မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ဝီကီပီးဒီးယား မှ
၀၇:၂၆၊ ၁၈ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ

မင်းစုံတောင် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောသည် နွားထိုးကြီးမြို့နယ်မြင်းခြံခရိုင်မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ခရီးသွားလာရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် ခြောက်သွေ့တော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀⁠၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။[၁]

တည်နေရာ

မြောက်လတ္တီတွဒ်၂၁°၂၅'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၄၇' နွားထိုးကြီးမြို့နယ်၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိသည်။ စတုရန်းကီလိုမီတာအားဖြင့် ၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ

ဧရိယာတစ်ခုလုံးတွင် ခြောက်သွေ့တောများဖုံးလွမ်းထားပြီး၊ မြန်မာ့ဒေသမျိုးရင်း(၃)ဖြစ်သော စွေ့ငှက်(White-throated Babbler)၊ နဖားကြူး(Hooded Treepie)၊ မြန်မာဘီလုံး(Burmese Bushlark)တို့အပါအဝင် ငှက်မျိုးစိတ်ပေါင်း (၇၀)ကျော် ကျက်စားနေထိုင်ကြသည်။ ချေ(ဂျီ)၊ ကြောင်ကတိုးရှဉ့်ကြွက်နှင့် လင်းနို့များလည်း ကျက်စားနေထိုင်ကြသည်။ တွားသွားသတ္တဝါ (၂၆)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၉)မျိုး၊ လိပ်ပြာအမျိုးပေါင်း (၅၀)ကျော်လည်း စစ်ဆေးစာရင်းတွင်ရှိသည်။ အဓိကအားဖြင့် မျိုးတုံးလုနီးပါးဖြစ်နေသော မြန်မာ့ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ်များကို တွေ့ရသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

တောမီးများလောင်ကျွမ်းမှုသည် မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဇီဝမျိုးကွဲများ၏ အဓိကခြိမ်းခြောက်နေသာအန္တရာယ်ဖြစ်နေသည်။ တခြားပြဿနာတစ်ခုမှာ နိုင်ငံခြားဈေးကွက်သို့တင်သွင်းရန်(အထူးသဖြင့် ဂျပန်နိုင်ငံသို့ အိမ်မွေးတိရစ္ဆာန်အဖြစ်) ကြယ်လိပ်များဖမ်းဆီးမှုဖြစ်သည်။ ရံဖန်ရံခါတွင် ဒေသခံပြည်သူများက ထင်းရရန်အလိုငှာ ထိန်းသိမ်းထားသောသစ်တောများခုတ်ယူခြင်းနှင့် တိရစ္ဆာန်စားကျက်မြေအဖြစ် အသုံးပြုခြင်းများဖြစ်သည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

သုတေသနလုပ်ငန်းများ

ကယ်လီဖိုးနီးယားသိပ္ပံအကယ်ဒမီနှင့် ချိတ်ဆက်၍ တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါဆိုင်ရာ လေ့လာရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။

ခရီးသွားလာရေးလုပ်ငန်း

လမ်းပန်းဆက်သွယ်ရေး

ကြည့်ရှု့လေ့လာနိုင်သောအခွင့်အလမ်းများ

ကိုးကား

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝမှုသစ်တောဦးစီးဌာန။ 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  1. Report: Myanmar Protected Area (2011)