မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားပြိုင်ဝင်း
မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားရုံစုသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အားကစားရုံစုဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံက ၆၄နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်ကာ ဆောက်လုပ်နေခြင်းဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဖနွမ်းပင်မြို့ရှိ ၂၃၀ဧက ကျယ်ဝန်းသောမြေပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ၂၀၁၂ ဩဂုတ်လတွင် ဝန်ကြီးအဆင့် ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့သည်။ကမ္ဘောဒီးယားအမျိုးသား အိုလံပစ်ကော်မတီ၏ အဆိုအရ ဤအားကစားရုံစုမှာ နိုင်ငံ၏ ပထမဆုံးသော ခေတ်မီနှင့် နိုင်ငံတကာအဆင့်မီ အားကစားကွင်းများဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း၂၀၀နီးပါး ကုန်ကျမည့် ဤစီမံကိန်းကို ၂၀၁၃ခုနှစ် ဧပြီလတွင် စတင်ခဲ့သည်။ဤစီမံကိန်းအား တရုတ်နိုင်ငံအစိုးရမှ ကူညီထောက်ပံ့ပေးခဲ့သည်။[၁]
စီမံကိန်း၏ ပထမအဆင့်ကို ၂၀၁၇ ဧပြီလ ၄ရက်နေ့တွင် ပြီးစီးခဲ့သည်။ ထို့နောက် ဒုတိယအဆင့်အဖြစ် အဓိက အားကစားကွင်းဖြစ်သော မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်းကို ဆက်လက် တည်ဆောက်ခဲ့ကြသည်။
ပုံစံ
[ပြင်ဆင်ရန်]လက်ရှိပုံစံမှာ ကွင်း (၆)ကွင်းနှင့် လူ ၁၅၀၀လေ့ကျင့်နိုင်သော အားကစားခန်းမတစ်ခု ပါဝင်သည်။ မိုးလုံလေလုံအားကစားရုံမှာ ပရိသတ် ၁၅၀၀၀ဝင်ဆံ့ပြီး ရေကူးကန်မှာ ပရိသတ် ၆၀၀၀ဝင်ဆံ့သည်။
ပရိသတ် ၃၇၀၀ဆံ့သော ကြက်တောင်နှင့် တင်းနစ်ခန်းမ၊ ပရိသတ် ၃၇၀၀ဆံ့ ကျွမ်းဘားနှင့်ရိုးရာအားကစားလန်းမ၊ဘက်စကက်ဘော၊ဘော်လီဘောနှင့် ဖူဆယ်ကစားနည်းများအတွက် ပရိသတ်၃၀၀၀ဆံ့ကွင်းများ လည်းပါဝင်သည်။ ခြောက်ထပ်အဆောက်အဦး ၄လုံး၊ ရှစ်ထပ်အဆောက်အဦး ၄လုံးလည်း ပါဝင်ပြီး အခနိးပေါင်း ၄၀၀နှင့် စားသောက်ခန်းမ ၂ခုပါဝင်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "National Stadium marks construction milestone"၊ Khmer Times၊ 14 May 2019။