၂၀၁၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၂၀၁၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XXVIII Southeast Asian Games
ကျင်းပရာမြို့စင်ကာပူနိုင်ငံစင်ကာပူ
ဆောင်ပုဒ်Celebrate The Extraordinary
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၄၃၇၀
ကစားပွဲအမျိုးအစား၄၀၂ (၃၆မျိုး)
ဖွင့်ပွဲအခမ်းအနား၅ ဇွန်
ပိတ်ပွဲအခမ်းအနား၁၆ ဇွန်
တရားဝင်ဖွင့်လှစ်ပေးခဲ့သူတိုနီတန်း
စင်ကာပူနိုင်ငံသမ္မတ
တရားဝင်ပိတ်သိမ်းပေးခဲ့သူတိုနီတန်း
စင်ကာပူနိုင်ငံသမ္မတ
Athlete's OathLin Qingyi
Netball(captain)[၁]
Judge's OathMohammad Azhar Yusoff
Singapore's rugby referee[၁]
Torch LighterFandi Ahmad နှင့် Irfan Fandi[၁]
အဓိကအားကစားကွင်းစင်ကာပူ အမျိုးသားအားကစားကွင်း
ဝက်ဘ်ဆိုဒ်Official website
၂၀၁၃ ၂၀၁၇  >

၂၀၁၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် စင်ကာပူနိုင်ငံ၌ ၂၀၁၅ခုနှစ် ​ဇွန် ၅ရက်မှ ၁၆ရက်အထိကျင်းပသော ၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ စင်ကာပူနိုင်ငံသည် ၁၉၇၃၁၉၈၃၁၉၉၃ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၅ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ တိုနီတန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၄၃၇၀ခန့်က အားကစားနည်း ၃၆မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အသစ်တည်​ဆောက်ပြီးစီး​သော စင်ကာပူ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်တို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[၂][၃]

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

စင်ကာပူနိုင်ငံ၏ အိမ်ရှင်ဖြစ်ခွင့်ကို ၂၀၁၁ခုနှစ် ဖလန်းပင်ပွဲတော်အတွင်းက ကြေညာခဲ့သည်။၂၀၀၇ပွဲတော်နှင့် ၂၀၁၃ပွဲတော်များကို လက်ခံကျင်းပရန် ကြိုးပမ်းခဲ့ဖူးသော်လည်း အားကစားကွင်းများ တည်ဆောက်ဆဲဖြစ်သဖြင့် လက်လျှော့ခဲ့ရသည်။

အားကစားကွင်းများ[ပြင်ဆင်ရန်]

အမျိုးသားအားကစားကွင်းအသစ်
OCBC ​ရေကူးကန်
OCBC ပွဲခန်းမ
​နေရာ အားကစားကွင်း အားကစားနည်း
Kallang Cluster စင်ကာပူအားကစားရုံစု
စင်ကာပူ အမျိုးသားအားကစားကွင်း ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ​ပြေးခုန်ပစ်၊ ​ဘောလုံး
OCBC ပွဲခန်းမ (၁) Netball၊ ဘတ်စကက်​ဘော
OCBC ပွဲခန်းမ (၂) ဓားသိုင်း၊ ဘော်လီဘော (ရုံတွင်း)
OCBC ပွဲခန်းမ (၄) ဘိလိယက်နှင့် စနူကာ
စင်ကာပူ မိုးလုံ​လေလုံအားကစားရုံ စားပွဲတင်တင်းနစ်၊ ကြက်​တောင်
OCBC ​ရေကူးကန် ​ရေပိုင်းဆိုင်ရာ အားကစားနည်းများ
အခြား
Kallang Squash Centre စကွက်ရှ်
Kallang တင်းနစ်ကွင်း တင်းနစ်
Kallang Cricket Field မြားပစ်
Kallang Softball Field Softball
Kallang Practice Track ​ပြေးခုန်ပစ် (မာရသွန်)
စင်ကာပူ ကုန်သွယ်ခန်းမ ခန်းမ (၁) လက်​ဝှေ့၊ ပိုက်​ကျော်ခြင်း
ခန်းမ (၂) ဂျူဒို၊ ပန်ကြတ်ဆီလပ်၊ တိုက်ကွမ်ဒို၊ ဝူရှူး
Marina Cluster မာရီနာကမ်း​ခြေ ရိုးရာ​လှေ၊ ရွက်​လှေ
မာရီနာကမ်း​ခြေ (​တောင်) စက်ဘီးစီး
Marina Channel ကနူး​လှေ၊ ​လှေ​လှော်
အခြား
Bedok Reservoir Water Ski[၄]
Bishan Sports Hall ကျွမ်းဘား
Bishan Stadium ​ဘောလုံး[၄]
Jalan Besar Stadium ​ဘောလုံး
Choa Chu Kang Stadium ရက်ဘီ (၇​ယောက်)[၄]
East Coast Park ​ပြေးခုန်ပစ်၊ ၃မျိုးဆင့်အားကစား
အိုင်တီအီး​ကောလိပ် Floorball
အမျိုးသားရွက်​လှေဌာန ရွက်​လှေ
အမျိုးသား​သေနတ်ပစ်ကွင်း ​သေနတ်ပစ်
Orchid Country Club ဘိုလင်း
Padang ပီတန်း
Sengkang Hockey Stadium ​ဟော်ကီ
​ဆန်တိုဆာ ​ဂေါက်ကလပ် ​ဂေါက်သီးရိုက်
Turf Club Riding Centre မြင်းစီး
Tanglin Club စကွက်ရှ်
SAFRA Yishun ​သေနတ်ပစ်

ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]

