်ခါကျင်းပသော ဒေသတွင်းအားကစားပြိုင်ပွဲကို အခြားသောနိုင်ငံများမှာ လက်ခံကျင်းပနိုင်သည့် အဆိုမရှိသောကြောင့် မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။[၇] ထိုအစည်းအဝေးတွင် တက်ရောက်ခဲ့သော မလေးရှားနိုင်ငံ အိုလံပစ်ကောင်စီ(Olympic Council of Malaysia) အတွင်းရေးမှူးချုပ် Sieh Kok Chi သည် မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ထို့နောက် ၂၀၁၅ ခုနှစ်စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ ၂၀၁၇ ခုနှစ်အတွက် အိမ်ရှင်အဖြစ် တာဝန်ယူရမည်မှာ ဘရူနိုင်းနိုင်ငံ ဖြစ်သင့်သည်ဟု ဆိုခဲ့သည်။ သို့သော် ဘရူနိုင်းနိုင်ငံမှ ၂၀၁၇ ခုနှစ်အစား ၂၀၁၉ ခုနှစ်တွင် ကျင်းပရန် ဆန္ဒရှိခဲ့သည်။ ထိုကြောင့် မလေးရှားနိုင်ငံသည် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရသည်။

တည်ဆောက်ပြုပြင်ခြင်းနှင့် ပြင်ဆင်ခြင်း

မလေးရှားနိုင်ငံ ဆီးဂိမ်းကျင်းပရေးကော်မတီကို ပြိုင်ပွဲများအတွက် ပြင်ဆင်မှု ကြီးကြပ်ကွဲကဲရန် ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

အားကစားကွင်းများ

၂၀၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲအတွက် အဓိကအားကစားကွင်းဖြစ်သော ဘူကစ်ဂျာလီ အမျိုးသား အားကစားကွင်း

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံရှိ ပြည်နယ်များစွာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။[၈][၉] ဘူကစ်ဂျာလီ အားကစားကွင်းပလပ်အတွင်းရှိ ရှိနှင့်ပြီးသော အားကစားကွင်းများကို အဆင့်မြင့်တင်ခဲ့ပြီး Nilaiမြို့ Negeri Sembilanပြည်နယ်တွင် စက်ဘီးစီးပြိုင်ပွဲများအတွက် velodrome ပုံစံ အားကစားကွင်းသစ်ကို မလေးရှားရင်းဂစ် ၈၀ မီလီယံ အသုံးပြု၍ တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လနှောင်းပိုင်းတွင် ပြီးစီးခဲ့ပြီး ၂၆ မေလ ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။[၁၀][၁၁] အစောပိုင်းတွင် ဆာဘတ်ချ်ပြည်နယ်နှင့် ဆာရာဝပ်ပြည်နယ်တို့တွင် ပြိုင်ပွဲပွဲစဉ်တချို့ကို ကျင်းပရန် စဉ်းစားခဲ့ကြသည်။ သို့ပေမယ် ၂၀၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ၏ Chief Executive Officer ဖြစ်သူ Zolkples Embong သည် အရှေ့မလေးရှားပြည်နယ်များအား "ကုန်ကျစရိတ်မြင့်မားခြင်း"ကို အဓိကအကြောင်းပြချက်အဖြစ် ရည်ညွှန်း၍ မပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။[၁၂]

၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် Peninsular Malaysia တွင် တည်ရှိသည်
ကွာလာလမ်ပူ
ကွာလာလမ်ပူ
ဆီလန်ဂေါ
ဆီလန်ဂေါ
နဲဂဲရီ ဆမ်ဘီလန်
နဲဂဲရီ ဆမ်ဘီလန်
တီရန်ဂါနူ
တီရန်ဂါနူ
ကီဒါ့ချ်
ကီဒါ့ချ်
ပူတရာဂျာယ
ပူတရာဂျာယ
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရာ ပြည်နယ်များ
ပြည်နယ် အားကစားကွင်း အားကစားအမျိုးအစား
ကွာလာလမ်ပူ National Sports Complex, Malaysia
National Aquatic Centre Aquatics (Swimming, Diving, Synchronised Swimming, Water polo)
Sintetic Turf Field လေးပစ်
ဘူကစ်ဂျာလီ အမျိုးသား အားကစားကွင်း ပြေးခုန်ပစ်၊ ဘောလုံး
Putra Indoor Stadium ကြက်တောင်ရိုက်
Field Hockey
Bukit Kiara Sports Complex
National Lawn Bowls Centre Lawn Bowls
Juara Stadium Netball
အခြား
MABA Stadium ဘတ်စကတ်ဘော
National Squash Centre Squash
Kuala Lumpur Convention Centre ဘီလီယက်နှင့် စနူကာ၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ Pencak silat
Malaysian International Trade & Exhibition Centre Boxing, Fencing, Gymnastics, Indoor Hockey, Muay, Weightlifting, Table Tennis
Kuala Lumpur Football Stadium ဘောလုံး
University of Malaya ဘောလုံး
Raintree Club Squash
Pudu Ulu Recreational Park, Kuala Lumpur Petanque
National Tennis Centre, Jalan Duta တင်းနစ်
Badminton Stadium Cheras ဘောလီဘော
Titiwangsa Indoor Stadium Sepak takraw
Empire City Ice Arena ရေခဲပြင်ဟော်ကီ၊ ရေခဲပြင်စကိတ်စီး
ဆီလန်ဂေါပြည်နယ် Universiti Teknologi MARA, Shah Alam ဘောလုံး
Shah Alam Stadium ဘောလုံး
Selayang Stadium ဘောလုံး
Kinrara Oval, Puchong ခရစ်ကတ်
3Q Equestrian Park Rawang Equestrian (Dressage, Show Jumping)
The MINES Resort City Golf Club Golf
MBPJ Stadium Rugby 7s
National Shooting Range သေနက်ပစ်
Megalanes, Sunway Pyramid ဘိုးလင်း
Panasonic Stadium Shah Alam ဖူဆယ်
ပူတရာဂျာယပြည်နယ် Putrajaya Lake Triathlon, Water Skiing, Aquatics (Open water swimming)
Putrajaya Cycling Road, Athletics (Marathon)
Putrajaya Equestrian Park Equestrian (Polo)
နဲဂဲရီ ဆမ်ဘီလန်ပြည်နယ် Nilai Velodrome and BMX Circuit Cycling Track, BMX
Nilai Square Cycling Road
တီရန်ဂါနူပြည်နယ် Terengganu International Equestrian Park Equestrian (Endurance)
ကီဒါ့ချ်ပြည်နယ် National Sailing Centre, Langkawi Sailing


