မာတိကာသို့ ခုန်သွားရန်

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ
ASEAN Para Games (APG)
အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်၏ အမှတ်တံဆိပ်

အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်၏ အလံ​တော်
ပထမအကြိမ်၂၀၀၁ ကွာလာလမ်ပူ
Occur every၂နှစ်
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၂၂ ဖနွမ်းပင်
ရည်မှန်းချက်အရှေ့တောင်အာရှဒေသရှိ မသန်စွမ်းသူများ၏ အားကစားကဏ္ဍအတွက် ရည်ရွယ်၍ ကျင်းပခြင်း
ဌာနချုပ်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့
ဥက္ကဋ္ဌOsoth Bhavilai
ဝက်ဘ်ဆိုက်aseanparasports.org

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် အာဆီယံနိုင်ငံများအကြား ၂ နှစ်တစ်ကြိမ် ကျင်းပသည့် အားကစားပွဲတော် ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် သွက်ချာပါဒ၊ လေဖြန်း၊ခြေ၊ လက်မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်သည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်း အားကစားအဖွဲ့ချုပ်၊ အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ်များ၏ ကြီးကြပ်မှုအောက်တွင် အာဆီယံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၀၀ ပြည့်နှစ် မေလတွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပသော မလေးရှားနိုင်ငံလုံးဆိုင်ရာ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ကြွရောက်လာသော အာဆီယံနိုင်ငံများမှ ဧည့်သည့်တော်များသည် အာဆီယံမသန်စွမ်းအားကစားပွဲနှင့် ပတ်သက်၍ အစည်းအဝေးလုပ်ကြသည်။ မလေးရှား မသန်စွမ်းအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အားကစားပွဲတော်ကျင်းပရန် ရည်ရွယ်ချက်များကို တင်ပြခဲ့သည်။ မသန်စွမ်းအားကစားပွဲတော်ကို အရှေ့တောင်အာရှ အားကစားပွဲတော်ပြီးတိုင်း ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်မှု ပိုမိုတိုးမြှင့်ရန်နှင့် မသန်သော်လည်းစွမ်းသောသူတို့၏ အရည်အသွေးကို မြှင့်တင်ပေးရန်ဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံမှာ မူလအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။၂၀၀၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် အားလုံးသဘောတူညီခဲ့ပြီး အောက်တိုဘာ ၂၃ တွင် အရှေ့တောင်အာရှ မသန်စွမ်း အားကစားအဖွဲ့ချုပ် စတင်ပေါ်ပေါက်လာသည်။ ထိုအဖွဲ့အမည်ရွေးချယ်သည့် ထိုင်း မသန်စွမ်းအားကစား ကော်မတီ ဥက္ကဋ္ဌမှာ အဖွဲ့၏ပထမဆုံး ဥက္ကဋ္ဌဖြစ်လာသည်။

ပထမဆုံးအားကစားပွဲတော်ကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ အားကစားသမား ၇၀၀ မှ အားကစားနည်း ၂ မျိုးတွင် ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၀၃ ဗီယက်နမ်ပွဲတော်တွင် အရှေ့တီမောကို အရံနိုင်ငံအဖြစ် ထည့်သွင်းခဲ့သည်။

အထိမ်းအမှတ်တံဆိပ်

[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်မှာ အာဆီယံအလံ၏ အမှတ်အသားကိုယူထားသည်။ ထိပ်တွင် ၁၉၉၄ မှ ၂၀၀၄ အထိ မသန်စွမ်းအမှတ်တံဆိပ်ဖြစ်သော အမှတ်အသား ၃ ခုပါသည်။ အာဆီယံအမှတ်တံဆိပ်ကို အောင်မြင်မှုပန်း ၂ ခက် (ပုန်းညှက်ပန်း) မှ ဝန်းရံထားသည်။ ထိုတံဆိပ်ကို ၂၀၀၈ မှစ၍သုံးခဲ့သည်။ ယခင်တံဆိပ်မှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံကို အနီရောင်ဖြင့် ရေးဆွဲထားပြီး ပါဝင်သော ၁၁ နိုင်ငံကို ကိုယ်စားပြုသော ကွင်း ၁၁ ကွင်း ဖြစ်သည်။

