၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
![]() | |||
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ဆောင်ပုဒ် | Sports Live In Peace (ခမာ: កីឡារស់នៅដោយសន្តិភាព) | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | TBA | ||
ဖွင့်ပွဲအခမ်းအနား | ၅ မေ ၂၀၂၃ | ||
ပိတ်ပွဲအခမ်းအနား | ၁၇ မေ ၂၀၂၃ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ကမ္ဘောဒီးယားနိုင်ငံဘုရင် | ||
အဓိကအားကစားကွင်း | မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်း | ||
|
၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပရန် ရည်ရွယ်ထားသော ၃၂ ကြိမ်မြောက် ဆီးဂိမ်းပွဲ ဖြစ်သည်။ ၂၀၁၅ ခုနှစ် စင်ကာပူပွဲတော်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ကမ္ဘောဒီးယားနိုင်ငံအတွက် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။
လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]
ကြိုတင်ပြင်ဆင်ခြင်း[ပြင်ဆင်ရန်]
လက်ခံကျင်းပခြင်းကြေညာခြင်းနှင့်အတူ ဝန်ကြီးချုပ် ဟွန်ဆန်က အားကစားပွဲလက်ခံကျင်းပမည့် အဓိကအားကစားကွင်း၏ပုံစံကို ကြေညာခဲ့သည်။ ၂၀၁၄ ခုနှစ် မေလတွင် ဝန်ကြီးချုပ်၏ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်က အားကစားကွင်းဆောက်လုပ်ရာတွင် အကူအညီပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
ကွင်းများ[ပြင်ဆင်ရန်]
ပြိုင်ပွဲကို အဓိက လက်ခံကျင်းပမည့် မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားရုံစုကို တရုတ်နိုင်ငံအကူအညီဖြင့် ဆောက်လုပ်နေပြီး ဖွင့်ပွဲ၊ပိတ်ပွဲကျင်းပမည့် အဓိကအားကစားကွင်းဖြစ်သော မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်းကို ၂၀၂၁ခုနှစ် မေလအတွင်းက ဖွင့်လှစ်ခဲ့သည်။
ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]
အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]
၂၀၁၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ နဂါးလေးကောင်နှင့် အန်ကောဝပ်ဘုရားကျောင်းကို ပုံဖော်ထားခြင်းဖြစ်သည်။ ထိုတံဆိပ်ကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဩဂုတ်လ ၇ရက်နေ့တွင် ကြေညာခဲ့သည်။[၁]
လာဘ်ကောင်[ပြင်ဆင်ရန်]
၂၀၁၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ရိုးရာဝတ်စုံဝတ်ဆင်ထားသော ယုန်နှစ်ကောင်ဖြစ်သည်။ အနီရောင်ဝတ်ဆင်ထားသော တစ်ကောင်မှာ အမဖြစ်ကာ Rumduolဟုအမည်ရသည်။ အပြာရောင်ဝတ်ဆင်ထားသော တစ်ကောင်မှာ အထီးဖြစ်ကာ Boreyဟု အမည်ရသည်။ ထို အနီနှင့် အပြာရောင်များမှာ ကမ္ဘောဒီးယားအလံမှ အရောင်များဖြစ်ကြသည်။[၂]
ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]
ပါဝင်သောနိုင်ငံများ[ပြင်ဆင်ရန်]
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်ကြမည်ဖြစ်သည်။
ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]
- Key
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ![]() |
၀ | ၀ | ၀ | ၀ |
၂ | ![]() |
၀ | ၀ | ၀ | ၀ |
၃ | ![]() |
၀ | ၀ | ၀ | ၀ |
၄ | ![]() |
၀ | ၀ | ၀ | ၀ |
၅ | ![]() |
၀ | ၀ | ၀ | ၀ |
၆ | ![]() |
၀ | ၀ | ၀ | ၀ |
၇ | ![]() |
၀ | ၀ | ၀ | ၀ |
၈ | ![]() |
၀ | ၀ | ၀ | ၀ |
၉ | ![]() |
၀ | ၀ | ၀ | ၀ |
၁၀ | ![]() |
၀ | ၀ | ၀ | ၀ |
၁၁ | ![]() |
၀ | ၀ | ၀ | ၀ |
စုစုပေါင်း (11 NOCs) | ၀ | ၀ | ၀ | ၀ |
ကိုးကား[ပြင်ဆင်ရန်]
- ↑ "Cambodia selects logo, mascot and motto for the 2023 SEA Games"၊ Khmer Times၊ 6 July 2020။ 11 July 2020 တွင် ပြန်စစ်ပြီး။
- ↑ 32nd SEA Games countdown kicks off with ‘spectacular ceremony’။