စေတနာ့ဝန်ထမ်းများ

ပြိုင်ပွဲကျင်းပသူများသည် ဆီးဂိမ်းပြိုင်ပွဲနှင့် အာဆီယံမသန်စွမ်းအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေတနာ့ဝန်ထမ်း ခန့်မှန်း ၂၀,၀၀၀ ခန့်လိုမည်ဟု ခန့်မှန်းခဲ့ကြသည်။ ထိုစေတနာ့ဝန်ထမ်းများသည် အမှတ်ရေတွက်ခြင်း၊ ပွဲကြည့်ပရိသတ်ထိန်းသိမ်းခြင်း၊ လတ်မှတ်ရောင်းချခြင်းနှင့် ပရိုမိုးရှင်းများပြုလုပ်ခြင်းကဲ့သို့သော မတူညီကွဲပြားသော တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ စေတနာ့ဝန်ထမ်းများအား လေ့ကျင့်ပေးခြင်းကို ပြိုင်ပွဲလိုဂို၊ သီချင်းနှင့် လာဘ်ကောင်အရုပ်များအား မိတ်ဆက်ပြသခဲ့သော ၂၁ နိုဝင်ဘာ ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လအထိဖြစ်သည်။[၁၃] စေတနာ့ဝန်ထမ်းအတွက် လူ ၅၀,၀၀၀ မျှ စာရင်းသွင်းခဲ့ကြသည်။ အာကစားပြိုင်ပွဲစေတနာ့ဝန်ထမ်းများအစီအစဉ်ကို ဘန်ဂီရှိ မလေရှားအမျိုးသားတက္ကသိုလ်တွင် ရှင်းလင်းခဲ့ပြီး အဆင့်လေးဆင့်ပါဝင်ကာ ဖေဖော်ဝါရီလမှ ဇွန်လအထိဖြစ်သည်။[၁၄] အွန်လိုင်းမှ လျှောက်ထားသူ ၅၀,၀၀၀ အနက်မှ ၁၉,၀၀၀ ကို ပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်းများအဖြစ် ရွေးချယ်ခဲ့ပြီး ၉,၀၀၀ မှာ ဆီးဂီမ်းပြိုင်ပွဲအတွက် ဖြစ်ပြီး ကျန် ၄,၀၀၀ မှာ မသန်စွမ်းအားကစားပြိုင်ပွဲအတွက်ဖြစ်သည်။[၁၅]

လတ်မှတ်ရောင်းချခြင်း

အွန်လိုင်းမှတဆင့် လတ်မှတ်များကို ၄ ရက် ဇူလိုင် ၂၀၁၇ မှစတင်၍ ရောင်းချခဲ့သည်။ ထို့ပြင် လူထုမှ ပိုမိုပါဝင်အားပေးမှုရှိစေရန် အားကစားပွဲ ၂၄ ခုဖြစ်သော ရေကူးအဖွင့်ပွဲများနှင့် စက်ဘီးစီး (BMX and road)ပွဲများတွင် ပွဲကြည့်ပရိသတ်အတွက် အခမဲ့ကြည့်ရှုခွင့်နှင့် အခြားသော ၁၂ မျိုးဖြစ်သည့် ရေကူး(diving, swimming, synchronised and water polo events) နှင့် စက်ဘီးစီး (track events) များကို လူအများ တက်နိုင်သော ပမာဏဖြစ်သည့် မလေးရှားရင်းဂစ် ၁၀ မှ ၂၀ အကြား သတ်မှတ်ပေးခဲ့ကြောင်း ထို ဇူလိုင်လ ၄ ရက် ၂၀၁၇ နေ့တွင်ပင် ကြေငြာခဲ့သည်။[၁၆]

လုံခြုံရေး

အားကစားပြိုင်ပွဲ၏ လုံခြုံရေးကို အဓိကတာဝန်ယူသော အဖွဲ့အစည်းမှာ တော်ဝင်မလေးရှားရဲတပ်ဖွဲံ့ ဖြစ်သည်။ ရဲတပ်ဖွဲ့သည် မမျှော်လင့်နိုင်သော အခြေအနေများနှင့် ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုအဖြစ် လေ့ကျင့်ခန်း ၆ ခု ပြုလုပ်ခဲ့သည်။[၁၇]


ဆုတံဆိပ်

ကွာလာလမ်ပူ ၂၀၁၇ ဆုတံဆိပ်

ပြိုင်ပွဲ၏ ဆုတံဆိပ်ကို Royal Selangor ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဆုတံဆိပ်များကို ၃၀ မေလ ၂၀၁၇ ခုနှစ်တွင် ကြေငြာခဲ့ပြီး ထိုနေ့တွင်ပင် Royal Selangor ကုမ္ပဏီသည် အားကစားပြိုင်ပွဲအတွက် အဓိကစပွန်ဆာကုမ္ပဏီအဖြစ် ကြေငြာခဲ့ပြီး ကုမ္ပဏီ၏ ရည်မှန်းငွေ မလေးရှားရင်းဂစ် ၈၀ မီလီယံထက်ပို၍ ၈၂.၆ မီလီယံ ထောက်ပံ့ခဲ့သည်။[၁၈][၁၉] ဆုတံဆိပ်တွင် နူးညံသော အဝိုင်းငွေများနှင့် အနားကွပ်များပါဝင်ပြီး ခဲနှင့် သံဖြူကို ရောစပ်ထားသော သတ္ထုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဆုတံဆိပ်၏ ခေါင်းဘက်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖက်ဒရေးရှင်း လိုဂိုဖြစ်ပြီး ပန်းဘက်တွင် အားကစားပြိုင်ပွဲ လိုဂိုကို ထည့်သွင်းထားသည်။

ကုန်ကျစရိတ်

အားကစားဝန်ကြီး Khairy Jamaluddin သည် ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် မလေးရှားရင်းဂစ် ၈၀ မီလီယံ(USD18 million) ထက်မပိုနိုင်ရန် မျှော်မှန်းထားကြောင်း ပြောခဲ့သည်။[၂၀] ၂၀၁၇ ခုနှစ် ဘတ်ဂျက်ကာလတွင် အစိုးရသည် မလေးရှားရင်းဂစ် ၅၀၀ မီလီယံထက် မပိုဟု စီရင်ခံခဲ့ပြီး[၂၁] မလေးရှားဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ အားကစားပြိုင်ပွဲလက်ခံကျင်းပရန် မလေးရှားရင်းဂစ် ၄၅၀ မီလီယံကုန်ကြခဲ့ကြောင်း ပြောကြားခဲ့သည်။[၂၂]