ယခင်အလံ

ပါဝင်သောနိုင်ငံများ

[ပြင်ဆင်ရန်]
အမျိုးသားပါရာလမ်းပစ်ကော်မတီ အမည်များ တရားဝင်အမည်များ စတင်ဝင်ရောက် ယှဉ်ပြိုင်သည့်နှစ် IOC ကုဒ် အခြားကုဒ်များ
 ဘရူနိုင်း နေဂါရာဘရုနိုင်းဒါရုစလမ်
၂၀၀၁
BRU
BRN (ISO)
 ကမ္ဘောဒီးယား ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ
၂၀၀၁
CAM
KHM (၁၉၇၂–၁၉၇၆, ISO)
 အင်ဒိုနီးရှား အင်ဒိုနီးရှား သမ္မတနိုင်ငံ
၂၀၀၁
INA
IHO (၁၉၅၂), IDN (FIFA, ISO)
 လာအို လာအိုပြည်သူ့ဒီမိုကရတစ်သမ္မတနိုင်ငံတော်
၂၀၀၁
LAO
 မလေးရှား မလေးရှားဖက်ဒရယ်နိုင်ငံ
၂၀၀၁
MAS
MAL (၁၉၅၂ − ၁၉၈၈), MYS (ISO)
 မြန်မာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
၂၀၀၁
MYA
BIR (၁၉၄၈ – ၁၉၈၈), MMR (ISO)
 ဖိလစ်ပိုင် ဖိလစ်ပိုင်သမ္မတနိုင်ငံ
၂၀၀၁
PHI'
PHL (ISO)
 စင်ကာပူ စင်ကာပူသမ္မတနိုင်ငံ
၂၀၀၁
SGP
SIN (၁၉၅၉ – ၂၀၁၆)
 ထိုင်း ထိုင်းဘုရင့်နိုင်ငံ
၂၀၀၁
THA
 အရှေ့တီမော တီမောလက်စ်​တေဒီမိုကရက်တစ်သမ္မတနိုင်ငံ
၂၀၀၃
TLS
IOA (၂၀၀၀)
 ဗီယက်နမ် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
၂၀၀၁
VIE
VET (၁၉၆၄), VNM (၁၉၆၈–၁၉၇၆, ISO)

ပွဲတော်များ

[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ်မှ၂၀၂၃ ခုနှစ်အထိ နိုင်ငံ ၈ နိုင်ငံမှ ၁၂ ကြိမ် လက်ခံကျင်းပပြီး ဖြစ်သည်။ ၂၀၀၉ ပွဲတော်ကို လာအိုတွင် ကျင်းပရန်ရှိသော်လည်း ဘဏ္ဍာရေးအခြေအနေအရ မလေးရှားမှ လက်ခံကျင်းပခဲ့သည်။

