၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XVII Southeast Asian Games
17th SEA Games logo.png
ကျင်းပရာမြို့စင်ကာပူနိုင်ငံ စင်ကာပူ
ပါဝင်သော နိုင်ငံများ
ပါဝင်ဆင်နွဲသော အားကစားသမားများ၃၂၆၂
ဖွင့်ပွဲအခမ်းအနား၁၂ ဇွန်
ပိတ်ပွဲအခမ်းအနား၂၀ ဇွန်
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဝီကင်မ်ဝီ
သမ္မတ
အခမ်းအနားကျင်းပရာ အားကစားကွင်းစင်ကာပူ အမျိုးသားအားကစားကွင်းဟောင်း
၁၉၉၁ ၁၉၉၅  >

၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် စင်ကာပူနိုင်ငံတွင် ၁၉၉၃ခုနှစ် ဇွန်လ၁၂ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၁၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။

စင်ကာပူနိုင်ငံသည် ၁၉၇၃စင်ကာပူပွဲ​တော် နှင့် ၁၉၈၃စင်ကာပူပွဲ​တော် တို့ကို နှစ်ကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု အားကစားပွဲတော်သည် စင်ကာပူနိုင်ငံအနေဖြင့် တတိယအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။

သမ္မတ ဝီကင်မ်ဝီက အားကစားပွဲတော်ကို ဖွင့်လှစ်​ပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အားကစားပြိုင်ပွဲတွင် ပါဝင်လာခဲ့ခြင်းမရှိ၍ အဖွဲ့ဝင် ၉နိုင်ငံသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အားကစားနည်းပေါင်း ၂၉မျိုးဖြင့် ကျင်းပခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။ဤအားကစားပွဲတော်သည် အရှေ့တောင်နိုင်ငံများ၏ အားကစားအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်မားလာစေသော အားကစားပြိုင်ပွဲလည်း ဖြစ်သည်။[၁]

ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ စင်ကာပူနိုင်ငံ၏ ကိုယ်စားပြုဖြစ်​သော ခြင်္သေ့တစ်​ကောင်၏ ပုံရိပ်ဖြစ်သည်။ ခြင်္သေ့၏ အ​ရောင်များဖြစ်​သော အပြာ​ရောင်၊ အဝါ​ရောင်၊ အနီ​ရောင်၊ အနက်​ရောင်နှင့် အစိမ်း​ရောင်တို့မှာ အိုလံပစ် အ​ရောင်များဖြစ်သည်။ အိုလံပစ်နှင့် အားကစားသမားများ၏ အားကစားစိတ်ဓာတ်တို့ကို ကိုယ်စားပြုသည်။ ကွင်း ၆ကွင်းမှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။

လာဘ်​ကောင်[ပြင်ဆင်ရန်]

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်​ကောင်မှာ စင်ကာ (Singa)ဟု​ခေါ်​သော ခြင်္သေ့ဖြစ်သည်။ သူ​၏ အသဘ်းပုံရှိ​သော လည်ဆံ​မွှေးနှင့် အမြှီးတို့မှာ အချစ်များနှင့်ပြည့်​နေ​သောမြို့​တော်မှ အားကစားသမားများကို ကြို​နေ​ကြောင်း ကိုယ်စားပြုသည်။[၂][၃]

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ပါဝင်သည့် နိုင်ငံများ[ပြင်ဆင်ရန်]

အားကစားနည်းများ[ပြင်ဆင်ရန်]

  • ရေပိုင်းဆိုင်ရာ အားကစားနည်းများ
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘက်စကတ်ဘော
  • ဘီလိယက်နှင့် စနူကာ
  • Bodybuilding pictogram.svgကိုယ်ကာယအလှပြ
  • Bowling pictogram.svgဘိုလင်း
  • လက်ဝှေ့
  • =စက်ဘီးစီး
  • Fencing pictogram.svgဓားသိုင်း
  • ဘောလုံး
  • Golf pictogram.svgဂေါက်သီးရိုက်
  • Gymnastics (artistic) pictogram.svgကျွမ်းဘား
  • Hockey.svgဟော်ကီ
  • ဂျူဒို
  • ကရာ​တေး
  • ပန်ကြတ်ဆီလပ်
  • ရွက်​လှေ
  • ပိုက်ကျော်ခြင်း
  • သေနတ်ပစ်
  • Squash pictogram.svgSquash
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ရိုးရာ​လှေ
  • ဘော်လီဘော
  • အလေးမ
  • ဝူရှူး

ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]

၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၁၉ခု၊ ငွေတံဆိပ် ၃၁၈ခု၊ ကြေးတံဆိပ် ၄၁၁ခု၊ စုစုပေါင်း တံဆိပ် ၁၀၄၈ခုကို ချီးမြှင့်နိုင်ခဲ့သည်။ အိမ်ရှင် စင်ကာပူနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှုကို ရရှိခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
 အင်ဒိုနီးရှား* ၈၈ ၈၁ ၈၄ ၂၅၃
 ထိုင်း ၆၃ ၇၀ ၆၃ ၁၉၆
 ဖိလစ်ပိုင် ၅၇ ၅၉ ၇၂ ၁၈၈
 စင်ကာပူ ၅၀ ၄၀ ၇၄ ၁၆၄
 မလေးရှား ၄၃ ၄၅ ၆၅ ၁၅၃
 ဗီယက်နမ် ၁၉ ၃၄
 မြန်မာ ၁၃ ၁၆ ၃၇
 ဘရူနိုင်း ၁၈ ၂၂
 လာအို
Total ၃၁၉ ၃၁၈ ၄၁၁ ၁၀၄၈

ကိုးကား[ပြင်ဆင်ရန်]

  1. Singapore hosts the 17th SEA Games
  2. Roar! Sporting Lions in Singapore
  3. Looking Back At SEA Games Singapore။ 12 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
ယခင်က
၁၉၉၁
မနီလာ
၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၁၉၉၃
စင်ကာပူ
ဆက်ခံသူ
၁၉၉၅
ချင်းမိုင်