နှိုင်းယှဉ်ချက်များအရ ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့စဉ်က မလေးရှားရင်းဂစ် ၇၄၀ မီလီယံ (SGD264 million, using the then SGD/MYR exchange rate of 2.80, as opposed to the current rate of 3.15)၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့စဉ်က မလေးရှားရင်းဂစ် ၁ ဘီလီယံ အသီးသီး သုံးစွဲခဲ့ကြသည်။ [၂၃][၂၄]

အကျိုးပြုလုပ်ငန်းများ

အားကစားပြိုင်ပွဲကျင်းပခြင်း၏ ကဏ္ဍတစ်ရပ်အဖြစ် အားကစားပြိုင်ပွဲကျင်းပရေးကော်မတီသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးကို အလေးထား၍ ၅ ဇွန် ၂၀၁၇ ခုနှစ်တွင် Kuala Lumpur 2017 Green Initiatives ကို ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။[၂၅][၂၆] အစိမ်းရောင်ခြေလှမ်းများလှုပ်ရှားမှုအတွက် 'ဆုတံဆိပ် တစ်ခု၊ သစ်ပင် တစ်ပင်' အစီအစဉ်ကို ဆောင်ရွက်ခဲ့ကာ ကွာလာလမ်ပူအာကစားမြို့တွင်းနှင့် မြို့ပတ်လည်တွင် ၅၂၄၉ ပင် စိုက်ပျိုးရန် ရည်ရွယ်ခဲ့သည်။[၂၇] အခြားသောလှုပ်ရှားမှုများတွင် စွန့်ပစ်ပစ္စည်းများအား ပြန်လည်သန့်စင်ခြင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးများအား ထောက်ပံ့ပေးခြင်းနှင့် အဓိကကစားကွင်းအတွင်း အားကစားပြိုင်ပွဲများအား လျှပ်စစ်ကားများ ထောက်ပံ့ပေးခြင်းတို့ ပါဝင်သည်။

ဈေးကွက်

တရားဝင် လာဘ်ကောင်ရုပ်ဖြစ်သော ရီမူး(Rimau)(မလေးရှားကျား)

ဆောင်ပုဒ်

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာအားဖြင့် "Rising Together" (သို့) မလေးရှားဘာသာအားဖြင့် "Bangkit Bersama" ဟူ၍ ဖြစ်သည်။[၂၈] ထိုဆောင်ပုဒ်အား ရွေးချယ်ခဲ့ခြင်းမှာ အထူးသဖြင့် အာဆီယံနိုင်ငံများအကြား ညီညွတ်မှုကို ဖော်ညွှန်းလို၍ ဖြစ်ပြီး ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း တည်တောင်ပြီး ပထမဆုံးပြုလုပ်သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖြစ် ကွာလာလမ်ပူ ၂၀၁၇ အားကစားပြိုင်ပွဲကို သိသာထင်ရှားစေလို၍လည်း ဖြစ်သည်။[၂၉]

လိုဂို

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ တရားဝင်လိုဂိုမှာ ဝါအူ ဘူလန်(Wau Bulan)လိုခေါ်သော မလေးရှားကျွန်းဆွယ်၏ အရှေ့ပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် လူသိများသော လခြမ်းပုံသဏ္ဌာန် စွန်ပုံဖြစ်သည်။ လိုဂို၏ အရောင်များနှင့် အစင်းများသည် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံ၏ အလံများ၏ အရောင်များကို ယူ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ နိုင်ငံလုံးအနှံတွင် အားကစားပြိုင်ပွဲ၏ လိုဂို ရွေးချယ်ရန် ကျင်းပခဲ့ပြီး လိုဂိုဒီဇိုင်းပြိုင်ပွဲတွင် ၁၇၄ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။[၃၀] ကွာလာလမ်ပူ ၂၀၁၇ လိုဂိုသည် ၂၀၁၇ ခုနှစ် ပါရာဆီးဂိမ်းအတွက်လည်း အတူတူပင် အသုံးပြုခဲ့သည်။

Wau, ၂၀၁၇ ကွာလာလမ်ပူလိုဂို (ဆီးဂိမ်းလိုဂိုနှင့် ၂၀၁၇ ပါရာဆီးဂိမ်းလိုဂို ပေါင်းဆက်ထားခြင်း

လာဘ်ကောင်

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်ရုပ်မှာ မလေးရှားကျားပုံဖြစ်ပြီး Rimau ဟု အမည်ရသည်။ ထိုလာဘ်ကောင်ရုပ်ကို လိုဂို၊ ပြိုင်ပွဲသီချင်းနှင့်အတူ ၁၄ နိုဝင်ဘာ ၂၀၁၅ ခုနှစ်တွင် ပွဲထုတ်ပြသခဲ့သည်။ လာဘ်ကောင်ရုပ်၏အမည်မှာ မလေးရှားဘာသာဖြင့် ကျားဟု အဓိပ္ပါယ်ရရုံသာမက သူ၏ စကားလုံးတစ်လုံးသည်လည်း အဓိပ္ပါယ်တစ်မျိုးစီရရှိပြီး Respect(အပြန်အလှန်လေးစားမှု)၊ Integrity(တည်ကြည်မှု)၊ Move(လှုပ်ရှားမှု)၊ Attitude(စိတ်ထား)၊ Unity(ညီညွတ်မှု) ဟူ၍ ဖြစ်သည်။ သူသည် ယဉ်ကျေးပျူငှာခြင်း၊ ဖော်ရွေရင်းနှီးခြင်း၊ ယှဉ်ပြိုင်လိုစိတ်နှင့် ကျန်းမာကြံ့ခိုင်သော အားကစားသမားများအဖြစ် ဖော်ဆောင်သည်။[၃၁]

သီချင်း

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပဓာနသီချင်း လေးပုဒ်ရှိသည်။ ၉ မေ ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သော 100 day countdown ပွဲတွင် မလေးရှားနိုင်ငံသားတို့သည် အဆိုတော် ဒါယန်း နျူရ်ဖိုင်ဇက်(Dayang Nurfaizah)နှင့် သီချင်းရေးဆရာ Ramli MS တောင်းဆို၍ ပြိုင်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် "Rising Together" ဆောင်ပုဒ်နှင့် ဆက်နွယ်သော သူတို့၏ စိတ်ကူးစိတ်သန်းများ၊ ဇာတ်ကြောင်းများကို လူအများပါဝင်သော ကမ်ပိန်းများမှတဆင့် လူမှုဝဘ်ဆိုက်သို့ ဖော်ပြခဲ့ကြပြီး ပြိုင်ပွဲ၏ ပဓာနသီချင်းတစ်ပုဒ်ကို စပ်သီခဲ့ကြသည်။ ၈ ဩဂုတ် ၂၀၁၇ ခုနှစ်တွင် ပြိုင်ပွဲ၏ ပဓာနတေးသွားတစ်ပုဒ်ကို ပြသခဲ့ပြီး ၎င်းသီချင်း၏ အမည်ကို "Rising Together" (Bangkit Bersama) ဟူ၍ အမည်ပေးထားခဲ့သည်။[၃၂]