မလေးရှားမှ ၃ ကြိမ် (၂၀၀၁၊ ၂၀၀၉၊ ၂၀၁၇)၊ အင်ဒိုနီးရှားမှ ၂ ကြိမ် (၂၀၁၁၊ ၂၀၂၂)၊ ဖိလစ်ပိုင်မှ ၁ ကြိမ် (၂၀၀၅)၊ ဗီယက်နမ်မှ ၁ ကြိမ် (၂၀၀၃)၊ ထိုင်းမှ ၁ ကြိမ် (၂၀၀၈)၊ မြန်မာမှ ၁ ကြိမ် (၂၀၁၄)၊ စင်ကာပူမှ ၁ ကြိမ် (၂၀၁၅)၊ က​မ္ဘောဒီးယားမှ ၁ကြိမ် (၂၀၂၃) တို့ ဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပသည့်မြို့များ
ပွဲ လာဘ်ကောင် ကျင်းပရာမြို့ မှတ်ချက်
၂၀၀၁
သမင်ကြွက်
မလေးရှားနိုင်ငံ ကွာလာလမ်ပူ
၂၀၀၃
ရွှေဆိတ်
ဗီယက်နမ်နိုင်ငံဟနွိုင်း
၂၀၀၅
ဝေလငါးမန်း
ဖိလစ်ပိုင်နိုင်ငံမနီလာ
၂၀၀၈
ချိုးငှက်
ထိုင်းနိုင်ငံနခွန်ရက်ချာစီမာ
၂၀၀၉
သမင်ကြွက်
မလေးရှားနိုင်ငံကွာလာလမ်ပူ
၂၀၀၉ခုနှစ်ပွဲတော်ကို လာအိုနိုင်ငံအားကျင်းပခွင့် ပေးခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် မလေးရှားနိုင်ငံကို လွှဲပြောင်းပေးခဲ့သည်။
၂၀၁၁
ကွန်မန်ဒိုနဂါး(ဖွတ်)
အင်ဒိုနီးရှားနိုင်ငံဆူရက်ခါတာ
၂၀၁၄
ဇီးကွက်
မြန်မာနိုင်ငံနေပြည်တော်
၂၀၁၅
ခြင်္သေ့
စင်ကာပူနိုင်ငံစင်ကာပူ
၂၀၁၇
မလေးရှားကျား
မလေးရှားနိုင်ငံကွာလာလမ်ပူ
၂၀၂၀
ဖျက်သိမ်း
၂၀၂၂
​​တောင်ဆိတ်
အင်ဒိုနီးရှားနိုင်ငံဆူရတ်ခါတာမြို့
၂၀၂၃
ယုန်
 ကမ္ဘောဒီးယားဖနွမ်းပင်မြို့
၂၀၂၆
~
 ထိုင်းနဂရရာဇသီမာမြို့

အားကစားနည်းများ

[ပြင်ဆင်ရန်]

၂၀၀၁ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ မသန်စွမ်းသူများအတွက် ဖန်တီးထားသော အားကစားနည်းများအနက် (၂၀)နည်းကို ယှဉ်ပြိုင်ခဲ့ကြသည်။

  • ပြေးခုန်ပစ်
  • powerlifting
  • ဂျူဒို
  • စစ်တုရင်
  • မြားပစ်
  • စက်ဘီးစီး
  • Target Shooting
  • ဘီးတပ်ကုလားထိုင် ဓားသိုင်း
  • ရွက်လှေ
  • ရေကူး
  • ကြက်တောင်ရိုက်
  • ဘော့စီးယား
  • ဘိုးလင်း (၁၀)
  • ဘောလုံး (၅)
  • ဘောလုံး (၇)
  • Goalball
  • စားပွဲတင်တင်းနစ်
  • ဘီးတပ်ကုလားထိုင် ဘက်စကတ်ဘော
  • အထိုင်ဘော်လီဘော

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် အင်ဒိုနီးရှားရှားပွဲတော်အထိ စုစုပေါင်း ဆုတံဆိပ် ၉၄၉၅ ခု ချီးမြှင့်နိုင်ခဲ့သည်။

 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
 ထိုင်း ၁၁၅၄ ၈၁၄ ၆၂၅ ၂၅၉၃
 အင်ဒိုနီးရှား ၇၀၂ ၅၆၂ ၄၄၀ ၁၇၀၄
 မလေးရှား ၆၉၁ ၆၁၉ ၅၀၀ ၁၈၁၀
 ဗီယက်နမ် ၅၆၈ ၅၃၄ ၅၁၁ ၁၆၁၃
 မြန်မာ ၁၉၅ ၁၄၄ ၁၆၁ ၅၀၀
 ဖိလစ်ပိုင် ၁၇၄ ၂၁၅ ၂၅၈ ၆၄၇
 စင်ကာပူ ၁၁၈ ၁၀၃ ၁၀၆ ၃၂၇
 ဘရူနိုင်း ၃၈ ၄၃ ၆၅ ၁၄၆
 ကမ္ဘောဒီးယား ၁၄ ၃၈ ၃၆ ၈၈
၁၀  အရှေ့တီမော ၁၃ ၂၄
၁၁  လာအို ၁၉ ၂၄ ၄၃
Total (11 NPCs) ၃၆၆၁ ၃၀၉၅ ၂၇၃၉ ၉၄၉၅

ကိုးကား

[ပြင်ဆင်ရန်]