အိုပက်
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
အိုပက် (OPEC) ခေါ် ရေနံတင်ပို့သော နိုင်ငံများ အသင်း Organization of the Petroleum Exporting Countries သည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ၁၉၆၅ တွင် ဖွဲ့စည်းခဲ့ပြီး ဋ္ဌာနချုပ်မှာ ဗီယင်နာမြို့ တွင် တည်ရှိသည်။
အဖွဲ့ဝင်များ[ပြင်ဆင်ရန်]
အဖွဲ့ဝင်ပေါင်း ၁၂ နိုင်ငံ ရှိသည်။ [၁] ယင်းတို့မှာ −
အယ်လ်ဂျီးရီးယားနိုင်ငံ
အင်ဂိုလာနိုင်ငံ
အင်ဒိုနီးရှားနိုင်ငံ
အီရန်နိုင်ငံ
အီရတ်နိုင်ငံ
ကူဝိတ်နိုင်ငံ
လစ်ဗျားနိုင်ငံ
နိုင်ဂျီးရီးယားနိုင်ငံ
ကာတာနိုင်ငံ
ဆော်ဒီအာရေဗျနိုင်ငံ
အာရပ်စော်ဘွားများပြည်ထောင်စု
ဗင်နီဇွဲလားနိုင်ငံ
ရည်ရွယ်ချက်[ပြင်ဆင်ရန်]
ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် အချို့မှာ−
- အဖွဲ့ဝင် နိုင်ငံများ ၏ အကျိုးစီးပွားကို ကာကွယ်ရန်
- ရေနံဈေးနူန်း တည်ငြိမ်စေရန်
- ရေနံတင်ပို့မှု တည်မြဲစေရန်
- ရေနံရောင်းချခြင်း မှ ထိုက်သင့်သော ဝင်ငွေရရှိစေရန်
- ရေနံထုတ်လုပ်ခြင်း နှင့် ရောင်းချခြင်း တို့ အတွက် ပေါ်လစီများ ချမှတ်နိုင်ရန် တို့ဖြစ်သည်။
သို့သော် အိုပက်သည် တခါတရံ ထိုရည်ရွယ်ချက်များ ကို အကောင်အထည် မဖော်နိုင်ပေ။
ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]
- OPEC official site Archived 7 August 2006 at the Wayback Machine.