၂ ဩဂုတ်လ ၂၀၁၇ ခုနှစ်တွင် ပြိုင်ပွဲအတွက် သီချင်းတစ်ပုဒ်ဖြစ်သော "Tunjuk Belang" (Show The Stripes) ကို ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းတွင် monoloQue၊ Azlan Typewriter နှင့် maliQue တို့ပါဝင်သီဆိုထားသည်။ ထိုသီချင်းသည် ရော့ခ်အမျိုးအစားသီချင်းတစ်ပုဒ်ဖြစ်ပြီး ရိုးရာနှင့် ခေတ်ပေါ်သံစဉ်တို့ကို ရောစပ်ထားသည်။[၃၃] ထိုသီချင်းအား ရေးစပ်သူနှင့် ထုတ်လုပ်သူမှာ maliQue ဖြစ်သည်။[၃၄] သီချင်းခေါင်းစဉ်၏ အဓိပ္ပါယ်မှာ မိမိ၏ စစ်မှန်သော အရောင်များကို ပြသခြင်းဟု ဆိုလိုပြီး "Belang" သည် အစင်းကို ဆိုလိုသည်အပြင် ပြိုင်ပွဲအတွက်ဖြစ်သော လာဘ်ကောင်ရုပ်ကိုလည်း ရည်ညွှန်းလိုသည်။[၃၄]

နောက်ထပ်သီချင်းတစ်ပုဒ်မှာ "So Many Hands" (Tangan-Tangan Yang Menjulang) ဖြစ်ပြီး အစောပိုင်း ၁၃ ဇူလိုင် ၂၀၁၇ ကတည်းက ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းကို ကွာလာလမ်ပူ ၂၀၁၇ အတွက် ပရိုမိုရှင်းဗွီဒီယိုတွင် Mia Palencia မှ အင်္ဂလိပ်လိုသီဆိုပြီး Asmidar မှ မလေးဘာသာဖြင့် သီဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံအား ချန်ပီယံအဖြစ်သို့ ခေါ်ဆောင်သွားခြင်း(Bersama Kita Lahirkan Juara) ဟုဆိုလိုသည်။[၃၅]

ပြိုင်ပွဲပိတ်ပွဲအတွက် သီချင်းမှာ "Together We Rise" ဖြစ်ပြီး ၃၀ ဩဂုတ် ၂၀၁၇ ခုနှစ်တွင် Vince Chong နှင့် Jaclyn Victor တို့မှ သီဆိုဖျော်ဖြေခဲ့ကြသည်။

စပွန်ဆာ

Dentsu Sports Asia နှင့် Sportswork Group ကုမ္ပဏီများသည် ၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် sponsorship agencies များဖြစ်ကြပြီး ဇန်နဝါရီ ၂၀၁၆ ခုနှစ်တွင် တရားဝင်ကြေငြာခဲ့သည်။[၃၆] Dentsu Sports Asia သည် အပြည်ပြည်ဆိုင်ရာနှင့်ဆက်နွယ်သော ကိစ္စရပ်များကို ဆောင်ရွက်ပြီး Sportswork Group သည် မလေးရှားကုမ္ပဏီများကို မလေးရှားအစိုးရနှင့် ချိတ်ဆက်ပေးသည်။[၃၇]

ကုမ္ပဏီများ၏ ပြိုင်ပွဲအတွက် ထောက်ပံ့ပေးသော ငွေကြေးပေါ်မူတည်၍ ထောက်ပံ့ပေးမှုအဆင့် ၄ ဆင့်ခွဲ၍ ထားပါသည်။ Bronze sponsors များသည် မလေးရှားရင်းဂစ် ၁ မီလီယံနှင့် ထိုထက်နည်းပါး၍ ထောက်ပံ့နေသော သူများဖြစ်ပြီး၊ မလေးရှားရင်းဂစ် ၁ မီလီယံမှ ၃ မီလီယံ ထိ ထောက်ပံ့သူများသည် Silver sponsors၊ မလေးရှားရင်းဂစ် ၃ မီလီယံမှ ၇.၅ မီလီယံအထိ ထောက်ပံ့သူများကို Gold sponsors၊ မလေးရှားရင်းဂစ် ၇.၅ မီလီယံမှ ၁၅ မီလီယံအထိ ထောက်ပံ့သူများကို Platinum sponsors ဟူ၍ အသီးသီး ခွဲခြားသတ်မှတ်ထားခဲ့သည်။[၃၈]

စပွန်ဆာကုမ္ပဏီပေါင်း ၃၉ ခုရှိပြီး ၎င်းတို့အထဲတွင် Platinum sponsors ၆ ခု၊ Gold sponsors ၆ ခု၊ Silver sponsors ၉ ခုနှင့် Bronze sponsors ၁၈ ခုပါဝင်သည်။

၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကမကထပြု ကုမ္ပဏီများ
အဆင့်အတန်း ကမကထပြု ကုမ္ပဏီများ
ပလက်တီနမ် Telekom Malaysia၊[၃၈] Naza (Groupe PSA)၊[၃၉]FBT၊[၃၈] Ajinomoto၊[၄၀][၃၇] Petronas၊[၄၁] Rapid KL[၄၂]
ရွှေ Malaysia Airports၊[၃၈] AirAsia၊[၄၃] Traveloka၊[၄၄] Grab၊[၄၅][၄၆] Tenaga Nasional၊ Sony (Sony Music)[၄၂]
ငွေ 100Plus၊[၃၈] Milo၊[၃၈] SCGM BHD–Benxon၊[၃၈] Prudential၊ McDonald's၊[၄၇] Spritzer၊[၄၈] Pavilion Kuala Lumpur၊ Royal Selangor၊[၄၆] AEON Malaysia[၄၂]
ကြေး Double Happiness၊ Gloria Jean's Coffees၊ JVC Kenwood၊ La Martina၊ Maha Mas Medic၊ Maju Group၊ Marathon Thailand၊ Maxwin၊ Mikasa-Sunrise၊ MLS-Zimmer-Airflex၊ Molten Corporation၊ MRCB၊ Nittaku၊ Otto Bock၊ Sunstar, Trybe၊ Victor, Wiraka[၄၂]

