၂၀၀၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ကျင်းပရာမြို့ | နခွန်ရက်ချာစီမာမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Spirit, Friendship and Celebrations | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၅၂၈၂ | ||
ကစားပွဲအမျိုးအစား | ၄၇၅ (၄၃မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၆ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၅ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဝသိလာလောင်ကွန်း အိမ်ရှေ့မင်းသား | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | စူရတ်ချူလာနော့ ဝန်ကြီးချုပ် | ||
Athlete's Oath | Suebsak Pansueb | ||
Judge's Oath | Paibul Srichaisawat | ||
Torch Lighter | Udomporn Polsak | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | နှစ်(၈၀) မွေးနေ့ အားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 2007 Southeast Asian Games | ||
|
၂၀၀၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ထိုင်းနိုင်ငံ၊ နခွန် ရက်ချာစီမာမြို့၌ ၂၀၀၇ခုနှစ် ဒီဇင်ဘာ ၆ရက်မှ ၁၅ရက်အထိကျင်းပသော ၂၄ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၅၉၊ ၁၉၆၇၊ ၁၉၇၅၊ ၁၉၈၅၊ ၁၉၉၅ပွဲတော်များကို အိမ်ရှင်အဖြစ် ၅ကြိမ်ကျင်းပခဲ့ပြီး ၂၀၀၇ခုနှစ်တွင် ဆဋ္ဌမအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ အိမ်ရှေ့စံလောင်ကွန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၅၂၈၂ခန့်က အားကစားနည်း ၄၃မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို နှစ်(၈၀) မွေးနေ့ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုင်း၊မလေးရှား၊ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]ကျင်းပရာမြို့
[ပြင်ဆင်ရန်]စင်ကာပူနိုင်ငံတွင် ဤအားကစားပွဲကို ကျင်းပရန် ရည်ရွယ်သော်လည်း အားကစားကွင်းအခြေအနေကြောင့် နုတ်ထွက်ခဲ့သည်။ ၂၀၀၃ ခုနှစ် ဗီယက်နမ်ဆီးဂိမ်းတွင် ထိုင်းနိုင်ငံအား ကျင်းပခွင့်ပေးခဲ့သည်။
အားကစားကွင်းများ
[ပြင်ဆင်ရန်]နခွန်ရက်ချာစီမာရှိ အားကစားစင်တာတွင် အများစုကို ကျင်းပခဲ့သည်။ ထို့အပြင် ဘန်ကောက်နှင့် ချောင်ဘူရီမြို့များတွင်လည်း အနည်းငယ်ကျင်းပခဲ့သည်။
Province | Competition Venue | Sports |
Nakhon Ratchasima | His Majesty the King's 80th Birthday Anniversary, 5 December 2007, Sports Complex | |
80th Birthday Stadium | Opening and Closing Ceremony, Athletics, Football | |
Aquatic Centre | Diving, Swimming, Water Polo | |
Beach Volleyball Stadium | Volleyball | |
Gymnasium 1 | Gymnastics | |
Gymnasium 2 | Volleyball | |
Tennis Court | Tennis | |
Velodrome | Cycling | |
