၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
၃၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
2019 SEA Games logo.svg
ကျင်းပရာမြို့နယူးကလပ်မြို့
အိမ်ရှင်နိုင်ငံဖိလစ်ပိုင်နိုင်ငံ
ဆောင်ပုဒ်"We Win As One"[၁] (Filipino: Mananalo Tayo Bilang Isa)
ဖွင့်ပွဲအခမ်းအနား၃၀ နိုဝင်ဘာ
ပိတ်ပွဲအခမ်းအနား၁၁ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ~
Athlete's Oath~
Judge's Oath~
Torch Lighter~
အဓိကအားကစားကွင်းဖိလစ်ပိုင် အယ်ရီနာ (ဖွင့်ပွဲ)
နယူးကလတ်စီးတီး အားကစားနယ်​မြေ (ပိတ်ပွဲ)
ဝက်ဘ်ဆိုဒ်2019 Southeast Asian Games
၂၀၁၇ ၂၀၂၁  >

၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အကြိမ် (၃၀)မြောက် ဆီးဂိမ်းစ်ပွဲ ဖြစ်သည်။ ထိုပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၉ ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။

ကျင်းပခွင့်ကို မူလက ဘရူနိုင်းနိုင်ငံက ရရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မတိုင်ခင်တွင် ငွေကြေးပြဿနာကြောင့် နုတ်ထွက်ခဲ့သည်။

ဘရူနိုင်းနုတ်ထွက်ပြီးနောက် ဖိလစ်ပိုင်မှလက်ခံခဲ့သည်။ သို့သော် မာဝီကျွန်းပြဿနာများကြောင့် ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ကာနီးတွင် နုတ်ထွက်ခဲ့ရာ ထိုင်းနိုင်ငံမှ လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ဩဂုတ်၂၀၁၇ တွင် ဖိလစ်ပိုင်မှ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

အိမ်ရှင်​ရွေးချယ်ခြင်း[ပြင်ဆင်ရန်]

ဘရူနိုင်း[ပြင်ဆင်ရန်]

၂၀၁၂ ဇူလိုင် ၁၈ တွင် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုလက်ခံကျင်းပရန် ရွေးချယ်ခဲ့သည်။ ဘရူနိုင်းသည် ၁၉၉၉ ခုနှစ်တွင် တစ်ကြိမ်မျှသာ လက်ခံခဲ့ဖူးသည်။၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ဆန္ဒရှိခဲ့၍ နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကာ အားကစားရုံသစ်များ ဆောက်လုပ်ရန် အစီအစဉ်ဆွဲခဲ့သော်လည်း ၂၀၁၅ ဇွန် ၄ ရက်နေ့ SEAGF အစည်းအဝေးတွင် နုတ်ထွက်ခဲ့သည်။

ဖိလစ်ပိုင်[ပြင်ဆင်ရန်]

ပြည်နယ်အားကစားဆိုင်ရာညှိနှိုင်းရေးမှူးနှင့်လက်ထောက်ပြည်နယ်အုပ်ချုပ်သူဂျို Gulanes ထုတ်ဖော် Davao စာမြောက်ကိုရီးယားရဲ့လုပ်ငန်းရှင်အဖြစ်လက်ခံကျင်းပ ၂၀၁၉ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ Kapihan စ Kapitolyo။ ဇူလိုင် ၂၀၁၆။

ဘရူနိုင်းနုတ်ထွက်သွားပြီးနောက် ထိုင်းနှင့်အပြိုင် ဖိလစ်ပိုင်မှ စိတ်ဝင်စားခဲ့သည်။ ၂၀၂၁ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ​လက်ခံကျင်းပမည့် ဗီယက်နမ်ကို ၂၀၁၉ ခုနှစ်သို့ ပြောင်းလဲအိမ်ရှင်ပြုလုပ်ခွင့်ကို ငြင်းဆိုခဲ့သည်။ ဖိလစ်ပိုင်ကို ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပစေခဲ့သည်။ ၂၀၁၉ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့တော် မနီလာမြို့နှင့်အတူ ဒါဗိုမြို့တို့တွင် အဓိက ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအချို့ကို စီဘူး၊ အဲဗေမြို့များတွင် ကျင်းပသွားရန် စီစဉ်ထားရှိသည်။

အလံလွှဲပြောင်းရယူခြင်း[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲတွင် အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အလံကို ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှ ရယူခဲ့သည်။ ယခင်ပိတ်ပွဲများတွင် နောက်လက်ခံကျင်းပမည့်နိုင်ငံမှ ဖျော်ဖြေရေးနေရာတွင် ထိုနိုင်ငံ၏ယဉ်ကျေးမှုကို ထင်ဟပ်စေသောဖျော်ဖြေမှုများတင်ဆက်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံကမူ ဗီဒီယိုသာပြနိုင်ခဲ့သည်။

ကြိုတင်ပြင်ဆင်မှု[ပြင်ဆင်ရန်]

ပြိုင်ပွဲကျင်းပ​ရေးဦးစီး​ကော်မတီ ဥက္ကဋ္ဌ နိုင်ငံခြား​ရေးဝန်ကြီး​ဟောင်း

ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ကော်မတီကို ၂၀၀၅ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်မတူညီစေဘဲ ဖွဲ့စည်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး​ဟောင်း အလန် ပီတာ ကာတေနို မှာ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။[၂]