ပြိုင်ပွဲကျင်းပခြင်း

ဖွင့်ပွဲအခမ်းအနား

ဖိုင်:RAFL4114.jpg
၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဘူကစ်ဂျာလီ အမျိုးသား အားကစားကွင်းတွင် ၁၉ ဩဂုတ် ၂၀၁၇ ခုနှစ် MST (UTC+8) ၂၀:၁၇ တွင် စတင်ကျင်းပခဲ့ပြီး မလေးရှားယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို အဓိကထား ပြသခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကျင်းပမှု ဦးစီးခြင်းကို မလေးရှားရုပ်ရှင်ဒါရိုက်တာ Saw Teong Hin မှ မလေးရှားတပ်မတော်နှင့် ပူးပေါင်း၍ Memories Entertainment creative team မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။[၄၉][၅၀][၅၁] ဖွင့်ပွဲကျင်းပချိန်ကို မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အမှတ်ရစေရန် ရည်ရွယ်၍ ၂၀:၁၇ တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သော နိုင်ငံများ

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖက်ဒရေးရှင်းတွင် အဖွဲ့ဝင်ဖြစ်သော နိုင်ငံ ၁၁ အားလုံးပါဝင်ကြသည်။ အောက်တွင် ဖော်ပြထားသော စာရင်းမှာ ပါဝင်သော သက်ဆိုင်ရာ အိုလံပစ်ကောင်စီများ(NOC) ဖြစ်သည်။

ပွဲစဉ်ဇယား

OC ဖွင့်ပွဲအခမ်းအနား ပြိုင်ပွဲယှဉ်ပြိုင်ခြင်း 1 ရွှေတံဆိပ်ချီးမြှင့်ခြင်း CC ပိတ်ပွဲအခမ်းအနား
ဩဂုတ် ၁၄
တနင်္လာ
၁၅
အင်္ဂါ
၁၆
ဗုဒ္ဓဟူး
၁၇
ကြာသပတေး
၁၈
သောကြာ
၁၉
စနေ
၂၀
တနင်္ဂနွေ
၂၁
တနင်္လာ
၂၂
အင်္ဂါ
၂၃
ဗုဒ္ဓဟူး
၂၄
ကြာသပတေး
၂၅
သောကြာ
၂၆
စနေ
၂၇
တနင်္ဂနွေ
၂၈
တနင်္လာ
၂၉
အင်္ဂါ
၃၀
ဗုဒ္ဓဟူး
ရွှေတံဆိပ်ချီးမြှင့်ခြင်း
အခမ်းအနားများ OC CC
လေးပစ် ၁၀
ပြေးခုန်ပစ် ၄၅
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
ဘီလီယက်နှင့် စနူကာ
ဘိုးလင်း ၁၁
လက်ဝှေ့
ခရစ်ကတ်
စက်ဘီးစီး ၂၀
ဒိုင်ဗင် ၁၃
မြင်းစီး
Fencing
Field hockey
Figure skating
ဘောလုံး
ဖူဆယ်
ဂေါက်
Gymnastics ၂၀
ရေခဲပြင်ဟော်ကီ
Indoor hockey
ဂျူဒို
ကရာတေး ၁၆
Lawn bowls
မွေထိုင်း
Netball
Pencak silat ၁၆ ၂၀
Pétanque
ပိုလို
Rugby sevens
ရွက်လှေ ၁၄
ခြင်းလုံး ၁၂
သေနတ်ပစ် ၁၄
Short track speed skating
Squash
ရေကူး ၄၀
Synchronised swimming
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို ၁၆
တင်းနစ်
Triathlon
ဘောလီဘော
ဝါတာပိုလို
Waterskiing ၁၁
အလေးမ
ဝူရှူး ၁၇
ရွှေတံဆိပ်ချီးမြှင့်သောပွဲပေါင်း ၂၁ ၂၅ ၄၈ ၃၇ ၄၉ ၂၉ ၅၁ ၃၃ ၂၆ ၆၀ ၄၀၄
စုစုပေါင်း ၁၀ ၁၄ ၁၈ ၃၉ ၆၄ ၁၁၂ ၁၄၉ ၁၉၈ ၂၂၇ ၂၇၈ ၃၁၁ ၃၃၇ ၃၉၇ ၄၀၄
ဩဂုတ် ၁၄
တနင်္လာ
၁၅
အင်္ဂါ
၁၆
ဗုဒ္ဓဟူး
၁၇
ကြာသပတေး
၁၈
သောကြာ
၁၉
စနေ
၂၀
တနင်္ဂနွေ
၂၁
တနင်္လာ
၂၂
အင်္ဂါ
၂၃
ဗုဒ္ဓဟူး
၂၄
ကြာသပတေး
၂၅
သောကြာ
၂၆
စနေ
၂၇
တနင်္ဂနွေ
၂၈
တနင်္လာ
၂၉
အင်္ဂါ
၃၀
ဗုဒ္ဓဟူး
ရွှေတံဆိပ်ချီးမြှင့်ခြင်း

ဆုတံဆိပ်ဇယား

၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲပေါင်း ၄၀၄ ခုကျင်းပခဲ့ရာ ဆုတံဆိပ် ၄၀၄ ခုကို ချီးမြှင့်ရမည်ဖြစ်ပါသည်။ အမျိုးသမီးအမြင့်ခုန်နှင့် men's pommel horse ပြိုင်ပွဲများတွင် ပထမနေရာကို ပူးတွဲရရှိခဲ့သဖြင့် ထိုပြိုင်ပွဲများအတွက် ရွှေတံဆိပ်ကို ၂ ခုစီ ချီးမြှင့်ခဲ့သည်။ ထိုကြောင့် ထိုပြိုင်ပွဲများအတွက် ငွေတံဆိပ်ကို ချီးမြှင့်ခဲ့ခြင်း မရှိခဲ့ချေ။

အချို့သော ပြိုင်ပွဲများ၌ ကြေးတံဆိပ်နှစ်ခု ချီးမြှင့်ခဲ့ရာ သိုင်းပညာပြိုင်ပွဲတစ်ချို့နှင့် ရော့ကတ်ဖြင့် ရိုက်၍ကစားရသော ပြိုင်ပွဲအားလုံးပါဝင်သည်။ ထို့ပြင် Rhythmic Gymnastics women's hoop dvent နှင့် Swimming women's 50 m backstroke event တို့တွင် ကြေးတံဆိပ်ကို ပူးတွဲရရှိခဲ့ရာ နောက်ထပ်အနေဖြင့် ကြေးတံဆိပ်စုစုပေါင်း ၁၂၃ ခု ထပ်တိုးချီးမြှင့်ခဲ့သည်။ အခြားအနေဖြင့် men's 3000 m relay short track speed skating တွင် ကြေးတံဆိပ်ချီးမြှင့်ခဲ့ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် စုစုပေါင်းအနေဖြင့် ပြိုင်ပွဲတွင် ဆုတံဆိပ် ၁၃၃၄ ခု ချီးမြှင့်ခဲ့ရာ ရွှေတံဆိပ်စုစုပေါင်း ၄၀၆ ခု၊ ငွေတံဆိပ်စုစုပေါင်း ၄၀၂ ခု၊ ကြေးတံဆိပ်စုစုပေါင်း ၅၂၆ ခု ပါဝင်ခဲ့သည်။ အိမ်ရှင်မလေးရှားအနေဖြင့် ပြိုင်ပွဲတွင် ရွှေတံဆိပ်အများဆုံးရရှိခဲ့ရာ ၎င်းနောက်တွင် ထိုင်း၊ ဗီယက်နမ်တို့မှ အသီးသီးရရှိခဲ့သည်။

