၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်

ဝီကီပီးဒီးယား မှ
၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်
3rd Southeast Asian Peninsular Games
ကျင်းပရာမြို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့
ပါဝင်သော နိုင်ငံများ
ဖွင့်ပွဲအခမ်းအနား၁၄ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၂၁ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူIsmail Nasiruddin of Terengganu
(ဘုရင်)
အဓိကအားကစားကွင်းမာ​ဒေးကား အားကစားကွင်း
၁၉၆၁ ၁၉၆၇  >

၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် ၁၉၆၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သော တတိယအကြိမ်​​မြောက် အ​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဖြစ်သည်။

မူလက လက်ခံကျင်းပမည့် လာအိုနိုင်ငံမှာ နိုင်ငံရေးပြဿနာများကြောင့် မူလက ကျင်းပမည့် ၁၉၆၃ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံမှ တတိယအကြိမ် အားကစားပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။ မ​လေးရှားနိုင်ငံအ​နေဖြင့် ပထမဆုံးအကြိမ်လက်ခံကျင်းပခြင်းဖြစ်ပြီး ထိုင်း၊မြန်မာပြီး​နောက် တတိယ​မြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။

မလေးရှားနိုင်ငံဘုရင် Ismail Nasiruddin of Terengganuမှ မာ​ဒေးကားအားကစားကွင်းတွင် အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံအသီးသီးမှ ဝင်​ရောက်ယှဉ်ပြိုင်သူ ၉၆၃ဦးရှိခဲ့သည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ပါဝင်သည့်နိုင်ငံများ[ပြင်ဆင်ရန်]

အားကစားနည်းများ[ပြင်ဆင်ရန်]

အားကစားနည်း​ပေါင်း ၁၄မျိုးပါဝင်ခဲ့သည်။

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘတ်စကက်ဘော
  • လက်​ဝှေ့
  • စက်ဘီးစီး
  • ​ဘောလုံး
  • ဂျူဒို
  • ​သေနတ်ပစ်
  • ပိုက်​​ကျော်ခြင်း
  • စားပွဲတင် တင်းနစ်
  • တင်းနစ်
  • ​ဘော်လီ​ဘော
  • အ​လေးမ

ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]

Key

  *   အိမ်ရှင်နိုင်ငံ

caption=၁၉၆၅ အ​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  နိုင်ငံ ရွှေ ငွေ ကြေး စုစုပေါင်း
 ထိုင်း ၃၈ ၃၃ ၃၅ ၁၀၆
 မလေးရှား* ၃၃ ၃၆ ၂၉ ၉၈
 စင်ကာပူ ၂၆ ၂၃ ၂၇ ၇၆
 မြန်မာ ၁၈ ၁၄ ၁၆ ၄၈
 ကမ္ဘောဒီးယား ၁၅ ၁၉ ၁၇ ၅၁
တောင်ဗီယက်နမ်​တောင်ဗီယက်နမ် ၁၉
 လာအို
စုစုပေါင်း (၇ နိုင်ငံ) ၁၃၅ ၁၃၂ ၁၃၃ ၄၀၀

ကိုးကား[ပြင်ဆင်ရန်]

ယခင်က
၁၉၆၁
ရန်ကုန်
တတိယအကြိမ် အ​​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပွဲ​တော်
၁၉၆၅
ကွာလာလမ်ပူ
ဆက်ခံသူ
၁၉၆၇
ဘန်​ကောက်