၂၀၁၅အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ပန်းတိုင်သို့​ရောက်ရှိသွားသည့် အားကစားသမားတစ်ဦးလက်​​မြောက်၍​ အောင်ပွဲခံကာပန်းဝင်လာပုံဖြစ်ကာ ၂၀၁၅ခုနှစ်ပွဲ​တော်တွင် ဝင်​ရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများ၏ အလားအလာကို ကိုယ်စားပြုသည်။ အထိမ်းအမှတ်တံဆိပ်ရှိ အားကစားသမားများမှာ ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်းများလည်းဖြစ်ကာ ထိုပုံများသည် အားကစားသမားများ၏ စွမ်းရည်နှင့် ခွန်အားကို ပြသသည်။

လာဘ်​ကောင်[ပြင်ဆင်ရန်]

၂၀၁၅အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်​ကောင်မှာ နီလာ ဆို​​သော ခြင်္သေ့ဖြစ်သည်။ နီလာတွင် အနီရောင် လည်ဆံမွှေးရှိကာ အသည်းပုံခေါင်းရှိသည်။၎င်းတို့မှာ ခွန်အား၊ စိတ်အားထက်သန်မှုနှင့် ဖော်ရွေမှုကို ကိုယ်စားပြုသည်။ လာဘ်ကောင်သည် ပြိုင်ပွဲ၏ နေရာဒေသနှင့် အမျိုးအစားပေါ်မူတည်၍ ဝတ်စုံပြောင်းလဲသည်။

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ဖွင့်ပွဲ[ပြင်ဆင်ရန်]

ဖွင့်ပွဲအခမ်းအနား

၂၀၁၅အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဇွန်လ ၅ရက်နေ့ ည (၈:၁၅)အချိန်က စင်ကာပူအမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုအချိန်တွင် ကျင်းပရခြင်းမှာ (၂၀:၁၅)နာရီ ဖြစ်သဖြင့် ဤအားကစားပွဲကျင်းပသည့် ၂၀၁၅ခုနှစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ဤပွဲမှာ အသစ်တည်ဆောက်ပြီးစီးထားသော အမျိုးသားအားကစားကွင်းသစ်တွင်ကျင်းပသည့် ပထမဆုံးသော အခမ်းအနားဖြစ်သည်။ စင်ကာပူသမ္မတ တိုနီတန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲ[ပြင်ဆင်ရန်]

၂၀၁၅အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ၂၀၁၅ခုနှစ် ဇွန်လ ၁၆ရက်နေ့ည ၈နာရီအချိန်က စင်ကာပူအမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ စင်ကာပူသမ္မတ တိုနီတန်းမှ အားကစားပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် ၂၀၁၇ပွဲတော်အား လက်ခံကျင်းပမည့် မလေးရှားနိုင်ငံကို အလံလွှဲပြောင်းပေးခဲ့သည်။

ပါဝင်သည့် နိုင်ငံများ[ပြင်ဆင်ရန်]

အားကစားနည်းများ[ပြင်ဆင်ရန်]

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ​Synchronised swimming
    • ဝါတာပိုလို
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘတ်စကက်​ဘော
  • ဘီလိယက်နှင့် စနူကာ
  • လက်​ဝှေ့
  • ဘိုလင်း
  • ကနူး​လှေ
  • ​စက်ဘီးစီး
  • မြင်းစီး
  • ဓားသိုင်း
  • ​Floorball
  • ​ဘောလုံး
  • ​ဂေါက်သီးရိုက်
  • ကျွမ်းဘား
  • ​ဟော်ကီ
  • ဂျူဒို
  • Netball
  • ပန်ကြပ်ဆီလပ်
  • ပီတန်း
  • ​လှေ​လှော်
  • ​ရက်ဘီ
  • ရွက်​လှေ
  • ပိုက်​ကျော်ခြင်း
  • ​သေနတ်ပစ်
  • Softball
  • ​စကွက်ရှ်
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ရိုးရာ​လှေ
  • ၃မျိုးဆင့် အားကစား
  • ​ဘော်လီ​ဘော
  • ​​ရေလွှာလှိုင်းစီး
  • ဝူရှုး

ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]

Key

  *   အိမ်ရှင်

၂၀၁၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
 ထိုင်း ၉၅ ၈၃ ၆၉ ၂၄၇
 စင်ကာပူ* ၈၄ ၇၃ ၁၀၂ ၂၅၉
 ဗီယက်နမ် ၇၃ ၅၃ ၆၀ ၁၈၆
 မလေးရှား ၆၂ ၅၈ ၆၆ ၁၈၆
 အင်ဒိုနီးရှား ၄၇ ၆၁ ၇၄ ၁၈၂
 ဖိလစ်ပိုင် ၂၉ ၃၆ ၆၆ ၁၃၁
 မြန်မာ ၁၂ ၂၆ ၃၁ ၆၉
 ကမ္ဘောဒီးယား ၁၅
 လာအို ၂၅ ၂၉
၁၀  ဘရူနိုင်း
၁၁  အရှေ့တီမော
စုစုပေါင်း (11 NOCs) ၅၅၄ ၄၄၉ ၇၀၄ ၁၈၀၇

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ SEA Games kick off with sell-out opening ceremony
  2. "2015 SEA Games in Singapore to be held from 5 to 16 June"၊ Channel NewsAsia၊ 1 July 2012။ Archived from the original on 11 June 2013။ 
  3. About SEA Games 2015။ 2 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 June 2015 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ "Competition venues for SEA Games"၊ Singapore News။ 28 January 2015 တွင် ပြန်စစ်ပြီး 


ယခင်က
၂၀၁၃
​နေပြည်​တော်
၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၅
စင်ကာပူ
ဆက်ခံသူ
၂၀၁၇
ကွာလာလမ်ပူ