သော့ချက်

  *   အိမ်ရှင်နိုင်ငံ (မလေးရှား)

၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  နိုင်ငံ ရွှေ ငွေ ကြေး စုစုပေါင်း
 မလေးရှား* ၁၄၅ ၉၂ ၈၆ ၃၂၃
 ထိုင်း ၇၂ ၈၆ ၈၈ ၂၄၆
 ဗီယက်နမ် ၅၈ ၅၀ ၆၀ ၁၆၈
 စင်ကာပူ ၅၇ ၅၈ ၇၃ ၁၈၈
 အင်ဒိုနီးရှား ၃၈ ၆၃ ၉၀ ၁၉၁
 ဖိလစ်ပိုင် ၂၄ ၃၃ ၆၄ ၁၂၁
 မြန်မာ ၁၀ ၂၀ ၃၇
 ကမ္ဘောဒီးယား ၁၂ ၁၇
 လာအို ၂၁ ၂၆
၁၀  ဘရူနိုင်း ၁၄
၁၁  အရှေ့တီမော
စုစုပေါင်း (၁၁ နိုင်ငံ) ၄၀၆ ၄၀၂ ၅၂၆ ၁,၃၃၄
Source: 2017 SEA Games Medal Standings

ရုပ်သံထုတ်လွှင့်ခြင်း

အားကစားပွဲတော်ကျင်းပစဉ် ၁၉ မှ ၃၀ ဩဂုတ်အတွင်း ၂၈ မျိုးသော အားကစားပြိုင်ပွဲများကို ရုပ်သံများဖြင့် တိုက်ရိုက်ထုတ်လွင့်လိမ့်မည် ဖြစ်ပါသည်။[၅၂]

သော့ချက်

   *   အိမ်ရှင်နိုင်ငံ (မလေးရှား)

အရှေ့တောင်အာရှနိုင်ငံများမှ ၂၀၁၇ ဆီးဂိမ်း ရုပ်သံထုတ်လွင့်ခွင့်ရှိသော ရုပ်သံလိုင်းများ
IOC Code နိုင်ငံ Broadcast network ရုပ်သံကွန်ယက် ရေဒီယိုကွန်ယက် ဒစ်ဂျစ်တယ်ကွန်ယက်
BRU  ဘရူနိုင်း Radio Televisyen Brunei
Kristal-Astro
RTB Perdana
Astro Arena
Astro Arena HD
Ai FM
Hot FM
One FM
CAM  ကမ္ဘောဒီးယား Radio and Television of Cambodia Television of Cambodia Radio of Cambodia
INA  အင်ဒိုနီးရှား TVRI[၅၃]
MNC Media[၅၄]
Emtek[၅၄]
TVRI
MNC TV
SCTV
Indosiar
Radio Republik Indonesia Nexmedia, Vidio.com
LAO  လာအို Laos National Radio and Television Lao National Television Lao National Radio
MAS  မလေးရှား* Astro[၅၅]
HyppTV[၅၆][၅၅]
TV1
TV2
TV3
TV9
TVi
Astro Arena
Astro Arena HD
Hypp Sports HD
Ai FM
Hot FM
KL FM
Minnal FM
Nasional FM
One FM
TEA FM
Traxx FM
Media Prima (Tonton)
Astro (Astro Go & NJOI Now)
HyppTV (HyppTV Everywhere)
MYA  မြန်မာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
စကိုင်းနက်
MRTV-4
မြန်မာ့အသံ
PHI  ဖိလစ်ပိုင် PTV[၅၇] TV5 Radyo Pilipinas 3 918 kHz
SIN  စင်ကာပူ Mediacorp[၅၈] Mediacorp oktoSports MediaCorp Radio 938LIVE Mediacorp (Toggle)
THA  ထိုင်း Television Pool of Thailand (TPT) NBT channel NBT Radio
TLS  အရှေ့တီမော RTTL Televisão Timor Leste Radio Timor Leste
VIE  ဗီယက်နမ် VTV
HTV
VTV2
VTV6
HTV9
HTV Thể Thao
Voice of Vietnam K+, VTVcab

စိုးရိမ်ပူပန်ဖွယ်ရာများနှင့် အငြင်းပွားဖွယ်ရာများ

ပြိုင်ပွဲတစ်လျှောက်တွင် များစွာသော နည်းပညာချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး[၅၉][၆၀][၆၁] အောက်တွင် ထိုဖြစ်ရပ်များအနက်မှ အချို့ကို ဖော်ပြထားပါသည်။[၆၂][၆၃][၆၄]

  • မလေးရှားနိုင်ငံသည် အချို့သော ဘောလုံးပြိုင်ပွဲများတွင် တိုက်ရိုက်ထုတ်လွင့်ပြသနိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက်ကြောင့် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရာကာ မြန်မာအသင်းကို အားပေးသူတစ်ဦးက "ကျနော်အနေနဲ့ မြန်မာနိုင်ငံထက် ပိုချမ်းသာတဲ့ မလေးရှားနိုင်ငံရဲ့ အရေးကြီးတဲ့ပြိုင်ပွဲတွေကို တိုက်ရိုက်ထုတ်လွင့်နိုင်ခြင်း မရှိတာ အံ့ဩမိပါတယ်။ မြန်မာအသင်းအတွက်သာ မဟုတ်ပါဘူး အခြားအာဆီယံနိုင်ငံတွေကိုယ်စား ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာ မေးလိုပါတယ်" ဆိုခဲ့ပါသည်။[၆၅]