Suranaree University of Technology | ||
Football Field 2 | Archery | |
Keelapirom Gymnasium | Basketball | |
National Synchrotron Research Centre | Fencing | |
Petanque Court | Petanque | |
Surapala Keetha Sathan Stadium | Football | |
Others | ||
Amphoe Pak Thong Chai Sport Complex | Boxing, Football | |
Bonanza Golf and Country Club | Golf | |
Chanapolkhan Institute of Technology | Karate, Wushu | |
Khao Yai Thiang | Cycling | |
Klang Plaza Jomsurang Department Store | Table tennis | |
Mittraphap Road | Cycling | |
Central stadium, Nakhon Ratchasima | Football, Muay | |
Nakhon Ratchasima Rajabhat University | Bodybuilding, Softball | |
Nakhon Ratchasima Vocational College | Weightlifting | |
Rajamangala University of Technology Isan | Judo, Wrestling | |
Sima Thani Hotel | Billiards and snooker | |
Sung Noen Municipality Hall | Pencak silat | |
Suranaree Camp | Rugby union | |
The Mall Department Store | Sepak takraw | |
Wongchawalitkul University | Badminton, Dancesport and Taekwondo | |
Bangkok | National Sport Complex | Handball |
Queen Sirikit Sport Centre | Baseball, Hockey, Lawn bowls | |
Ratchaphruek Club | Squash | |
SF Strike Bowl | Bowling | |
Sport Authority of Thailand Sport Complex | Futsal, Shooting | |
VR Sport Club | Polo | |
Chonburi | Ambassador City Jomtien | Triathlon |
Horseshoe Point | Equestrian | |
Map Prachan Reservoir | Canoeing, Rowing, Traditional boat race) | |
Ocean Marina Yacht Club | Sailing | |
Thai Polo Club | Equestrian |
ပြိုင်ပွဲ အထိမ်းအမှတ်များ
[ပြင်ဆင်ရန်]အထိမ်းအမှတ်တံဆိပ်
[ပြင်ဆင်ရန်]၂၀၀၇အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ရွက်လှေများဖြစ်သည်။၁၉၆၇ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်တွင် ဘုရင်ကြီးဘူမိဗလအတုလျတေဇမှာ ရွက်လှေအားကစား၌ ရွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ ထိုအဖြစ်အပျက် နှစ် ၄၀ ပြည့်အဖြစ် ရွက်လှေ ၃ စီးပုံ ဖြစ်သည်။ ရှေ့ဆုံးမှ အဝါရောင်လှေမှာ ဘုရင်ကြီးကို ကိုယ်စားပြုသည်။ အနောက်မှ အနီနှင့် အပြာမှာ ထိုင်းအလံမှ အရောင်များ ဖြစ်သည်။ ထိုလှေများမှာ နခွန်ရက်ချာစီမာမြို့မှ ပီမိုင်ရဲတိုက်နှင့်လည်း ဆင်တူသည်။
လာဘ်ကောင်
[ပြင်ဆင်ရန်]၂၀၀၇အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ကြောင်ဖြစ်ပြီး အမည်မှာ ကန်ဖြစ်သည်။
သီချင်း
[ပြင်ဆင်ရန်]သီချင်း ၄ ပုဒ်ရှိသည်။
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ဖွင့်ပွဲ