ပြိင်ပွဲမကျင်းပမှီ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၃ ကြိမ်ကျင်းပမည် ဖြစ်ပြီး ပထမ အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ် အစည်းအ‌ဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲတွင် ကျင်းပမည် ဖြစ်သည်။

ကွင်းများ[ပြင်ဆင်ရန်]

နယူးကလတ်စီးတီး ​ပြေးခုန်ပစ်အားကစားကွင်း (​ဆောက်လုပ်ဆဲ)

၂၀၁၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲအတွက် အဓိက​နေရာ ​လေး​နေရာအဖြစ် ကလက်၊ ဆူးဘစ်၊ မက်ထရို မနီလာနှင့် အခါး​နေရာများဖြစ်သည်။[၃]အဓိက လက်ခံကျင်းပရာ​နေရာအဖြစ် ကလက်မြို့သစ်ကို အသုံးပြုမည်ဖြစ်သည်။ဒုတိယအ​နေဖြင့် ဆူးဘစ်ကို အသုံးပြုမည်ဖြစ်သည်။

လျာထား​သော​နေရာများ[ပြင်ဆင်ရန်]

၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် Luzon တွင် တည်ရှိသည်
Clark
Clark
Subic
Subic
Manila
Manila
BLT (Batangas and Tagaytay)
BLT (Batangas and Tagaytay)
BLTLa Union
BLTLa Union
Bocaue
Bocaue
Cluster City/Municipality Venue Event(s)
Competition proper
ကလက် Mabalacat Clark International Sports Complex Baseball, Softball[၄]
Capas National Athletics Stadium Athletics
New Clark City Aquatic Center Aquatics
to be announced Shooting, Archery, Martial arts sports
ဆူးဘစ် Subic to be announced Triathlon, Duathlon, Sailing, Sepak takraw[၅]
Manila Makati Makati Square Billiards, Snooker
Manila Polo Club Equestrian, Polo, Squash[၆]
Mandaluyong Starmall EDSA-Shaw Bowling
Manila Rizal Memorial Stadium Football[၅]
Pasay Cuneta Astrodome Basketball[၅]
Mall of Asia Arena Basketball[၅]
SMX Convention Center Boxing, Gymnastics,[၅] Muay[၇]
Quezon City Smart Araneta Coliseum Volleyball[၈]
Non-competition proper
Bulacan Bocaue Philippine Arena Opening ceremony
Clark Capas National Athletics Stadium Closing ceremony

ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]

၂၀၁၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အ​ရှေ့​တောင်အာရှအားကစားအဖွဲ့ချုပ်၏ အမှတ်တံဆိပ်မှ ကွင်း၁၁ကွင်းကို ဖိလစ်ပိုင်နိုင်ငံ၏ ​မြေပုံအတိုင်း ချိတ်ဆက်ဖန်တီးထားသည်။ထိုကွင်းများကို အနီ​ရောင်၊ အစိမ်း​ရောင်၊ အဝါ​ရောင်နှင့် အပြာ​ရောင်တို့ ခြယ်ထားသည်။

လာဘ်​ကောင်[ပြင်ဆင်ရန်]

၂၀၁၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်​ကောင်မှာ ပါမီ(Pami)ဟုအမည်​ပေးထားကာ မိသားစုဟု အဓိပ္ပါယ်ရ​သော ဖိလစ်ပိုင်စကား pamilyaမှ ဆင်းသက်လာသည်။

အားကစားပွဲများ[ပြင်ဆင်ရန်]

ပါဝင်မည့်နိုင်ငံများ[ပြင်ဆင်ရန်]

အရှေ့တောင်အာရှ အားကစား အဖွဲ့ချုပ် (SEAGF) အဖွဲ့ဝင် ၁၁ နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အောက်တွင် ဖော်ပြထားသော စာရင်းမှာ ပါဝင်သော သက်ဆိုင်ရာ အိုလံပစ်ကောင်စီများ(NOC) ဖြစ်သည်။

အားကစားဆိုင်ရာ[ပြင်ဆင်ရန်]

အားကစားနည်းများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ထုတ်ပြန်မည်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Cayetano on 2019 SEA Games logo: It stands out"၊ The Philippine Star၊ 30 August 2018။ 
  2. Cordero၊ Abac (10 October 2017)။ Cayetano to call shots for 2019 SEAG
  3. Venues။ Philippine SEA Games Committee Executive Offce။
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named rplrsnowball
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ "SEA Games basketball at Big Dome, volleyball at MOA; PH Arena eyed for opening ceremony"၊ Sports Interactive Network Philippines၊ 17 May 2018။ 19 May 2018 တွင် ပြန်စစ်ပြီး 
  6. https://www.philstar.com/sports/2018/05/19/1816698/metro-manila-venues-hold-top-seag-events
  7. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named abs30
  8. "Volleyball gets Manila venues for 2019 SEA Games"၊ Philippine Daily Inquirer၊ 17 May 2018။ 19 May 2018 တွင် ပြန်စစ်ပြီး 


ယခင်က
၂၀၁၇
ကွာလာလမ်ပူမလေးရှားနိုင်ငံ
၃၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၉
နယူးကလက်၊ ဖိလစ်ပိုင်နိုင်ငံ
ဆက်ခံသူ
၂၀၂၁
ဟနွိုင်း, ဗီယက်နမ်နိုင်ငံ