အခြားကြည့်ရန်

ကိုးကား

  1. KL SEA Games Closing Ceremony to be held on Aug 30
  2. "2017 Kuala Lumpur SEA Games: New dates announced"၊ 14 November 2015။ 14 November 2015 တွင် ပြန်စစ်ပြီး 
  3. PM Najib declares SEA Games 2016 closedBernama။ New Straits Times (30 August 2017)။ 2 September 2017 တွင် ပြန်စစ်ပြီး။
  4. Malaysia wins 145 golds to become SEA Games championsAssociated Press။ Sun.Star (30 August 2017)။ 4 September 2017 တွင် ပြန်စစ်ပြီး။
     • Govt to pay B124m to SEA Games medal winners။ Bangkok Post (1 September 2017)။ 4 September 2017 တွင် ပြန်စစ်ပြီး။
     • Kuala Lumpur 2017: A successful SEA Games for VietnamNhân Dân။ Voice of Vietnam (4 September 2017)။ 4 September 2017 တွင် ပြန်စစ်ပြီး။
  5. Five on Friday: 5 memorable SEA Games moments။ Channel NewsAsia (1 September 2017)။ 2 September 2017 တွင် ပြန်စစ်ပြီး။
  6. Michael Angelo S. Murillo (25 September 2015)။ Ready for SEA Games 2019။ BusinessWorld Online (Weekender)။ 25 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 September 2015 တွင် ပြန်စစ်ပြီး။
  7. Malaysia to host 2017 SEA GamesBernama။ The Star (18 July 2012)။ 20 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2012 တွင် ပြန်စစ်ပြီး။
  8. Ruben Sario (7 September 2013)။ Khairy proposes Sabah, Sarawak for SEA games။ The Star။ 16 June 2015 တွင် ပြန်စစ်ပြီး။
  9. "South East Asian NOCs in Singapore for the 28th SEA Games" (သတင်းထုတ်ပြန်ချက်)။ Singapore: Singapore National Olympic Council။ 5 June 2015။ 17 June 2015 တွင် မူရင်း အား မော်ကွန်းတင်ပြီး15 June 2015 တွင် ပြန်စစ်ပြီး
  10. KL to be main venue for 2017 SEA Games။ Free Malaysia Today (17 June 2015)။ 17 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 June 2015 တွင် ပြန်စစ်ပြီး။
  11. KL2017: National velodrome gets thumbs up။ Official website (21 April 2017)။ 21 April 2017 တွင် ပြန်စစ်ပြီး။
  12. Sabah, Sarawak may not host 2017 SEA Games။ The Malaysian Insider (6 October 2015)။ 7 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2015 တွင် ပြန်စစ်ပြီး။
  13. 20,000 volunteers needed for 2017 SEA Games။ The Star (16 November 2015)။ 30 December 2015 တွင် ပြန်စစ်ပြီး။
  14. KL2017: 2,000 volunteers for opening and closing ceremonies။ Official website (20 May 2017)။ 20 May 2017 တွင် ပြန်စစ်ပြီး။
  15. Volunteers can't wait for games to began။ Official website (19 July 2017)။ 19 July 2017 တွင် ပြန်စစ်ပြီး။
  16. Kuala Lumpur 2017 tickets are now on sale။ Official website (4 July 2017)။ 4 July 2017 တွင် ပြန်စစ်ပြီး။
  17. KL2017: Police ready for any eventualities။ Official website (10 July 2017)။ 12 July 2017 တွင် ပြန်စစ်ပြီး။
  18. Royal Selangor comes on board, KL2017 exceed sponsorship target။ Official website (30 May 2017)။ 30 May 2017 တွင် ပြန်စစ်ပြီး။
  19. MASOC scores another sponsorship: Royal Selangor designs Kuala Lumpur 2017 medals။ Official website (30 May 2017)။ 30 May 2017 တွင် ပြန်စစ်ပြီး။
  20. Harap kos tidak cecah RM80 juta (in Malay)။ Utusan Malaysia (13 December 2013)။ 23 February 2017 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  21. Harap kos tidak cecah RM80 juta (in Malay)။ mStar (13 December 2013)။ 23 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2017 တွင် ပြန်စစ်ပြီး။
  22. FULL TEXT: PM Najib Razak's 2017 Budget speech။ New Straits Times (21 October 2016)။ 23 February 2017 တွင် ပြန်စစ်ပြီး။
  23. SEA Games 2015: Singapore to host Games on budget of $324.5 million။ The Straits Times (18 October 2016)။ 23 February 2017 တွင် ပြန်စစ်ပြီး။
  24. SEA Games ran S$60.4m under budget: Grace Fu။ Channel NewsAsia (10 October 2016)။ 23 February 2017 တွင် ပြန်စစ်ပြီး။
  25. KL2017: Paving way for future green games။ Official website (5 June 2017)။ 29 August 2017 တွင် ပြန်စစ်ပြီး။
  26. Green Initiatives။ Official website။
  27. ‘One medal, One tree’ Part of green initiatives for KL2017။ Kuala Lumpur 2017 (2 August 2017)။ 29 August 2017 တွင် ပြန်စစ်ပြီး။
  28. </nowiki>x.php/en/news-events/93-slides1/174-baton-run-to-support-the-29th-sea-games-kuala-lumpur-2017 Baton Run to Support the 29th SEA Games, Kuala Lumpur 2017။ လာအိုအမျိုးသား အိုလံပစ်ကော်မတီ။ 6 August 2017 တွင် ပြန်စစ်ပြီး။
  29. Sea Games 2017: Rising Together As One။ Vision KL။ 6 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2017 တွင် ပြန်စစ်ပြီး။
  30. Rising together, Rimau to drive KL Sea Games။ New Straits Times (14 November 2015)။ 19 November 2015 တွင် ပြန်စစ်ပြီး။
  31. Brand Story။ Official website (14 November 2015)။ 14 November 2015 တွင် ပြန်စစ်ပြီး။
  32. Song #BangkitBersama။ Official website။ 8 August 2017 တွင် ပြန်စစ်ပြီး။
  33. Jessica Chua (2 August 2017)။ Have You Heard The Official Theme Song For SEA Games 2017?။ Rojak Daily။ 6 August 2017 တွင် ပြန်စစ်ပြီး။
  34. ၃၄.၀ ၃၄.၁ Erny Suzira (2 August 2017)။ SEA Games 2017 reveals its theme song။ The Hive Asia။ 6 August 2017 တွင် ပြန်စစ်ပြီး။
