၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
၃၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
2019 SEA Games logo.svg
ကျင်းပရာမြို့ နယူးကလပ်မြို့
အိမ်ရှင်နိုင်ငံ ဖိလစ်ပိုင်နိုင်ငံ
ဖွင့်ပွဲအခမ်းအနား ၃၀ နိုဝင်ဘာ
ပိတ်ပွဲအခမ်းအနား ၁၀ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ ~
Athlete's Oath ~
Judge's Oath ~
Torch Lighter ~
အဓိကအားကစားကွင်း ~
၂၀၁၇ ၂၀၂၁  >

၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အကြိမ် (၃၀)မြောက် ဆီးဂိမ်းစ်ပွဲ ဖြစ်သည်။ ထိုပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၉ ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။

ကျင်းပခွင့်ကို မူလက ဘရူနိုင်းနိုင်ငံက ရရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မတိုင်ခင်တွင် ငွေကြေးပြဿနာကြောင့် နုတ်ထွက်ခဲ့သည်။

ဘရူနိုင်းနုတ်ထွက်ပြီးနောက် ဖိလစ်ပိုင်မှလက်ခံခဲ့သည်။ သို့သော် မာဝီကျွန်းပြဿနာများကြောင့် ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ကာနီးတွင် နုတ်ထွက်ခဲ့ရာ ထိုင်းနိုင်ငံမှ လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ဩဂုတ်၂၀၁၇ တွင် ဖိလစ်ပိုင်မှ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

အိမ်ရှင်[ပြင်ဆင်ရန်]

ဘရူနိုင်း[ပြင်ဆင်ရန်]

၂၀၁၂ ဇူလိုင် ၁၈ တွင် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုလက်ခံကျင်းပရန် ရွေးချယ်ခဲ့သည်။ ဘရူနိုင်းသည် ၁၉၉၉ ခုနှစ်တွင် တစ်ကြိမ်မျှသာ လက်ခံခဲ့ဖူးသည်။၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ဆန္ဒရှိခဲ့၍ နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကာ အားကစားရုံသစ်များ ဆောက်လုပ်ရန် အစီအစဉ်ဆွဲခဲ့သော်လည်း ၂၀၁၅ ဇွန် ၄ ရက်နေ့ SEAGF အစည်းအဝေးတွင် နုတ်ထွက်ခဲ့သည်။

ဖိလစ်ပိုင်[ပြင်ဆင်ရန်]

ပြည်နယ်အားကစားဆိုင်ရာညှိနှိုင်းရေးမှူးနှင့်လက်ထောက်ပြည်နယ်အုပ်ချုပ်သူဂျို Gulanes ထုတ်ဖော် Davao စာမြောက်ကိုရီးယားရဲ့လုပ်ငန်းရှင်အဖြစ်လက်ခံကျင်းပ ၂၀၁၉ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ Kapihan စ Kapitolyo။ ဇူလိုင် ၂၀၁၆။

ဘရူနိုင်းနုတ်ထွက်သွားပြီးနောက် ထိုင်းနှင့်အပြိုင် ဖိလစ်ပိုင်မှ စိတ်ဝင်စားခဲ့သည်။ ၂၀၂၁ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ​လက်ခံကျင်းပမည့် ဗီယက်နမ်ကို ၂၀၁၉ ခုနှစ်သို့ ပြောင်းလဲအိမ်ရှင်ပြုလုပ်ခွင့်ကို ငြင်းဆိုခဲ့သည်။ ဖိလစ်ပိုင်ကို ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပစေခဲ့သည်။ ၂၀၁၉ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့တော် မနီလာမြို့နှင့်အတူ ဒါဗိုမြို့တို့တွင် အဓိက ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအချို့ကို စီဘူး၊ အဲဗေမြို့များတွင် ကျင်းပသွားရန် စီစဉ်ထားရှိသည်။

အလံလွှဲပြောင်းရယူခြင်း[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲတွင် အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အလံကို ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှ ရယူခဲ့သည်။ ယခင်ပိတ်ပွဲများတွင် နောက်လက်ခံကျင်းပမည့်နိုင်ငံမှ ဖျော်ဖြေရေးနေရာတွင် ထိုနိုင်ငံ၏ယဉ်ကျေးမှုကို ထင်ဟပ်စေသောဖျော်ဖြေမှုများတင်ဆက်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံကမူ ဗီဒီယိုသာပြနိုင်ခဲ့သည်။

ကြိုတင်ပြင်ဆင်မှု[ပြင်ဆင်ရန်]

Philippine Foreign Secretary Alan Peter Cayetano is the chairman of the organizing committee of the Games.

ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ကော်မတီကို ၂၀၀၅ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်မတူညီစေပဲ ဖွဲ့စည်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူး အလန် ပီတာ ကာတေနို မှာ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။[၁]

ပြိင်ပွဲမကျင်းပမှီ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၃ ကြိမ်ကျင်းပမည် ဖြစ်ပြီး ပထမ အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ် အစည်းအ‌ဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲတွင် ကျင်းပမည် ဖြစ်သည်။

နေရာများ[ပြင်ဆင်ရန်]

လူဇုံ၊ ဆူးဘစ်နှင့် နယူးကလက်တို့တွင် ကျင်းပမည်။ ဖွင့်ပွဲကို ဘူလန်တွင်ကျင်းပမည်ဖြစ်ပြီး ပိတ်ပွဲကို နယူးကလက်တွင် ကျင်းပမည် ဖြစ်သည်။[၂]

မြို့တော်မနီလာတွင် လက်ဝှေ့၊ ဘတ်စကတ်ဘောနှင့် ဘောလီဘော အားကစားပွဲများကို ကျပ်းပပြုလုပ်သွားမည်ဖြစ်သည်။ ရေနှင့်ပတ်သတ်သော အားကစားနည်းများကို ဆူးဘစ်တွင် ကျင်းပြုလုပ်သွားမည် ဖြစ်သည်။

နယူးကလက်တွင် ပြိုင်ပွဲဝင်နိုင်ငံများမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ တည်းခိုနိုင်ရန် နေအိမ်များ ဆောက်လုပ်လျက်ရှိသည်။ နေအိမ်တစ်ခုတွင် အခန်းပေါင်း ၁၅ ခန်းမှ ၁၇ ခန်းထိ ပါဝင်မည် ဖြစ်သည်။[၃]

၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် Luzon တွင် တည်ရှိသည်
Clark
Clark
Subic
Subic
Manila
Manila
Three main hubs of the 2019 Southeast Asian Games
Cluster City/Municipality Venue Event(s)
Competition proper
ကလက် Mabalacat Clark International Sports Complex Baseball, Softball[၃]
Capas National Athletics Stadium Athletics
New Clark City Aquatic Center Aquatics
to be announced Shooting, Archery, Martial arts sports
ဆူးဘစ် Subic to be announced Triathlon, Duathlon, Sailing, Sepak takraw[၄]
Manila Makati Makati Square Billiards, Snooker
Manila Polo Club Equestrian, Polo, Squash[၅]
Mandaluyong Starmall EDSA-Shaw Bowling
Manila Rizal Memorial Stadium Football[၄]
Pasay Cuneta Astrodome Basketball[၄]
Mall of Asia Arena Basketball[၄]
SMX Convention Center Boxing, Gymnastics,[၄] Muay[၂]
Quezon City Smart Araneta Coliseum Volleyball[၆]
Non-competition proper
Bulacan Bocaue Philippine Arena Opening ceremony
Clark Capas National Athletics Stadium Closing ceremony

အားကစားပွဲများ[ပြင်ဆင်ရန်]

ပါဝင်မည့်နိုင်ငံများ[ပြင်ဆင်ရန်]

အရှေ့တောင်အာရှ အားကစား အဖွဲ့ချုပ် (SEAGF) အဖွဲ့ဝင် ၁၁ နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အောက်တွင် ဖော်ပြထားသော စာရင်းမှာ ပါဝင်သော သက်ဆိုင်ရာ အိုလံပစ်ကောင်စီများ(NOC) ဖြစ်သည်။

အားကစားဆိုင်ရာ[ပြင်ဆင်ရန်]

အားကစားနည်းများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ထုတ်ပြန်မည်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Cordero၊ Abac (10 October 2017)။ Cayetano to call shots for 2019 SEAG
  2. ၂.၀ ၂.၁ "30 sports approved, venue construction underway for 2019 SEA Games"၊ ABS-CBN News၊ 17 May 2018။ 19 May 2018 တွင် ပြန်စစ်ပြီး 
  3. ၃.၀ ၃.၁ "PH's 2019 SEA Games hosting may snowball to Asian Games bid"၊ Rappler၊ 17 May 2018။ 19 May 2018 တွင် ပြန်စစ်ပြီး 
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ "SEA Games basketball at Big Dome, volleyball at MOA; PH Arena eyed for opening ceremony"၊ Sports Interactive Network Philippines၊ 17 May 2018။ 19 May 2018 တွင် ပြန်စစ်ပြီး 
  5. https://www.philstar.com/sports/2018/05/19/1816698/metro-manila-venues-hold-top-seag-events
  6. "Volleyball gets Manila venues for 2019 SEA Games"၊ Philippine Daily Inquirer၊ 17 May 2018။ 19 May 2018 တွင် ပြန်စစ်ပြီး 


ယခင်က
၂၀၁၇
ကွာလာလမ်ပူမလေးရှားနိုင်ငံ
၃၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၉
နယူးကလက်၊ ဖိလစ်ပိုင်နိုင်ငံ
ဆက်ခံသူ
၂၀၂၁
ဟနွိုင်း, ဗီယက်နမ်နိုင်ငံ