[ပြင်ဆင်ရန်]၆ ဒီဇင်ဘာ၂၀၀၇ ဒေသစံတော်ချိန် ၇ နာရီတွင် နှစ်(၈၀)မွေးနေ့ကွင်း၌ ကျင်းပခဲ့သည်။ ဘုရင်ကြီးအား သစ္စာရှိမှုကို ပြသရန် ထိုင်းပြည်သူများမှာ ပန်းရောင်နှင့် အဝါရောင်ဝတ်စုံများ ဝတ်လာကြသည်။ တော်ဝင်မိသားစုများ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တော်ဝင်သီချင်း တီးမှုတ်အပြီး နိုင်ငံတော်သီချင်းနှင့်အတူ နိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။ ပထမဆုံးအနေဖြင့် ဘုရင်ကြီးအကြောင်းကို ၁၀ မိနစ်စာ တင်ဆက်ခဲ့သည်။ ထို့နောက် ဖျော်ဖြေရေးများ တင်ဆက်ခဲ့သည်။
အိမ်ရှေ့စံမင်းသား လောင်ကွန်းမှ အားကစားပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲ
[ပြင်ဆင်ရန်]၁၅ ဒီဇင်ဘာ ၂၀၀၇ ဒေသစံတော်ချိန် ၇ နာရီတွင် နှစ်(၈၀)မွေးနေ့ကွင်းတွင် ကျင်းပခဲ့သည်။ ပွဲမစမီ သီချင်းများဖြင့် တင်ဆက်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ်မှ အားကစားပွဲအား ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ်ပြိုင်ပွဲကို လက်ခံကျင်းပမည့် လာအိုနိုင်ငံအား အလံလွှဲပြောင်းပေးခဲ့သည်။
ပါဝင်သည့် နိုင်ငံများ
[ပြင်ဆင်ရန်]- ဘရူနိုင်း(၆၁)
- ကမ္ဘောဒီးယား(၂၃၂)
- အင်ဒိုနီးရှား(၅၇၄)
- လာအို(၄၁၄)
- မလေးရှား(၈၂၀)
- မြန်မာ(၅၀၆)
- ဖိလစ်ပိုင်(၆၂၀)
- စင်ကာပူ(၄၄၂)
- ထိုင်း(၉၈၂)
- အရှေ့တီမော(၇)
- ဗီယက်နမ်(၆၂၄)
အားကစားနည်းများ
[ပြင်ဆင်ရန်]အားကစားနည်းပေါင်း ၄၃ မျိုး ထည့်သွင်းကျင်းပခဲ့သည်။
- ရေပိုင်းဆိုင်ရာအားကစားနည်းများ
- မြားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘေ့စ်ဘော
- ဘတ်စကက်ဘော
- ဘီလိယက်နှင့် စနူကာ
- ကိုယ်ကာယအလှပြ
- လက်ဝှေ့
- ဘိုလင်း
- ကနူးလှေ
- စက်ဘီးစီး
- Dancesport
- မြင်းစီး
- ဓားသိုင်း
- ဘောလုံး
- ဂေါက်သီးရိုက်
- ကျွမ်းဘား
- Handball
- ဟော်ကီ
- ဂျူဒို
- ကရာတေး
- Lawn Bowls
- မွေထိုင်း
- ပန်ကြပ်ဆီလပ်
- ပီတန်း
- ပိုလို
- လှေလှော်
- ရက်ဘီ
- ရွက်လှေ
- ပိုက်ကျော်ခြင်း
- သေနတ်ပစ်
- Softball
- စကွက်ရှ်
- စားပွဲတင်တင်းနစ်
- တိုက်ကွမ်ဒို
- တင်းနစ်
- ရိုးရာလှေ
- ၃မျိုးဆင့် အားကစား
- ဘော်လီဘော
- အလေးမ
- နပန်း
- ဝူရှုး
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]- Key
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ထိုင်း* | ၁၈၃ | ၁၂၃ | ၁၀၃ | ၄၀၉ |
၂ | မလေးရှား | ၆၈ | ၅၂ | ၉၆ | ၂၁၆ |
၃ | ဗီယက်နမ် | ၆၄ | ၅၈ | ၈၂ | ၂၀၄ |
၄ | အင်ဒိုနီးရှား | ၅၆ | ၆၄ | ၈၃ | ၂၀၃ |
၅ | စင်ကာပူ | ၄၃ | ၄၃ | ၄၁ | ၁၂၇ |
၆ | ဖိလစ်ပိုင် | ၄၁ | ၉၁ | ၉၆ | ၂၂၈ |
၇ | မြန်မာ | ၁၄ | ၂၆ | ၄၇ | ၈၇ |
၈ | လာအို | ၅ | ၇ | ၃၂ | ၄၄ |
၉ | ကမ္ဘောဒီးယား | ၂ | ၅ | ၁၁ | ၁၈ |
၁၀ | ဘရူနိုင်း | ၁ | ၁ | ၄ | ၆ |
၁၁ | အရှေ့တီမော | ၀ | ၀ | ၀ | ၀ |
စုစုပေါင်း (11 NOCs) | ၄၇၇ | ၄၇၀ | ၅၉၅ | ၁၅၄၂ |