  35. KL 2017: “Bangkit Bersama” theme song launched, Pavilion joins KL2017။ Official website (8 August 2017)။ 8 August 2017 တွင် ပြန်စစ်ပြီး။
  36. FYIDentsu appointed as sponsorship agency for 2017 SEA Games in Malaysia။ Mumbrella Asia (24 June 2016)။ 13 July 2017 တွင် ပြန်စစ်ပြီး။
  37. ၃၇.၀ ၃၇.၁ Ajinomoto Platinum Sponsor for the upcoming SEA GamesMarketing Magazine။ Sledgehammer Communications (M) Sdn Bhd. (14 February 2017)။ 7 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2017 တွင် ပြန်စစ်ပြီး။
  38. ၃၈.၀ ၃၈.၁ ၃၈.၂ ၃၈.၃ ၃၈.၄ ၃၈.၅ ၃၈.၆ Masoc close to achieving RM80mil Games sponsorship။ The Star (21 March 2017)။ 13 July 2017 တွင် ပြန်စစ်ပြီး။
  39. NAZA joins KL 2017 as Platinum Sponsor။ Sports247.my (25 July 2016)။ 13 July 2017 တွင် ပြန်စစ်ပြီး။
  40. Anh Hoang (22 February 2017)။ Ajinomoto sponsors SEA Games and ASEAN Para Games 2017။ Vietnam Investment Review။ 13 July 2017 တွင် ပြန်စစ်ပြီး။
  41. Petronas platinum sponsor of SEA Games with RM15m sponsorshipThe Sun (5 May 2017)။ 13 July 2017 တွင် ပြန်စစ်ပြီး။
  42. ၄၂.၀ ၄၂.၁ ၄၂.၂ ၄၂.၃ Day 30 Kuala Lumpur 2017 Countdown: Teh Tarik Relay!
  43. AirAsia is gold sponsor for KL SEA Games and Asean Para Games။ The Star (11 April 2017)။ 13 July 2017 တွင် ပြန်စစ်ပြီး။
  44. Day 20 Kuala Lumpur 2017 Countdown: Tai Chi Challenge
  45. Ready, set, Grab!။ The Sun (26 May 2017)။ 13 July 2017 တွင် ပြန်စစ်ပြီး။
  46. ၄၆.၀ ၄၆.၁ Grab remains as the sponsor for SEA Games – KJ။ Malaysia Gazette (30 May 2017)။ 5 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2017 တွင် ပြန်စစ်ပြီး။
  47. McDonald’s sign RM 1million sponsorship deal with 29th SEA Games။ Fourthofficial.com (25 April 2017)။ 13 July 2017 တွင် ပြန်စစ်ပြီး။
  48. Tan Ming Wai (12 May 2017)။ Spritzer back as Silver sponsor for SEA Games။ The Star။ 13 July 2017 တွင် ပြန်စစ်ပြီး။
  49. Director Saw to produce 2017 SEA Games opening, closing events (15 April 2017)။ 20 August 2017 တွင် ပြန်စစ်ပြီး။
  50. KL 2017 opening will leave lasting memories, says committee။ The Malay Mail (18 August 2017)။ 19 August 2017 တွင် ပြန်စစ်ပြီး။
  51. Asri Yussof (21 August 2017)။ Lelaki Penting Disebalik Kejayaan Persembahan Pembukaan SEA Games 2017 (in Malay)။ PTS။ 23 August 2017 တွင် ပြန်စစ်ပြီး။
  52. Khairy opens Sea Games media, broadcast centresBernama။ The Malaysian Insight (10 August 2017)။ 17 August 2017 တွင် ပြန်စစ်ပြီး။
  53. Felix Nathaniel (16 August 2017)။ HUT ke-55, TVRI Andalkan Tayangkan Siaran Langsung SEA Games (in Indonesian)။ tirto.id။ 17 August 2017 တွင် ပြန်စစ်ပြီး။
  54. ၅၄.၀ ၅၄.၁ Satu Lagi Televisi yang Siarkan SEA Games 2017, Siapakah Itu? (in Indonesian)။ BolaSport.com (1 August 2017)။ 17 August 2017 တွင် ပြန်စစ်ပြီး။
  55. ၅၅.၀ ၅၅.၁ ၅၅.၂ ၅၅.၃ Wan Syamsul Amly (10 August 2017)။ Sebanyak 2,933 warga media bertugas pada KL2017 - KJ (in Malay)။ Astro Awani။ 17 August 2017 တွင် ပြန်စစ်ပြီး။
  56. Mei Mei Chu (15 August 2017)။ Where to watch and follow the 2017 SEA Games online။ The Star။ 17 August 2017 တွင် ပြန်စစ်ပြီး။
  57. "PCOO brings SEA Games closer to Filipinos" (သတင်းထုတ်ပြန်ချက်)။ Presidential Communications Group (Philippines)။ 17 August 201718 August 2017 တွင် ပြန်စစ်ပြီး Text "Presidential Communications Operations Office" ignored (အကူအညီ)
  58. SEA Games to be broadcast on Toggle, okto။ Channel NewsAsia (9 August 2017)။ 13 August 2017 တွင် ပြန်စစ်ပြီး။
  59. Teo Teng Kiat (22 August 2017)။ SEA Games: Hosts Malaysia receive flak from neighbours for organising gaffes။ Today (Singapore newspaper)။ 22 August 2017 တွင် ပြန်စစ်ပြီး။
  60. Malaysia got 8 out of 11 flags wrong in a medal tally broadcast on TV during the SEA Games။ Mothership.sg (25 August 2017)။ 26 August 2017 တွင် ပြန်စစ်ပြီး။
  61. SEA Games: RTM apologises for flag mistakes in medal tally broadcast။ Channel NewsAsia (26 August 2017)။ 27 August 2017 တွင် ပြန်စစ်ပြီး။
  62. Chai Kim Sen (23 August 2017)။ Don’t be ugly Malaysians!။ The Malay Mail။ 23 August 2017 တွင် ပြန်စစ်ပြီး။
  63. Tang Ruxyn (23 August 2017)။ 11 Controversial Incidents That Have Been Reported At The 2017 SEA Games။ Says.com။ 2 September 2017 တွင် ပြန်စစ်ပြီး။
  64. Ryan Songalia (24 August 2017)။ The worst controversies so far of 2017 SEA Games boxing။ Rappler။ 2 September 2017 တွင် ပြန်စစ်ပြီး။
     • An ugly tradition continues in Malaysia။ Bangkok Post (30 August 2017)။ 2 September 2017 တွင် ပြန်စစ်ပြီး။
     • Malaysia shrug off judging controversies။ The New Paper (31 August 2017)။ 2 September 2017 တွင် ပြန်စစ်ပြီး။
  65. Kyaw Zin Hlaing (16 August 2017)။ Myanmar fans upset by Malaysia’s failure to air some football matches။ The Myanmar Times။ 18 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2017 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ


ယခင်က
၂၀၁၅
စင်ကာပူ
၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၇
ကွာလာလမ်ပူမြို့မလေးရှားနိုင်ငံ
ဆက်ခံသူ
၂၀၁၉
နယူးကလပ်, ဖိလစ်ပိုင်နိုင်ငံ