ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်

ဝီကီပီးဒီးယား မှ
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်
Construction, Housing and Infrastructure Development Bank
အမျိုးအစားအများပိုင်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၁၂ ဇူလိုင် ၂၀၁၃
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ပေးသူ
ဆောင်ပုဒ်အိမ်ရာဖွံ့ဖြိုး စီးပွားတိုး စိတ်ချမှန်ကန် CHID Bank
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ CHID BANK အားမြင်တွေ့ရစဉ်

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်[၁] (အင်္ဂလိပ်: Construction, Housing and Infrastructure Development Bank; အတိုကောက် CHID Bank)သည် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ကြီးကြပ်မှုအောက်တွင်ရှိသော ဘဏ်တစ်ခုဖြစ်သည်။ ဝန်ကြီးဌာန၏ မတည်ရင်းနှီးငွေပါ ထည့်ဝင်ထားသော ဘဏ်လည်းဖြစ်သည်။ ဘဏ်ရုံးချုပ်အားအမှတ်(၆၀)၊ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည်။

ဘဏ်သမိုင်းကြောင်း[ပြင်ဆင်ရန်]

အဆိုပါဘဏ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ကြီးကြပ်မှုအောက်တွင်ရှိကာ ကုမ္ပဏီမှတ်ပုံတင်အမှတ် (၅၇၀/၂၀၁၃-၂၀၁၄) ကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့ ရက်စွဲဖြင့် လက်ခံရယူသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အများပိုင် ကုမ္ပဏီ လီမိတက်အဖြစ် စတင် တည်ထောင်ခြင်းဖြင့် ဘဏ်လုပ်ငန်းဆောင်ရွက်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်အား ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ဘဏ်လုပ်ငန်းလိုင်စင်ချထားပေးခြင်း၊ ၂၀၁၄ ခုနှစ် ဇွန်လ ၁၁ ရက် နေ့တွင် ကူးသန်းရောင်းဝယ်ရေးဘဏ် လုပ်ငန်းလိုင်စင်ကို ထုတ်ပေးခဲ့သည်။ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေ ပုဒ်မ ၁၇၆ အရ အထက်ဖော်ပြပါ လိုင်စင်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံ အပ်နှံခဲ့သည်။ ၂၀၁၆ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၁ အရ ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း လိုင်စင်အသစ် ကို ဗဟိုဘဏ်မှ ထုတ်ပေးခဲ့သည်။၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်၊ မြန်မာ့စီးပွားရေး မူဝါဒအရ အိမ်ရာကဏ္ဍသာမက လျှပ်စစ်ဓာတ်အား၊ လမ်းတံတားနှင့် လူမှုအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘဏ်မှ ငွေကြေးပံ့ပိုးကူညီရန် ထည့်သွင်းထားသောကြောင့် မူရင်းအမည် CHD Bank အစား ၂၀၁၈ခုနှစ် ဇွန်လ ၁၇ရက်တွင် CHID Bank ဟု အမည်ပြောင်းခဲ့သည်။[၂]တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာအခန်းများကို နှစ်ရှည်အိမ်ရာချေးငွေဖြင့် ဝယ်ယူသူများအတွက် ချေးငွေများထုတ်ချေးပေးခြင်းအပါအဝင် ဘဏ်လုပ်ငန်းများအား ဆောင်ရွက်သည်။[၃] [၄]

ဘဏ်ခွဲများ[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်စာရင်းများအရ နေပြည်တော်၊မန္တလေးတိုင်း၊မွန်ပြည်နယ်၊ဧရာဝတီတိုင်း၊မကွေတိုင်းတို့တွင် ဘဏ်ခွဲပေါင်း (၉) ခုဖွင့်လှစ်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 November 2022 တွင် ပြန်စစ်ပြီး။
  2. CHID Bank about at။ 29 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 November 2022 တွင် ပြန်စစ်ပြီး။
  3. တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ အခန်းများကို နှစ်ရှည်အိမ်ရာချေးငွေဖြင့် ဝယ်ယူသူများအတွက် ချေးငွေကာလကို လက်ရှိတွင် ၁၀ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ထုတ်ချေးထားသော်လည်း နှစ် ၂၀ အထိ တိုးမြှင့်ထုတ်ချေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ
  4. အစကောင်းခဲ့တဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်။ 29 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 November 2022 တွင် ပြန်စစ်ပြီး။