၂၀၀၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၂၀၀၅ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XXIII Southeast Asian Games
ကျင်းပရာမြို့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့
ဆောင်ပုဒ်One Heritage, One Southeast Asia
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၅၃၃၆
ကစားပွဲအမျိုးအစား၄၄၃(၄၀မျိုး)
ဖွင့်ပွဲအခမ်းအနား၂၇ နိုဝင်ဘာ
ပိတ်ပွဲအခမ်းအနား၅ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဂလိုရီရာ မာဂါပါကယ် အာရိုယို(သမ္မတ)
Athlete's OathMikaela "Mikee" Cojuangco-Jaworski
Judge's OathCaesar Mateo
Torch LighterMaria Antoinette Rivero
အခမ်းအနားကျင်းပရာ အားကစားကွင်းကူရီနိုပွဲခန်းမ
ဝက်ဘ်ဆိုဒ်2005 Southeast Asian Games
၂၀၀၃ ၂၀၀၇  >

၂၀၀၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် ၂၀၀၅ခုနှစ် နိုဝင်ဘာ ၂၇ရက်မှ ဒီဇင်ဘာ၅ရက်​နေ့အထိ ကျင်းပ​သော ၂၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁၁၉၉၁ပွဲတော်များကို အိမ်ရှင်အဖြစ် ၂ကြိမ်ကျင်းပခဲ့ပြီး ၂၀၀၅ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဂလိုရီရာ မာဂါပါကယ် အာရိုယိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၅၃၃၆ခန့်က အားကစားနည်း ၄၀တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ကူရီနိုပွဲခန်းမတွင် ကျင်းပခဲ့သည်။ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်တို့မှ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

ကြိုတင်ပြင်ဆင်ခြင်း[ပြင်ဆင်ရန်]

ဖိလစ်ပိုင် ဆီးဂိမ်းကျင်းပရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

အားကစားကွင်းများ[ပြင်ဆင်ရန်]

မြို့တော် မနီလာတွင် ၁၉ ခု၊ စီဘူးနှင့် နီးဂရတ်အိုစီးတန့်တို့တွင် ၅ ခုစီတွင် ကျင်းပသည်။

Province အားကစားကွင်း ကစားနည်းများ
မနီလာမြို့ Emilio Aguinaldo College Arnis, Wushu
Rizal Memorial Sports Complex Athletics, Baseball, Gymnastics, Table tennis, Tennis
Diosdado Macapagal Boulevard Athletics (Marathon)
PhilSports Arena Badminton
Makati Coliseum Billiards and snooker
Makati Sports Club Squash
GSIS Theater Bodybuilding, Muay
Pearl Bowling Center Bowling
Roxas Boulevard Cycling: Criterium
Amoranto Velodrome Cycling: Track
Alabang Country Club Equestrian
Pasig Sports Center Fencing
Marikina Sports Complex Football
La Mesa Ecopark Rowing, Traditional boat race
PNSA Clay Target Range Shooting (Trap and skeet)
PSC-PNSA Shooting Range BNS Fort Bonifacio Shooting (Air Pistol, Rifle, Practical)
Rosario Sports Complex Softball
Cuneta Astrodome Taekwondo
San Andres Gymnasium Wrestling
Cebu Ramon M. Durano Sports Complex Cycling (Mountain)
Waterfront Hotel Dancesport
Mandaue Coliseum Judo, Karate
Cebu Coliseum Pencak silat
University of San Carlos Sepak takraw
Negros Occidental University of St. La Salle Boxing
Paglaum Sports Complex Football
Panaad Stadium
Luxur Place Weightlifting
West Negros University Volleyball
Zambales Remi Field Subic Bay Freeport Zone Archery
Malawaan Fishing Area Subic Bay Freeport Zone Canoeing
Subic Bay Yacht Club Sailing
Boardwalk Triathlon
Cavite Tagaytay City Convention Center Chess
Tagaytay Cycling (Road)
Laguna Trace College Los Baños Aquatics
The Country Club Canlubang Golf
Pampanga Hidden Vale Sports Club Lawn bowls, Pétanque

ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]

၂၀၀၅အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အခြားနိုင်ငံများကဲ့သို့ပင် နိုင်ငံ၏ပုံရိပ်၊ ယဉ်ကျေးမှုကို ထင်ဟပ်စေသောပုံ ဖြစ်သည်။ ဘီဂိုလုတ်မြို့တွင် ကျင်းပသည့် မတ်ခါရာပွဲတော်မှပုံ ဖြစ်သည်။

လာဘ်ကောင်[ပြင်ဆင်ရန်]

ပြိုင်ပွဲအထိမ်းအမှတ်တံဆိပ်ခေါင်းမှ လာဘ်ကောင်

၂၀၀၅အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ဖိလစ်ပိုင် သိမ်းငှက်ဖြစ်သည်။

သီချင်း[ပြင်ဆင်ရန်]

အဓိကသီချင်းမှာ "We are all just one" ဖြစ်သည်။

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ဖွင့်ပွဲ[ပြင်ဆင်ရန်]

ဖွင့်ပွဲမှာ အခြားနိုင်ငံများကဲ့သို့ အားကစားကွင်းတွင် ကျင်းပခြင်းမဟုတ်ဘဲ ကူရီနိုပွဲခန်းမတွင် ပြုလုပ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတော်အလံကို ကွင်းအတွင်း သယ်ယူလာခြင်းနှင့်အတူ ဖွင့်ပွဲစတင်ခဲ့သည်။ နောက်တွင် သမ္မတမှ အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲ[ပြင်ဆင်ရန်]

ပိတ်ပွဲကို ၅ ဒီဇင်ဘာ ၂၀၀၅ ည ၈ နာရီတွင် အနုပညာရှင်များ၏ ဖျော်ဖြေမှုဖြင့် စတင်ခဲ့သည်။ သမ္မတမှ အားကစားပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာပြီးနောက် ၂၀၀၇ ခုနှစ်ပွဲတော်အား ကျင်းပမည့် ထိုင်းနိုင်ငံကို အလံလွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ထိုင်းအနုပညာရှင်များက ဖျော်ဖြေခဲ့သည်။

ပါဝင်သောနိုင်ငံများ[ပြင်ဆင်ရန်]

Medal table[ပြင်ဆင်ရန်]

Key

  *   အိမ်ရှင် (ဖိလစ်ပိုင်)

၂၀၀၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
 ဖိလစ်ပိုင်* ၁၁၂ ၈၅ ၉၃ ၂၉၀
 ထိုင်း ၈၇ ၇၉ ၁၁၇ ၂၈၃
 ဗီယက်နမ် ၇၁ ၇၁ ၈၆ ၂၂၈
 မလေးရှား ၆၁ ၄၉ ၆၄ ၁၇၄
 အင်ဒိုနီးရှား ၅၀ ၇၈ ၈၉ ၂၁၇
 စင်ကာပူ ၄၂ ၃၂ ၅၅ ၁၂၉
 မြန်မာ ၁၇ ၃၄ ၄၈ ၉၉
 လာအို ၁၂ ၁၈
 ဘရူနိုင်း
၁၀  ကမ္ဘောဒီးယား ၁၂
၁၁  အရှေ့တီမော
စုစုပေါင်း (၁၁ နိုင်ငံ) ၄၄၄ ၄၃၈ ၅၇၆ ၁၄၅၈

ကိုးကား[ပြင်ဆင်ရန်]