မြန်မာနိုင်ငံသားများဘဏ်လီမိတက်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံသားများဘဏ်
Myanmar Citizens Bank
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂ ဇွန်လ ၁၉၉၂
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးမင်းမင်း (ဥက္ကဋ္ဌ-BOD) [၁]
ဦးကိုကိုကြီး (ရှယ်ယာအများဆုံးပိုင်သူ)
ဝက်ဘ်ဆိုက်mcb.com.mm
ဆောင်ပုဒ်THE CITIZENS' CHOICE

မြန်မာနိုင်ငံသားများဘဏ်[၂]ကို (၁၉၅၀) ပြည့်နှစ်၊ မြန်မာနိုင်ငံအထူးကုမ္ပဏီများ အက်ဥပဒေအရ (၁၉၉၁) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၉၂ ဇွန်လ ၂ ရက်နေ့မှစ၍ ရန်ကုန်မြို့ကျောက်တံတားမြို့နယ်တွင် ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။

၂၀၁၆ ခုနှစ် ငွေ‌ကြေးအဖွဲ့အစည်းများ ဥပဒေ ပုဒ် (၁၇၆) အရ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ် (၇၅) ဘီလီယံဖြစ်ပြီး ထည့်ဝင်ပြီးမတည်ငွေရင်းမှာ ကျပ် (၅၂) ဘီလီယံ ရှိသည်။[၃]

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းဝင် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ်၊မကွေးတိုင်း၊ဧရာဝတီတိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊မွန်ပြည်နယ်၊ကချင်ပြည်နယ် ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင် ဘဏ်ခွဲပေါင်း ၄၈ခုအထိ ဖွင့်လှစ်ထားသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်တွင် မုံရွာဘဏ်ခွဲငယ်၊မူဆယ်ဘဏ်ခွဲ(၁)၊မန္တလေးဘဏ်ခွဲ(၄)၊တန့်ဆည်ဘဏ်ခွဲ၊ဇီးကုန်းဘဏ်ခွဲ တို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ခွင့်ပြုချက်ဖြင့် ပိတ်သိမ်းကြောင်း ကြေညာသည်။ [၄]

၂၀၂၃ စက်တင်ဘာ ၁၃ရက်တွင် မြန်မာနိုင်ငံသားများဘဏ်၏  ၅၃ခု မြောက် ဘဏ်ခွဲဖြစ်သော  တောင်ငူဘဏ်ခွဲအား ဖွင့်လှစ်သည်။



ကိုးကား[ပြင်ဆင်ရန်]

  1. ဒါရိုက်တာအဖွဲဝင်မျာ၊မြန်မာနိုင်ငံသားများဘဏ် လီမီတက်Myanmar Citizens Bank။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. List of Private Banks
  3. MCB IS A PUBLIC BANK ESTABLISHED IN 1991
  4. ဘဏ်ခွဲ၅ဘဏ်အားပိတ်သိမ်းကြောင်းအသိပေးခြင်း